5မိနစ်အတွင်း ပေးဂိုး 2ဂိုးကြောင့် ယူနိုက်တက်တို့ သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ပွဲမှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ဗီလာ ပါ့ခ် ကွင်းထဲမှာ အက်စတွန် ဗီလာ အသင်းနဲ့ ယှဥ်ပြိုင် ကစားခဲ့ရပြီး ပွဲချိန်အစ 6 မိနစ်မှာပဲ ဘရူနို ဖာနန်ဒက်စ် ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 67 မိနစ်မှာ ဖာနန်ဒက်စ် ကပဲ နောက်တစ်ဂိုး သွင်းယူ သွားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက်တို့ ဒီတစ်ပွဲတော့ ဂိုးပြတ်နိုင်လိမ်မယ်လို့ ထင်မှတ်ခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ ပွဲချိန် 77 မိနစ်် မှ ရမ်ဆေး ရဲ့ သွင်းဂိုး ၊ ပွဲချိန် 82 မိနစ်မှ ကော်တင်ဟို ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်တို့ 5 မိနစ် အတွင်းပဲ 2 ဂိုး ပြန်ပေးခဲ့လိုက်ရပါတယ် ။

အဲ့ဒီနောက် ဗီလာ အသင်းကပဲ ဆက်လက် ဖိအားပေးခဲ့ပြီး ဂိုးရဖို့ နီးစပ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒီဂီယာ လက်စွမ််းကောင်းတွေ ပြသခဲ့ခြင်းက ယူနိုက်တက်တို့ကို သရေ တစ်မှတ် ရရှိသွားစေခဲ့ပါတယ် ။ အဆိုပါ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေး လိုက်ပါတယ် ။

ဒီဂီယာ (7)

ပွဲချိန် ပထမပိုင်းမှာ ဘွန်ဒီယာ ၊ ဒစ်ဂ်နေး တို့ရဲ့ ကန်ချက်တွေကို ဟန့်တားပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာလည်း ရမ်ဆေးရဲ့ ကန်ချက်ကို ဟန့်တားပြနိုင်ခဲ့ပြီး လက်စွမ််းကောင်း ပြသသွားနိုင်ခဲ့ပြန်ပါတယ် ။

ဒါးလော့ (4)

ပွဲချိန်တစ်လျောက် ဒစ်ဂ်နေး ကို ဟန့်တားနိုင်ဖို့ အခက်တွေ့ခဲ့ပါတယ် ။ ခံစစ် ကစားပုံ လျော့တိလျော့ရဲ ဖြစ်ခဲ့တဲ့ ဒါးလော့ဟာ ပြိုင်ဖက်တွေရဲ့ ပစ်မှတ်ထား ကစားမှုအောက််မှာ ပုံစံကောင်း ပျောက်ဆုံးခဲ့ရပါတယ် ။

လင်ဒီလော့ဖ် (5)

FA ဖလားတုန်းက ကစားပုံ အားရစရာ မရှိခဲ့တဲ့ လင်ဒီလော့ဖ် ဟာ ဒီပွဲမှာတော့ တိုးတက်လာခဲ့ပါတယ် ။ ဒါပေမဲ့ ပြိုင်ဖက် တိုက်စစ် ကစားသမားတွေကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေခဲ့ပါတယ် ။

ဗာရန်း (7)

ပွဲချိန်တစ်လျောက်လုံး အထူးခြေစွမ်းကောင်း ပြသခဲ့ပြီး အက်စတွန် ဗီလာ အသင်းရဲ့ တိုက်စစ် ကစားသမားတွေကို ဒုက္ခပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဂိုးပေးခဲ့ရတဲ့ အချိန်တိုအတွင်း လင်ဒီလော့ဖ် နည်းတူ ပုံစံကောင်း ပျောက်ဆုံးခဲ့ပါတယ် ။

တဲလက်စ် (6)

အီလန်ဂါ ကြောင့် တိုက်စစ် လိုက်ပါ ကစားရေး ဖိအား လျော့နည်းခဲ့ပြီး ခံစစ်ကို ပိုမို အာရုံစိုက်ခွင့် ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။ ကစားပုံ အတော်အသင့် ကောင်းမွန်ခဲ့ပါတယ် ။

မာတစ် (4)

ဟန်ချက်ကို ထိန်းပေးနိုင်ခဲ့ချိန် ဖရက်ဒ်ဟာ တိုက်စစ်လိုက််ပါ ကစားခွင့်တွေ ပိုင်ဆိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင််းမှာတော့ ကစားပုံတွေက အမှားမှားအယွင်းယွင်း ဖြစ်ခဲ့ရပြီး ပြိုင်ဖက်တွေရဲ့ လွှမ်းမိုး ကစားမှုကို ခံခဲ့ရပါတယ် ။

ဖရက်ဒ် (6)

ယူနိုက်တက် ကစားပုံ ကောင်းတဲ့အချိန် သူ့ရဲ့ ကစားပုံလည်း ကောင်းခဲ့ပြီး ညံ့ခဲ့ချိန်မှာ အပြိုင် လိုက်ညံ့ခဲ့ပါတယ်် ။ ဘရူနို ရဲ့ ဒုတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဂရင်းဝုဒ် (6)

ပထမပိုင်းထဲက 2 – 0 ဖြစ်အောင် လုပ်ဆောင်နိုင်ခွင့် ပိုင်ဆိုင််ခဲ့ပါသေးတယ်။ ကစားပုံကောင်းခဲ့ပေမဲ့ အခွင့်အရေး အသုံးချမှု အားနည်းခဲ့ပါတယ် ။

ဘရူနို (8)

ကံကောင်းထောက်မစွာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးမိုးခေါင််နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ် ။ ဒီပွဲမှာတော့ ချိတ််ဆက် ကစားပုံတွေလည်း ကောင်းခဲ့ပြီး ဒုတိယဂိုးကိုပါ သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။

အီလန်ဂါ (6)

ပထမပိုင်း ကစားပုံက အထင်ကြီးဖွယ်ရာ ဖြစ်ခဲ့ပါတယ် ။ တိုက်စစ်ဆင် ဖိအားပေးမှု ၊ စကေးကောင်းတဲ့ ကစားပုံတွေနဲ့ ဗီလာ ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ် ။ အသင်း အတွက်် ကစားပေးခဲ့တဲ့ ပထမဆုံးပွဲမှာပဲ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ် ။

ကာဗာနီ (5)

အလုပ် ကြိုးစားခဲ့ပေမဲ့ အခွင့်အရေး ရရှိမှု နည်းပါးခဲ့ပါတယ် ။ ခံစစ်ကို မကြာခန ဆင်းကူပေးခဲ့ပါတယ် ။ အသင််းဖော်တွေဆီက လုံလောက်တဲ့ ဘောလုံးပေးပို့မှုတွေကို လက်ခံရရှိခြင်း မရှိခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ…

ဆန်ချို – 3
ဗန်ဒီ ဘိခ် – 6
လင်ဂတ် – 5

#Sports_Myanmar