ခါရာဘောင်ဖလား ဗိုလ်လုပွဲ အပါအဝင် ဒီတပတ်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ခန့်မှန်းချက်များ

အာဆင်နယ် ကတော့ နောက်ထပ် တပွဲ ရွှေ့ရပြန် ပါပြီ ။ ဒီတပတ် မှာ ခါရာဘောင် ဖလား ဗိုလ်လုပွဲ ရှိနေတာကြောင့် အာဆင်နယ် နဲ့ ကစားမယ့် လီဗာပူး ပွဲ ၊ လက်စတာ နဲ့ ကစားမယ့် ချဲလ်ဆီး တို့နဲ့ ပွဲတွေကို ရွှေ့ဆိုင်း ထားပြီး ပွဲစဉ် ၈ ပွဲသာ ကစား ကြမှာပါ ။

ဒီတပတ် ပရီးမီးယားလိဂ် မှာတော့ အသင်းကြီးချင်း ထိပ်တိုက်တွေ့ဆုံမှု မရှိပါဘူး ။

ဒါပေမယ့် ပရီးမီးယားလိဂ် ကတော့ ဘယ်တော့မှ ပျင်းစရာကောင်းတယ်လို့ မရှိပါဘူး ။

အိုလေဂန်နာ ဆိုးရှား ကို ထွက်ခွာစေရတဲ့ ဝက်ဖိုဒ့် ကို အိုးထရက်ဖိုဒ့် မှာ ယူနိုက်တက် တို့ လက်စား ပြန်ချေ နိုင်မှာလား ၊ ဂိုးအလှူပေးနေတဲ့ လိဒ် နဲ့ ဆုံတွေ့ချိန်မှာ စပါးရဲ့ ရလဒ်ဆိုးတွေ ရပ်တန့်သွား နိုင်မလား ၊ အဆင့် ၄ နေရာကို မျှော်မှန်းနေတဲ့ ဝက်စ်ဟမ်း နဲ့ ဝုဗ် တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ရော ဘယ်လို ဖြစ်သွားမလဲ . . . အမြဲတမ်း စိတ်ဝင်စားဖို့ ကောင်းနေမှာပါ ။

ဒါကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ နဲ့ ဝင်ဘာလေ မှာ ကစားမယ့် လီဗာပူး – ချဲလ်ဆီး ခါရာဘောင်ဖလား ဗိုလ်လုပွဲ အတွက် Sky Sports က လူးဝစ် ဂျုံးစ် ရဲ့ သုံးသပ်ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

၁ ။ လီဗာပူး – ချဲလ်ဆီး ( ခါရာဘောင်ဖလား ဗိုလ်လုပွဲ )

တကယ်ကြည့်ကောင်းပြီး အနှစ်သာရ ပြည့်ဝမယ့် ပွဲတပွဲပါ ။ ရစ်ဆီဂျိမ်းစ် နဲ့ ဘန်ချီဝဲ နားနေရကတည်းက ချဲလ်ဆီး ရဲ့ ထောင့်ကန်ဘော ရမှုတွေ ကျဆင်းသွားခဲ့ ပါတယ် ။ အဲ့ဒိနောက်မှာတော့ သူတို့ဟာ နောက်တန်းတွေ အစွန်တွေကို သိပ်အားမကိုးတော့ဘဲ တောင်ပံလူတွေ ကို အဓိက အားကိုးပြီး ကစားလာခဲ့ ပါတယ် ။ ဒါလည်း အဆင်ပြေနေခဲ့တာ ပါပဲ ။

 

လီဗာပူး က ဒီနှစ် ပရီးမီးယားလိဂ် မှာ ထောင့်ကန်ဘောတွေ ၊ ဖြတ်တင်ဘောတွေ ကို အသာရယူနိုင်မှု အများဆုံး အသင်းပါ ။ ချဲလ်ဆီး နဲ့ ၂ ကျော့စလုံးမှာလည်း သူတို့တွေ ထောင့်ကန်ဘောတွေ အသာရခဲ့ပါတယ် ။

ဒါကြောင့် ခုပွဲမှာလည်း သူတို့ရဲ့ ထောင့်ကန်ဘောတွေကို ချဲလ်ဆီး အထူးသတိပြုရမှာပါ ။

ကစားသမား အင်အားက ၂ သင်းစလုံး ညီမျှ ပါတယ် ။ ဂျာမန် နည်းပြ ၂ ယောက်ရဲ့ အရည်အသွေး ကလည်း ပြောစရာ မလိုပါဘူး ။ တဦးချင်း စွမ်းဆောင်ရည် အပိုင်းမှာတော့ မိုဟာမက် ဆာလာ က လီဗာပူးကို နှာတဖျား အသာရစေမှာပါ ။ ဒါပေမယ့် ချဲလ်ဆီး ဟာ ဖလား ဗိုလ်လုပွဲ ၃ ခု ( ချန်ပီယံလိဂ် ၊ ဥရောပ စူပါဖလား ၊ ကလပ် ကမ္ဘာ့ဖလား ကို ဆက်တိုက် ဗိုလ်စွဲ ထားပြီး ဖိုင်နယ် ဖိအားတွေကို ကောင်းကောင်း ရင်ဆိုင် နိုင်တဲ့ အသင်းဖြစ်နေပါပြီ ။

