ရီးရဲ မက်ဒရစ် အသင်းဟာ စပိန် အမှတ်ပေး ဖလား ဖြစ်တဲ့ လာလီဂါ ကို အကြိမ် အများဆုံး ဆွတ်ခူး ရရှိ ထားပါတယ် ။
သူ့ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာ ကတော့ စပိန် ရှုံးထွက် ဖလား ဖြစ်တဲ့ ကိုပါဒယ်ရေး ပြိုင်ပွဲရဲ့ ဘုရင်ပါ ။
စပိန် စူပါ ဖလား မှာရော . . . ဘယ်သူက အများဆုံး အောင်ပွဲရယူ ထားတာလဲ ?
အာရှမြေပေါ်မှာ ကျင်းပမယ့် ၂၀၂၁ စပိန် စူပါဖလား ပြိုင်ပွဲ က ပရိသတ်ကြီးတို့ ကို ဆွဲဆောင်နေဦး မှာပါ ။
၁၉၈၂ မှာ စတင် ကျင်းပခဲ့တဲ့ စူပါကိုပါ ဒီ အက်စပန်ညာ လို့ အမည်ရတဲ့ စပိန် စူပါ ဖလားပွဲ ဟာ ကနဦး က အသင်း ၂ သင်းတည်း ယှဉ်ပြိုင် ရတဲ့ ဆုဖလား ဖြစ်ခဲ့ ပါတယ် ။
ပြီးဆုံး သွားခဲ့တဲ့ ဘောလုံး ရာသီက လာလီဂါ အမှတ်ပေး ချန်ပီယံ နဲ့ ကိုပါဒယ်ရေး ဖလား ချန်ပီယံ တို့ဟာ အိမ်ကွင်း အဝေးကွင်း စနစ် နဲ့ ကစားပြီး စူပါဖလား ကို ရယူဖို့ အားပြိုင် ခဲ့ရတာပဲ ဖြစ်ပါတယ် ။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ – ၂၀၂၀ ရာသီက စပြီး ပြိုင်ပွဲ ကို ၄ သင်း အဖြစ် ပြောင်းလဲကာ တကျော့တည်း ကစားရတဲ့ ဆီမီး ဖိုင်နယ် – ဖိုင်နယ် ပုံစံ နဲ့ ကျင်းပ သွားခဲ့ ပါတယ် ။
ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီက ကိုပါဒယ်ရေး ဖလား ဗိုလ်လုပွဲရောက် ၂ သင်း နဲ့ ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲ က ( ဖလား ဗိုလ်လုပွဲရောက် မဟုတ်တဲ့ ) အဆင့် အမြင့်ဆုံး အသင်း ၂ သင်းတို့ ပါဝင် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ် ။
ပြိုင်ပွဲ ကိုလည်း စပိန်ပြင်ပကို ထွက်ကာ ကစားခဲ့ကြပြီး စပိန် ပရိသတ်တွေ နဲ့ ဘောလုံး သမား အချို့ ကတော့ ဒီလို ပြောင်းလဲမှု အပေါ် လိုလားမှု မပြခဲ့ ကြပါဘူး ။
စပိန် စူပါဖလား သမိုင်းမှာတော့ ဘာစီလိုနာ ဟာ အအောင်မြင်ဆုံး အသင်းအဖြစ် ၁၃ ကြိမ် ဗိုလ်စွဲကာ ရပ်တည်နေပါတယ် ။ ရီးရဲ ကတော့ ၁၁ ကြိမ် ဗိုလ်စွဲ ထားပြီး ဒီနှစ် မှာလည်း ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အဖြစ် ရှိနေခဲ့ ပါတယ် ။
သူတို့ ၂ သင်းဟာ စပိန် စူပါဖလားမှာ ၇ ကြိမ် တွေ့ဆုံ ခဲ့ဖူးပြီး ရီးရဲ က ၅ ကြိမ် ဘာစီလိုနာ က ၂ ကြိမ် အနိုင် ရရှိ ထားခဲ့ ပါတယ် ။
ဘီဘာအို အသင်းကတော့ ၃ ကြိမ် ချန်ပီယံ ဖြစ်ထားပြီး အက်သလက်တီကို မက်ဒရစ် ကတော့ ၂ ကြိမ် ချန်ပီယံ ဖြစ်ထားခဲ့ ပါတယ် ။
ဘာစီလိုနာ ဟာ အအောင်မြင်ဆုံး ဖြစ်သလို အကြိမ် အရေအတွက်မှာလည်း ၂၆ ကြိမ် နဲ့ အများဆုံး ကစားထားတဲ့ အသင်း ဖြစ်ခဲ့ ပါတယ် ။
ဒီကနေ့ ည ( မြန်မာစံတော်ချိန် မနက်ဖြန် နံနက် ) မှာတော့ ဆီမီး ဖိုင်နယ် ပထမ ပွဲစဉ် အဖြစ် ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့ဟာ ဆော်ဒီ အာရေဗျ နိုင်ငံ မှာ ရင်ဆိုင် ကစားကြတော့မှာ ဖြစ်ပါတယ် ။
မနက်ဖြန် ညမှာတော့ အက်သလက်တီကို မက်ဒရစ် နဲ့ ဘီဘာအို တို့ ရင်ဆိုင် ကစားကြမှာ ဖြစ်ပြီး ဗိုလ်လုပွဲ ကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ မှာ ယှဉ်ပြိုင် ကစားသွားမှာပဲ ဖြစ်ပါတယ် ။
SPORTS MYANMAR