အာဆီယံ နဲ့ ကမ္ဘာ့ဖလား . . . . ဘယ် နိုင်ငံတွေ က ဒေသတွင်းမှာ ကမ္ဘာ့ဖလား သမိုင်းကြောင်း အကောင်းဆုံး ဖြစ်ခဲ့ကြသလဲ ?

အာဆီယံ သမိုင်းမှာ အသင်း ၃ သင်းဟာ ကမ္ဘာ့ဖလား နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အမှတ်ရစရာတွေ ရှိခဲ့ ပါတယ် ။

အဲ့ဒိ အထဲမှာ အင်ဒိုနီးရှား ကတော့ အာဆီယံ ဒေသတွင်းမှာ ကမ္ဘာ့ဖလား ဝင်ပြိုင်ဖူးတဲ့ တသင်းတည်းသော အသင်း အဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

ကျန် ၂ နိုင်ငံ ကတော့ ထိုင်း နဲ့ ဗိယက်နမ် တို့ ပါပဲ ။

အင်ဒိုနီးရှား ဟာ ၁၉၃၈ ကမ္ဘာ့ဖလား ကို ခြေစစ်ပွဲ အောင်မြင်ခဲ့ ပါတယ် ။ အဲ့ဒိ အချိန်တုန်းက နယ်သာလန် ကိုလိုနီ တခု ဖြစ်တဲ့ အင်ဒိုနီးရှား ဟာ Dutch East Indies ဆိုတဲ့ အမည် နဲ့ ခြေစစ်ပွဲ ဝင်ခဲ့တာ ဖြစ်ပြီး အာရှ နိုင်ငံတွေ ထဲမှာ ကမ္ဘာ့ဖလား ကို ပါဝင်ယှဉ်ပြိုင်တဲ့ ပထမဆုံး နိုင်ငံ ဖြစ်ခဲ့ ပါတယ် ။

ပြင်သစ် နိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပပြီး အီတလီ တို့ ဗိုလ်စွဲ သွားခဲ့တဲ့ အဆိုပါ ၁၉၃၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ အင်ဒိုနီးရှား ( Dutch East Indies ) ဟာ ၁၆ သင်း အဆင့် ( အုပ်စုအဆင့် မရှိ ) မှာတင် ဟန်ဂေရီ ကို ၆-၀ နဲ့ ရှုံးနိမ့်ပြီး အိမ်ပြန် ခဲ့ရ ပါတယ် ။

ဒုတိယ ကမ္ဘာစစ် အပြီးမှာတော့ အင်ဒိုနီးရှား ဆိုတဲ့ အမည် နဲ့ လက်ရွေးစင် အသင်း ဖွဲ့စည်းကာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ၁၉၅၈ ကမ္ဘာ့ဖလား မှာ အုပ်စု ပထမ နေရာနဲ့ ခြေစစ်ပွဲ အောင်ဖို့ ရှိနေခဲ့ ပါတယ် ။

ဒါပေမယ့် အစ္စရေး နဲ့ ကစားမယ့် ပွဲကို နိုင်ငံရေး အကြောင်းအရာတွေကြောင့် ယှဉ်ပြိုင်ဖို့ ငြင်းပယ် ခဲ့တာကြောင့် ကမ္ဘာ့ဖလား ဝင်ခွင့်ကို လက်လွှတ် ခဲ့ရ ပါတယ် ။

နောက်ထပ် ၈ နှစ် အကြာမှာတော့ အင်ဒိုနီးရှား တို့ ကမ္ဘာ့ဖလား ဝင်ခွင့် နဲ့ အနီးဆုံး နေရာကို ထပ်မံ ရောက်ရှိ ခဲ့ပေမယ့် တောင်ကိုရီးယား အသင်း ကို ဆီမီး ဖိုင်နယ် အဆင့်မှာ အရေးနိမ့်ခဲ့ရ ပါတယ် ။

အဲ့ဒိ နောက်မှာတော့ အခုချိန်အထိ အင်ဒို တို့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်ကို ပြန်မရောက်လာ နိုင်သေးပါဘူး ။

အာဆီယံ ဒေသထဲမှာ ကမ္ဘာ့ဖလား နဲ့ နီးစပ်မှု ရှိခဲ့တဲ့ ဒုတိယ မြောက် အသင်းကတော့ ထိုင်း နိုင်ငံ ပါပဲ ။

တောင်ကိုရီးယား နဲ့ ဂျပန် တို့ ပူးတွဲ အိမ်ရှင် အဖြစ် ကျင်းပတဲ့ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အာရှဇုန် ခြေစစ်ပွဲ မှာ ထိုင်းနိုင်ငံ ဟာ ခြေစစ်ပွဲ နောက်ဆုံး အဆင့်ထိ တက်လှမ်း နိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း ထိုင်း ဟာ အာရှဇုန် ရဲ့ နောက်ဆုံးဆင့် အုပ်စု ကို တက်လှမ်း နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ၂ ကြိမ်စလုံးမှာ အုပ်စု အောက်ဆုံးနဲ့သာ အဆုံးသတ် ခဲ့ရ ပါတယ် ။

နောက်ဆုံး နိုင်ငံ ကတော့ ဗိယက်နမ် ပါပဲ ။

ဗိယက်နမ် ဟာ လာမယ့် နိုဝင်ဘာ ကနေ ဒီဇင်ဘာ အထိ ကာတာ နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ပါဝင် နိုင်ဖို့ ကြိုးစားရင်း အာရှဇုန် နောက်ဆုံး အုပ်စု အဆင့်ကို တက်လှမ်း နိုင်ခဲ့ ပါတယ် ။

လက်ရှိ အချိန်ထိ အုပ်စု ပွဲစဉ်တွေ မပြီးဆုံး သေးပေမယ့် ဗိယက်နမ် ရဲ့ အနေအထားဟာ အခွင့်အရေး လုံး၀ မရှိတော့ ပါဘူး ။

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ လာမယ့် ၂၀၂၆ ခုနှစ် က စပြီး ကမ္ဘာ့ဖလား ဝင်ခွင့် အရေအတွက်ကို တိုးချဲ့ သွားတော့မှာပါ ။

အာဆီယံ ထဲက ဘယ်အသင်းတွေ ဟာ ၁၉၃၈ က အင်ဒိုနီးရှား ( Dutch East Indies ) နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ပါဝင်ခွင့်ရမယ့် အသင်းတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြပါစို့ဗျာ . . .

 

Source – ASEAN in Football, Wikipedia

 

SPORTS MYANMAR