ကြားရက်မှာ ကစားရမယ့် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

ဒီကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲကျန် ၄ ပွဲကို ကစားသွားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေရဲ့ ရလဒ်တွေဟာ အမှတ်ပေးဖလားတိုက်ပွဲ ၊ top 4 တိုက်ပွဲ နဲ့ တန်းဆင်းဇုန် တိုက်ပွဲတွေကို သက်ရောက်မှု ရှိမှာ ဖြစ်တာကြောင့် စိတ်၀င်စားစရာ ကောင်းနေမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်ဟာ အဆိုပါ ပွဲ ၄ ပွဲကို ယခုလိုပဲ ခန့်မှန်းပေးသွားခဲ့ပါတယ်။

၁~ဘန်လေ vs တော့တင်ဟမ်
ဘရိုက်တန်နဲ့ ပွဲမှာ ဘန်လေဟာ အရမ်းကို ကောင်းလှတဲ့ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ ဘရိုက်တန်လို စုစည်းမှုကောင်းတဲ့ အသင်းကို ၃-၀ နဲ့ နိုင်သွားလိမ့်မယ်လို့ ကျွန်တော် လုံး၀ ထင်မထားခဲ့ပါဘူး။ ဗက်ဟော့စ်ဟာ အရမ်းကောင်းတဲ့ ဂိုးကို သွင်းယူပေးခဲ့ပြီး သူဟာ ဒီအသင်းအတွက် ခြားနားမှုကို ပေးစွမ်းနိုင်မယ့် ကစားသမား ပုံစံမျိုးပါပဲ။

အီတီဟတ်မှာတော့ ကျွန်တော်တို့ crazy game ကို မြင်တွေ့ခဲ့ရပြီး စပါးတို့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ သူတို့ ဒီရလဒ်နဲ့ ထိုက်တန်သလားဆိုတာ မသေချာပေမယ့် သေချာတာတစ်ခုကတော့ ဟယ်ရီကိန်းဟာ တကယ့်ကို ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တယ် ဆိုတာပါပဲ။ သူ့ရဲ့ ရွေ့လျားမှု ၊ hold-up play နဲ့ အဆုံးသတ်တွေဟာ တကယ့်ကို ပြောင်မြောက်ခဲ့ပြီး သူဟာ ဘယ်လောက်ကောင်းတဲ့ passer လဲ ဆိုတာ လူတွေ သဘောပေါက်ကြမယ်လို့ ကျွန်တော် မထင်မိပါဘူး။

ကျွန်တော်ကတော့ ဒီပွဲမှာ ဘန်လေတို့ ရလဒ်ကောင်းကို ဆက်လက် ရယူနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ စပါးဟာ ခံစစ်ပိုင်းမှာ လုံခြုံမှု မရှိဖြစ်နေဆဲလို့ ကျွန်တော် မြင်နေဆဲပါ။ လိုရစ်ကလည်း ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အမှားတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဘန်လေတို့ ဒါကို အသုံးချကာ ဂိုးရယူသွားလိမ့်မယ်လို့ ထင်မိပါတယ်။ သရေပွဲပါပဲ။

ခန့်မှန်းချက် : ဘန်လေ ၁-၁ တော့တင်ဟမ်

၂~၀က်ဖို့ဒ် vs ခရစ်စတယ်ပဲလေ့စ်
၀က်ဖို့ဟာ ဗီလာပက်မှာ တကယ့်ကို အရေးပါတဲ့နိုင်ပွဲကို ရယူခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ကစားပုံ မကောင်းခဲ့ပေမယ့်လည်း သူတို့ရဲ့ ဒီလို စွမ်းဆောင်မှုကိုတော့ ချီးကျူးပါတယ်။ ဒီနိုင်ပွဲဟာ သူတို့ရဲ့ ရာသီကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယာ်။ ဒန်းနစ်ဟာ ပုံစံကောင်း ပျောက်နေခဲ့ပြီး ဗီလာနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာဟာ နောက်ထပ် အပေါင်းလက္ခဏာဆောင်တဲ့ အရာ ပါပဲ။

ပဲလေ့စ်ကတော့ ချဲလ်ဆီးကို နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး စိတ်ပျက်စရာ ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ ပဲလေ့စ်ဟာ ဗီအဲရာ လက်ထက်မှာ ကစားပုံ ကောင်းနေခဲ့ပေမယ့် တန်းဆင်းဇုန် အန္တရာယ်တော့ ရှိနေပါသေးတယ်။ ဒီပွဲဟာ သူတို့အတွက် အရေးကြီးတဲ့ ပွဲစဉ်ပါ။ နိုင်ပွဲဟာ သူတို့ကို တန်းဆင်းအန္တရာယ်နဲ့ ကင်းလွတ်နိုင်မယ့် အနီးစပ်ဆုံး အနေအထားကို ဖြစ်စေမှာ ဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ တန်းဆင်းဇုန် တိုက်ပွဲထဲ ၀င်လာတော့မှာပါ။ ဒါဟာ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်ကတော့ ပဲလေ့စ်တို့ ကပ်ပြီး နိုင်သွားမယ်လို့ ရွေးပါတယ်။

ခန့်မှန်းချက် : ၀က်ဖို့ဒ် ၁-၂ ပဲလေ့စ်

၃~လီဗာပူး vs လိဒ်
လီဗာပူးဟာ ဒီထက်ပိုကောင်းအောင် ကစားနိုင်ပေမယ့် နော့ဝှစ်ကို ၃-၁ နဲ့ နိုင်ခဲ့တာဟာ ဘာပဲဖြစ်ဖြစ် ရလဒ်ကောင်းပါတယ်။ မာနေး ဆာလား နဲ့ ဒီယက် တို့ ဂိုးသွင်းနိုင်ခဲ့တာဟာ အပေါင်းလက္ခဏာဆောင်တဲ့ အရာပါ။ ဒီအသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီး ဖြစ်ပြီး သူတို့ကို ရင်ဆိုင်ရတာ အိမ်မက်ဆိုးပါပဲ။

လိဒ် vs မန်ယူနိုက်တက် ပွဲစဉ်ကတော့ crazy game ပါပဲ။ ရာသီဥတုဟာ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါ၀င်ခဲ့ပေမယ့် လိဒ်ဟာ ခံစစ်ပိုင်း ပြသာနာတွေ ရှိနေပါတယ်။ တိုက်စစ်ပိုင်းအတွက် သူတို့ကို ကျွန်တော် မပူမိပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ဆက်ရှိနိုင်ဖို့အတွက် သူတို့ ခံစစ်တိုးတက်ဖို့ လိုအပ်နေပါတယ်။ ဒီပွဲမှာ လိဒ်တို့ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူးတို့ပဲ နိုင်ပွဲ ရယူသွားမှာပါ။

ခန့်မှန်းချက် : လီဗာပူး ၃-၁ လိဒ်

၄~အာဆင်နယ် vs ဝုဖ်
မပြတ်သားခဲ့ပေမယ့် အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ကို ၂-၁ နဲ့ နိုင်ကာ အရေးပါတဲ့ နိုင်ပွဲကို ရယူခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ပွဲတွေမှာ သွင်းဂိုးတွေကို မြင်တွေ့ရခဲပေမယ့် သူတို့ဟာ တိုက်စစ်ပိုင်းမှာ ဒီထက် ပိုလုပ်နိုင်စွမ်း ရှိပါတယ်။ သူတို့ဟာ ခံစစ်ပိုင်းမှာ များစွာ တိုးတက်လာခဲ့တာကို ကျွန်တော် မြင်နေရပါတယ်။ ဒါဟာ သူတို့အတွက် အရမ်းကောင်းတဲ့ အခြေခံ အုတ်မြစ် ဖြစ်ပါတယ်။

၀ုဖ်အတွက် ဒါဟာ အရေးကြီးပွဲစဉ်ပါ။ ဝုဖ်ရဲ့ top 4 မျှော်လင့်ချက်ဟာ ဒီပွဲစဉ်ကနေ တစ်ခုခု ရယူနိုင်မယ့်အပေါ် မူတည်နေပါတယ်။ သူတို့ ဒီပွဲမှာ ရှုံးနိမ့်လို့ မရပါဘူး။ မဟုတ်ရင် အာဆင်နယ်နဲ့ အဝေးကို ရောက်သွားမှာပါ။ ဒန်နီရယ်ပိုဒန့်စ်ဟာ လက်စတာနဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး တစ်ပွဲလုံး ပြိုင်ဘက်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ဒီပွဲကို လုံး၀ ရှုံးချင်မှာ မဟုတ်ပါဘူး။ နှစ်သင်းစလုံး ခံစစ်ကောင်းတာကြောင့် ကျွန်တော်တို့ ဒီပွဲမှာ ဂိုးတွေလည်း သိပ်ပြီး မြင်တွေ့ရဖို့ မရှိပါဘူး။ သရေပွဲပါပဲ။

ခန့်မှန်းချက် : အာဆင်နယ် ၀-၀ ဝုဖ်

SM