နောက်ဆုံး ကစားခဲ့တဲ့ ခါရာဘောင် ဖလား ဗိုလ်လုပွဲ ၁၄ ပွဲက ၅ ပွဲဟာ အချိန်ပိုအထိ သွားခဲ့ရပါတယ် ။ အခုလည်း နောက်ထပ် အားညီမျှပြီး အချိန်ပိုထိ ဆင်းရမယ့် ပွဲတပွဲကို ထပ်မြင်ရဦးမှာပါ ။ ဒါမှ မဟုတ်ရင် ပင်နယ်တီ အထိပေါ့ ။

ခန့်မှန်းချက် – လီဗာပူး ၁ – ၁ ချဲလ်ဆီး ( အချိန်ပို ၊ ပင်နယ်တီ အထိ သွားရမည် )

၂ ။ လိဒ်ယူနိုက်တက် – တော့တင်ဟမ် ဟော့စပါး

အခုလို အချိန်မှာ စပါး နဲ့ ဆုံရတာ လိဒ်အတွက် မကောင်းသလို စပါး ကလည်း လိဒ်နဲ့ ဆုံရတာကို ပျော်နေမှာ မဟုတ်တာ သေချာပါတယ် ။ ၂ သင်းစလုံးက ရလဒ်ကောင်းကို မဖြစ်မနေ လိုအပ် နေပါပြီ ။

စပါး ရဲ့ ရှေတန်း က လိဒ်ထက် အများကြီးသာပါတယ် ။ ဒါပေမယ့် ရာဖင်ဟာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ကစား နိုင်မယ်ဆိုရင်တော့ လိဒ် ရဲ့ တိုက်စစ် ကလည်း စပါး ကို အများကြီး ခြိမ်းခြောက် နိုင်မှာပါ ။

ခံစစ် မကောင်းတဲ့ ၂ သင်း ကစားပြီ ဆိုရင်တော့ ဂိုးတွေ များတတ်တာ ပုံမှန်ပါပဲ ။

ခန့်မှန်းချက် – လိဒ် ၂ – ၂ စပါး

၃ ။ မန်ချက်စတာ ယူနိုက်တက် – ဝက်ဖိုဒ့်

ဒီပွဲက ကြည့်ကောင်းချင်မှ ကောင်းမှာပါ ။ ဒါပေမယ့် ဝက်ဖိုဒ့် က အဲ့ဒိအတွက် လာခဲ့မှာ မဟုတ်ပါဘူး ။ အမှတ်ရသလောက် ယူဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ အိုးထရက်ဖိုဒ့် ကို ရောက်လာခဲ့တာပါ ။

အိုလေဂန်နာ ဆိုးရှား အတွက် လက်စားချေဖို့ ယူနိုက်တက် ပြင်ဆင် နေမှာပါ ။ ဒါပေမယ့် ပိတ်ဆို့ ထားတဲ့ ဝက်ဖိုဒ့် ခံစစ်ကို သူတို့ ဘယ်လို ထိုးဖောက်မလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ ။

ယူနိုက်တက် ခံစစ် ကလည်း ဒီလို အသင်းငယ်တွေနဲ့ ပွဲမျိုးဆို ထဖောက်တတ်ပါတယ် ။ ဂိုးမပေးရတဲ့ ပွဲ အတော်နည်းတဲ့ ယူနိုက်တက် ဒီပွဲမှာလည်း ဂိုးပေးရနိုင်ပါတယ် ။

ဘယ်လောက် ပြန်သွင်းမလဲဆိုတာက အဓိက အဆုံးအဖြတ် ဖြစ်သွားမှာပါ ။ နိုင်ချေ ရှိပေမယ့် နိုင်မယ်လို့လည်း ယတိပြတ် မပြောရဲပါဘူး ။ မန်ချက်စတာ ယူနိုက်တက် ဖြစ်နေတာကြောင့်ပါ ။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၁ – ၁ ဝက်ဖိုဒ့်

၄ ။ အဲဗာတန် – မန်ချက်စတာ စီးတီး

လီဗာပူး တို့ ပွဲရွှေ့ထားရချိန်ကို မန်စီးတီး အခွင့်ကောင်း မယူဘဲ လက်လွှတ်မယ် ဆိုရင် သူတို့လောက် မိုက်မဲတဲ့ အသင်း ရှိမှာ မဟုတ်ပါဘူး ။

အသင်း ၂ သင်းရဲ့ လူအင်အား က ကွာသလို ကစားပုံကလည်း အကွာကြီးပါပဲ ။ အဲဗာတန် တိုက်စစ်မှာ လူကောင်းတွေ ရှိပါတယ် ။ ဒါပေမယ့် လမ်းပတ် ရဲ့ အသင်းက စီးတီး ခံစစ်ကို ချိုးဖောက်ဖို့ မလွယ်ပါဘူး ။

ဂိုးရကောင်း ရနိုင်ပါတယ် ၊ စီးတီး ဘက်က သွင်းတာက ပိုများနေမှာပါ ။

ခန့်မှန်းချက် – အဲဗာတန် ၁ – ၃ မန်စီးတီး

အခြားပွဲစဉ် ခန့်မှန်းချက်များ –

၅ ။ ဘရန့်ဖိုဒ့် ၁ – ၁ နယူးကာဆယ်

၆ ။ ဘရိုက်တန် ၁ – ၁ အက်စတွန် ဗီလာ

၇ ။ ဝက်စ်ဟမ်း ဝ-၂ ဝုဗ်

၈ ။ ခရစ္စတယ်ပဲလေ့စ် ၁-၁ ဘန်လေ

 

SPORTS MYANMAR