အာဆင်နယ် vs မန်စီးတီး ၊ ချဲလ်ဆီး vs လီဗာပူး? ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

အာဆင်နယ် vs မန်စီးတီး
အာဆင်နယ်ဟာ နော့ဝှစ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ တကယ်ကောင်းခဲ့ပါတယ်။ ကြားရက်မှာ ပွဲမကစားခဲ့ရတာကြောင့် သူတို့ဟာ ဒီပွဲကို ယုံကြည်မှု အပြည့်နဲ့ သွားနိုင်မှာ ဖြစ်ပါတယ်။ စီးတီးဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ အကောင်းဆုံး ပုံစံ မကစားနိုင်ခဲ့ပေမယ့် နိုင်ပွဲတော့ ရယူခဲ့ပါတယ်။ ဖီးလ်ဖိုဒန်ရဲ့ နောက်ထပ် လှပတဲ့ အဆုံးသတ်ကို မြင်တွေ့ခဲ့ရပြီး သူဟာ တကယ် တည်ငြိမ်မှု ရှိတဲ့ အဆုံးသတ် သမားပါ။

ဘယ်အသင်းမှာ ပွဲတိုင်း အကောင်းဆုံး ကစားနိုင်မှာ မဟုတ်ပေမယ့် ပုံစံကောင်း မရတဲ့ အချိန်မှာ ဒီလို နိုင်ပွဲရခဲ့တာဟာ ချန်ပီယံရဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါဟာ ဖျော်ဖြေမှု အပြည့် ပေးနိုင်မယ့် ပွဲစဉ် ဖြစ်လာမှာပါ။ အာဆင်နယ်ဟာ ခံစစ်ပဲ ကစားသွားမှာ မဟုတ်ဘဲ စီးတီးကို တိုက်စစ်ဆင်ဖို့ ကြိုးစားသွားမှာပါ။ ဒါဟာ စီးတီးနဲ့ ကိုက်ညီမှု ရှိပြီး ဒီပွဲမှာ သွင်းဂိုးတစ်ချို့ ရသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ အာဆင်နယ်တို့ စီးတီးဘက်ကို ဂိုးသွင်းနိုင်မှာ ဖြစ်ပေမယ့် ဧည့်သည့်အသင်းပဲ နိုင်သွားပါလိမ့်မယ်။

ခန့်မှန်းချက် : ၁-၃

၀က်ဖို့ဒ် vs တော့တင်ဟမ်
၀က်ဟမ်းနဲ့ပွဲစဉ်က ကစားပုံ အတွက် ရာနေရီ အနေနဲ့ စိတ်ပျက်နေမှာပါ။ ဦးဆောင်ဂိုး စောစောရခဲ့တာကြောင့် ၀က်ဖို့ဒ်တို့ အခြေအနေ ကောင်းမယ်လို့ ထင်ခဲ့ပေမယ့် ဒီလို မဟုတ်ခဲ့ပါဘူး။ ၀က်ဖို့ဒ်ဟာ တိုက်စစ်ကစားပုံ ကောင်းတဲ့ အသင်း ဖြစ်ပေမယ့် ခံစစ်ပိုင်းကတော့ တကယ့်ကို ဆိုးရွားပါတယ်။ ၀က်ဟမ်းအတွက် ဂိုးဖန်တီးရတာ တအား လွယ်ကူလွန်းခဲ့ပြီး ဒီထက် သွင်းဂိုးတွေ ထပ်ရခဲ့သင့်ပါတယ်။

ဆောက်သမ်တန်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ စပါးဟာ ကွန်တီရဲ့ လက်အောက် အဆိုးဆုံး ကစားပုံကို ပြသခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကွန်တီရဲ့လက်အောက် အရှိန်ကောင်း ရလာချိန်မှာ ၁၀ ယောက်ကျန် ဆောက်သမ်တန်ကို သရေကျခဲ့တာဟာ စ်ိတ်ပျက်စရာပါ။ ဒီပွဲမှာ စပါးရဲ့ တုန့်ပြန်မှုကို ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒါဟာ လွယ်ကူတဲ့ ပွဲဖြစ်လာမှာ မဟုတ်ဘဲ အိမ်ကွင်းအားကြောင့် ၀က်ဖို့ဒ်တို့ ဂိုးရလိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ စပါးအနေနဲ့ ၀က်ဖို့ဒ် ခံစစ်ကို ချိုးဖျက်နိုင်စွမ်း ရှိမှာပါ။

ခန့်မှန်းချက် : ၁-၂

ချဲလ်ဆီး vs လီဗာပူး
ချဲလ်ဆီးဟာ ဘရိုက်တန်နဲ့ သရေကျကာ နောက်ပိုင်းပွဲတွေမှာ အမှတ်တွေ ဆက်လက် ဆုံးရှုံးနေခဲ့ပါတယ်။ သူတို့ဟာ အခွင့်အရေး တစ်ချို့ ရခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဒါဟာ မျှတတဲ့ ရလဒ်လို့ ဆိုနိုင်ပြီး သူတို့မှာ ဖိအားတွေ များနေပါပြီ။ သောမတ်တူချယ်ရဲ့ system မှာ wing-back တွေဟာ အရမ်းကို အရေးလှပြီး ဘန်ချီဝဲလ် ရာသီကုန်ထိ နားရမယ့် အရေးဟာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပြီး ဇန်နဝါရီမှာ သူတို့ အားဖြည့်မှု လုပ်သွားလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။

လက်စတာကို လီဗာပူးတို့ ရှုံးနိမ့်လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ကလော့ အနေနဲ့ ဒီကစားပုံ အပေါ် မပျော်မရွှင် ဖြစ်နေမှာ ဖြစ်ပေမယ့် အခွင့်အရေးကောင်းတွေတော့ ရခဲ့ပါတယ်။ ရှမိုက်ကယ်ရဲ့ လက်စွမ်းပြအပြင် တိုက်စစ်မှုးတွေ ပုံစံကောင်း ပျောက်ခဲ့လို့ နိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ။ ဒါဟာ ဖြစ်တက်ပါတယ်။ ဒါဟာ အရေးကြီးပွဲစဉ်ပါ။ ဒီပွဲမှာ အမှတ်ဆုံးရှုံးတဲ့ ဘယ်အသင်းမဆို စီးတီးကို လိုက်မှီဖို့ အရမ်း ခက်ခဲသွားမှာပါ။ လီဗာပူးတို့ ၂ ပွဲဆက် ရှုံးမယ်လို့ ကျွန်တော် မထင်မိပါဘူး။ မှန်းရခက်ခဲပေမယ့် လီဗာပူးရဲ့ တိုက်စစ် အရည်အသွေးဟာ ဒီပွဲရဲ့ ရလဒ်ကို ခြားနားမှုဖြစ်သွားစေမယ်လို့ ကျွန်တော်ထင်ပါတယ်။ လီဗာပူးတို့ ကပ်နိုင်သွားမှာပါ။

ခန့်မှန်းချက် : ၁-၂

မန်ယူနိုက်တက် vs ၀က်ဖို့ဒ်
ဒါဟာ မန်ယူနိုက်တက် အတွက် ပွဲကြီးပွဲကောင်းပါ။ ရန်းနစ်ဟာ သူ့နည်းပြဘ၀ရဲ့ အစောပိုင်းကာလတွေမှာ ချောင်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အသင်းမှာ သူ့ရဲ့ အာဏာအတွက် ကြီးမားတဲ့ နိုင်ပွဲတစ်ချို့ လိုအပ်မယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေက ခြေစွမ်းဟာ သိပ်မကောင်းခဲ့ပါဘူး။ ရန်းနစ်ဟာ အိုလီလိုမျိုးပဲ ဒီကစားသမားတွေနဲ့ ကိုက်ညီမယ့် system ကို ရှာဖွေနေရတဲ့ ပြသနာ ဖြစ်နေပါတယ်။

၀ုဖ်ဟာ ခံစစ်ပိုင်းမှာ တကယ့်ကို မာကျောလှပြီး စုစည်းမှုကောင်းကာ ဖြိုခွဲဖို့ ခက်ခဲပါတယ်။ တိုက်စစ်ကသာ ဂိုးတွေ သွင်းနိုင်ခဲ့မယ်ဆိုရင် ဝုဖ်ဟာ top 4 နေရာကို ကောင်းကောင်း စိန်ခေါ်နိုင်စွမ်း ရှိမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ၁၃ ဂိုးသာ ရထားတာကတော့ တကယ့်ကို အံ့သြစရာပါပဲ။ ဒါပေမယ့် ခံစစ်စွမ်းရည်ကတော့ တကယ့်ကို ချီးကျူးစရာပါ။ ဒီပွဲမှာ ကောင်းမွန်တဲ့ တိုက်စစ်ကစားပုံတွေကို သိပ်ပြီး မြင်ရမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ယူနိုက်တက်ဟာ ဒီပွဲကို ရော်နယ်ဒိုရဲ့ နောက်ကျဂိုးနဲ့ ကပ်ပြီး နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : ၁-၀

အခြားပွဲစဉ်များ
ခရစ်စတယ်ပဲလေ့စ် ၁-၁ ၀က်ဟမ်း
ဘရန်ဖို့ဒ် ၁-၂ အက်စတွန်ဗီလာ
လိဒ် ၂-၁ ဘန်လေ
အဲဗာတန် ၂-၁ ဘရိုက်တန်

SM