ကစားသမားအတွက် ငွေသုံးသေးတာပဲ၊ နည်းပြအတွက်ပါ သုံးလိုက်ပါ လို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားဟောင််း တစ်ဦးဖြစ်တဲ့ ရွိုင်ကိန်း က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြိုင််ဖက် အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ အက်သလက်တီကို မက်ဒရစ်် အသင်းရဲ့ နည်းပြ ဖြစ်သူ ဒီယေဂို ဆီမြွန်နီကို ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရန်းဂနစ်ကို ယာယီ နည်းပြ အဖြစ် ရာသီကုန် အထိ ခန့်အပ်ထားခဲ့ပြီး ပရိသတ်တွေ သဘောတွေ့လောက်တဲ့ ရလဒ်မျိုး မရယူနိုင်ခဲ့သေးတာကြောင့် ရာသီကုန်မှာ နည်းပြသစ် ခန့်အပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ် ။

ဒီအတွက် ယူနိုက်တက် ပရိသတ်တွေရော သတင်းသုံးသပ််သူတွေရော ကစားသမားဟောင်းတွေကပါ PSG အသင််းရဲ့ နည်းပြ မော်ရီစီယို ပိုချက်တီနို (သို့မဟုတ်) အေဂျက်စ် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကို ခေါ်ယူဖို့ ဦးစားပေး အဖြစ် ညွှန်းခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း ကတော့ ထိပ်တိုက်် ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ နည်းစနစ် ဧရိယာ အတွင်းမှ ကစားသမားတွေနဲ့ ပရိသတ်တွေကို တက်ကြွအောင် လုပ်ဆောင်နေခဲ့တဲ့ ဒီယေဂို ဆီမြွန်နီ ကို ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် အတွက်တော့ ဆီမြွန်နီ ပါပဲ ။ သူဟာ မှန်ကန််တဲ့ စရိုက်လက္ခဏာတွေကို ပိုင်ဆိုင်ထားတဲ့ နည်းပြတစ်ဦးပါ ။ သူဟာ အက်သလက်တီကို မက်ဒရစ် အသင်း နဲ့ အတူ ခက်ခဲတဲ့ အခိုက်အတန့်အချို့ ပိုင်ဆိုင်နေခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်အားထက်သန်မှုတွေကတော့ အပြည့်အဝ ရှိနေသေးဆဲပါပဲ ”

” သူဟာ ခမ်းနားတဲ့အရာတွေကို လုပ်ဆောင်ခဲ့သူတစ်ဦးပါ ။ သူ့ရဲ့ စရိုက် လက္ခဏာ နဲ့ လုပ်ရည်ကိုင်ရည် တွေဟာ ခမ်းနားခဲ့ ပါတယ် ။ သူဟာ ကစားသမားတွေနဲ့ ဖက်တွယ်ပြီး ပြသနာ ဖြစ်တတ်သူ မဟုတ်ပါဘူး ။ သူ့လိုလူ တစ်ဦး တစ်ယောက် ရောက်လာတာက အသင်းမှာ အလုပ်ဖြစ်ပါ လိမ့်မယ် ”

” အသင်းမှာ မကြာခင် အပြောင်းအလဲတွေ ဖြစ်သွားမှာပါ ။ ဒါတွေက ရုတ်ချည်း ၊ ချက်ချင်း ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မပြောလိုပါဘူး ။ အခုလည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကောင်းမွန်တဲ့ အရာအချို့ ရှိနေဆဲပါပဲ ။ သူတို့ ဒီလို မန်နေဂျာမျိုးကို လိုအပ်နေပါတာပါ ”

” အကယ်လို့ မန်နေဂျာသာ မမှန်ကန်ရင် ကျန်တဲ့ အရာတွေက အလိုအလျောက် ပြိုလဲသွားမှာပါပဲ ။ ခင်ဗျားတို့ အနေနဲ့ လိုချင်နေတဲ့ နည်းပြမျိုးကို သွားပြီး ခေါ်ယူလိုက်ကြပါ ။ အသင်းအတွက် မှန်ကန်တယ်လို့ ထင်တဲ့ မန််နေဂျာကို အရခေါ်ယူလိုက်ပါ ”

” ခင်ဗျားတို့ ကစားသမား တစ်ဦးကို လိုချင်တဲ့ အခါမှာ အရ ခေါ်ယူလေ့ ရှိတတ်ကြတယ် မလား ၊ နည်းပြပိုင်းကိုလည်း အဲ့ဒီလိုပဲ အရ ခေါ်ယူလိုက်ကြပါ ။ သူ့ကို 2 နှစ်ထိ ခေါ်လို့ ရနိုင်မှာ မဟုတ်လောက်ဘူး ဆိုတဲ့ ဆင်ခြေမျိုးကိုတော့ မပေးလိုက်ပါနဲ့ ”

” ခင်ဗျားတို့ ကစားသမားအတွက်တောင် ငွေသုံးစွဲပြီး ခေါ်ယူမှု လုပ်ကြသေးတာပဲ ။ မန်နေဂျာ တစ်ယောက်ကိုရော ဘာလို့ မရနိုင်မှာလဲ ? ဘယ်သူ စာချုပ် သက်တမ်း ရှိနေလဲဆိုတာ ကျွန်တော် ဂရုမစိုက်ပါဘူး ။ ယူနိုက်တက် အတွက် မှန်ကန်မယ်ထင်ရင် အရသာ ခေါ်ယူလိုက်ကြပါ ” လို့ ရွိုင်ကိန်း က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar