ကစားသမားသစ် တစ်ဦးကို ရထားပြီလို့ ဖွင့်ဟလိုက်တဲ့ ရန်းဂနစ်

ယူနိုက်တက် နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် က တိုက်စစ်ပိုင်းမှာ ပုံစံကောင်းတွေ ပြသနေတဲ့ တောင်ပံ တိုက်စစ် ကစား သမားလေး အန်သိုနီ အီလန်ဂါ ကြောင့် ကစားသမားသစ် တစ်ဦးကို ရရှိလိုက်ပြီလို့ ခံစားရကြောင််း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အန်သိုနီ အီလန်ဂါဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက်် အသင်းအတွက် ပွဲချိန် 5 မိနစ်သာ ကစားခွင့် ရရှိထား ခဲ့တာကြောင့် ဇန်နဝါရီ စျေးကွက်ထဲမှာ အငှား ထွက်ခွာဖို့ သတင်းထွက်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ရန်းဂနစ်က သူ့ကို ထွက်ခွာခွင့် မပေးပဲ ကစားခွင့် ပေးဆခဲ့ပါတယ် ။

အဲ့ဒီနောက် အီလန်ဂါဟာ ခရစ္စတယ် ပဲလေ့စ် အသင်းနဲ့ ပွဲစဥ်မှာ ကစားခွင့် ရရှိခဲ့ပြီး နောက်ပိုင်း ပွဲထွက်ခွင့်တွေပါ ရရှိမှုနဲ့ အတူ နည်းပြ သဘောကျလောက်တဲ့ ပုံစံကောင်း အချို့ ပြသရင်း ဘရန့်ဖို့ဒ် ၊ လိဒ်စ် ၊ အေတီကို အသင်းနဲ့ ပွဲစဥ်တွေမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆောင်းရာသီတုန်းက အာမတ် ဒီယာလို ၊ အန်သိုနီ မာရှယ် နဲ့ ဒွန်နီ ဗန်ဒီ ဘိခ် တို့ကို အငှားချခဲ့ပါသေးတယ် ။ ဒါ့​အပြင် အသင်းမှာ ရပ်ရှ်ဖို့ နဲ့ ဆန်ချို တို့ ခြေမမှန်ခဲ့သလို ဂရင်းဝုဒ်ပါ ပြသနာ တက်ခဲ့တဲ့ အတွက် အီလန်ဂါဟာ အခွင့်အရေး ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာတော့ ကစားသမား ဖြစ်သူက ယုံကြည်မှု အပြည့်နဲ့ ပွဲထုတ်ခဲ့တဲ့ နည်းပြကို စိတ်ပျက်မှု မခံစားစေခဲ့ပဲ ပုံစံကောင်း ပြသရင်း ပွဲစဥ် အချို့မှာ ပွဲထွက် ကစားခွင့်တွေပါ ဆက်တိုက် ရယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ နည်းပြ ဖြစ်သူက…

” ခင်ဗျားဟာ ရာသီကြို လေ့ကျင်ရေးတွေမှာ ပါဝင်ခွင့် မရရှိပဲ ကစားသမားသစ်တွေအပေါ် လွှမ်းမိုးမှု ရှိခွင့်မပိုင်ပဲ ရာသီဝက်လောက်မှာ အသင်းတစ်သင်းကို ကိုင်ခဲ့ရရင် ၊ တကယ်တော့ ကျွန်တော်တို့ဟာ ကစားသမား အချို့ကို ဆုံးရှုံးခဲ့ကြသလို အသစ်လည်း မခေါ်နိုင်ခဲ့ကြပါဘူး ”

” ဒီလို အနေအထား တစ်ရပ်မှာ ကျွန်တော်တို့ဟာ အီလန်ဂါကို ကြည့်ပြီး ကစားသမားသစ် တစ်ယောက် ရလိုက်ပြီလို့တောင် ပြောလို့ရကောင်းရနိုင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူကိုယ်တိုင်လည်း ဆောင်းရာသီတုန်းက အငှားထွက်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့လို့ပါပဲ ”

” ဒါ့ကြောင့် လက်ရှိ အနေအထားမှာ ကျွန်တော်တို့ဟာ အကောင်းဆုံး လုပ်နိုင်တာရဲ့ ဘယ်လောက် အဝေးကိုတောင် ရောက်နေပြီလဲဆိုတာမျိုး ခံစားနေလို့ မရပါဘူး ။ ကျွန်တော်တို့ အသင်းကို ဆက်လက် တိုးတက်စေဖို့ကိုပဲ အဓိကထား လုပ်ဆောင်ရမှာပါ ”

” လက်ရှိ အသင်းရဲ့ ကစားသမားတွေဆီက အကောင်းဆုံး အရည်အသွေးတွေကို ထုတ်နိုင်ဖို့ ကြိုးစားရမှာပါ ။ အဆုံးသတ်မှာတော့ လူတွေက ကျွန်တော်တို့ကို ကြည့်ပြီး သူတို့တွေ ကောင်းမွန်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ကြတယ်လို့ ပြောနိုင်စေဖို့ မျှော်လင့်နေပါတယ် ” လို့ ရန်းဂနစ် က ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar