အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဖျော်ဖြေမှုပေးသွားခဲ့တဲ့ ချဲလ်ဆီး ၂-၂ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူး အသင်းဟာ ချာလိုဘတ်ရဲ့ အမှားကနေ မာနေး သွင်းယူခဲ့တဲ့ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့သလို ဆာလားရဲ့ လှပတဲ့ သွင်းဂိုးနဲ့အတူ ချဲလ်ဆီးကို ၂ ဂိုးပြတ် နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းပြီးခါနီးမှာ ကိုဗစ်ချစ် နဲ့ ပူလီဆစ် တို့ရဲ့ ချေပဂိုးတွေကို ပြန်လည် ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း ဂိုးသမားတွေရဲ့ လက်စွမ်းပြမှုတွေနဲ့ အတူ နှစ်ဘက်စလုံး ဂိုးထပ်မသွင်းနိုင်တော့ဘဲ သရေကျခဲ့ကာ မန်စီးတီးအတွက်တော့ ဒါဟာ ပျော်ရွှင်စရာ ရလဒ်ဖြစ်သွားခဲ့ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~ဂိုးမိုးခေါင်မှုအဆုံးသတ်ခဲ့တဲ့ မာနေး
မာနေးဟာ အဆိုပါ သွင်းဂိုးမတိုင်မီ ဒီပွဲကနေ ထွက်သွားရမယ့် အရေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မာနေး အနေနဲ့ ပွဲအစ ၁၀ စက္ကန့်မှာ အက်ပီလီကွေတာကို တံတောင်ဖြင့်တိုက်ခဲ့မှု အတွက် ကံကောင်းစွာနဲ့ အနီကတ် မထိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မာနေးဟာ ချဲလ်ဆီးနောက်ခံလူ ချာလိုဘတ်ရဲ့ အမှားကနေ တဆင့် ဂိုးသမား မန်ဒီကို ကျော်ဖြတ်ကာ လီဗာပူး အတွက် အဖွင့်ဂိုး သွင်းပေးခဲ့ပြီး အာဖရိကဖလား သွားရောက် မယှဉ်ပြိုင်မီ လီဗာပူးမှာ ဂိုးမိုးခေါင်နေမှုကို အဆုံးသတ်သွားခဲ့ပါတယ်။

ဒီသွင်းဂိုးကြောင့် မာနေးဟာ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ဂျက်ဘယ်မာ နောက်ပိုင်း ချဲလ်ဆီးကွင်းမှာ ၂ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဦးဆုံး လီဗာပူး ကစားသမား ဖြစ်လာခဲ့ပါတယ်။ မာနေးဟာ ဒီပွဲစဉ်မှာ ချဲလ်ဆီး ခံစစ်ကို အထူး ခြိမ်းခြောက် ကစားသွားခဲ့ပြီး အက်ပီလီကွေတာ အနေနဲ့ ပြသနာများခဲ့ကာ ဒုတိယပိုင်းမှာ ၎င်းရဲ့ ကန်ချက်ကို မန်ဒီ လက်စွမ်းပြ ကာကွယ်ခဲ့လို့သာ နောက်တစ်ဂိုး ထပ်မရခဲ့တာ ဖြစ်ပါတယ်။

၂~အခွင့်အရေးကို လျှင်မြန်စွာ အသုံးချသွားခဲ့တဲ့ ချဲလ်ဆီး
လီဗာပူးဟာ သူတို့ရဲ့ ၂ ဂိုးအသာနဲ့ ဦးဆောင်နေမှု ပျောက်သွားခဲ့တာကို ပထမပိုင်း မပြီးခင် ငါးမိနစ်မှာ ထိုင်ကြည့်ခဲ့ရပါတယ်။ တီယာဂို မပါချိန်မှာ လီဗာပူးဟာ ကွင်းလယ်ပိုင်း စိုးမိုးမှု အားနည်းခဲ့ပြီး ဖာဘင်ညို ခြေစွမ်းပြခဲ့ပေမယ့်လည်း high line ကြောင့် ခံစစ်ဟာ တောင်ပံတွေမှာ အမြဲတမ်း ပေါက်ထွက်နေခဲ့ပါတယ်။ ဒီကနေ တဆင့် ရခဲ့တဲ့ ဖရီးကစ် ကနေ ပြန်လျှံလာခဲ့တဲ့ ဘောလုံးကို ကယ်လီဟာ ပုတ်ထုတ်ခဲ့ပေမယ့်လည်း ဂိုးစည်းထိပ်က ကိုဗာချစ်ဟာ လှပစွာ ကန်သွင်းပြီး ချေပဂိုး ရယူခဲ့ပါတယ်။

အဲဒီနောက် စတန်းဖို့ဒ်ဘရစ်ခ်ျရဲ့ atmoshphere ကောင်းလာမှုနဲ့ အတူ ချဲလ်ဆီးဟာ ပထမပိုင်း နာကျင်အချိန်ပိုမှာ ကန်တီရဲ့ ဖန်တီးမှုကနေ တဆင့် ပူလီဆစ် သွင်းယူခဲ့တဲ့ ဂိုးနဲ့ ချေပဂိုး ပြန်လည် ရယူသွားခဲ့ပြီး ပြန်လာနိုင်ခဲ့ပါတယ်။

၃~လက်စတာနဲ့ပွဲက ပင်နယ်တီလွဲခဲ့မှုကို ချေဖျက်ခဲ့တဲ့ ဆာလား
ဒီပွဲစဉ်မတိုင်မီ ယာဂန်ကလော့က လက်စတာနဲ့ ပွဲစဉ်မှာ ပင်နယ်တီ မ၀င်ခဲ့တဲ့ မိုဆာလားဟာ ဒီပွဲစဉ်မှာ ဂိုးရဖို့ အတွက် တအားကို လောဘကြီးနေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါဟာ မှန်ကန်တယ် ဆိုတာကို သိပ်ကြာကြာတောင် မစောင့်ခဲ့ရပါဘူး။ အလက်ဇန်းဒါးအာနိုးရဲ့ ဖန်တီးမှုကနေ တဆင့် ဆာလားဟာ အလွန်ဆိုကို လှည့်စားကာ ဂိုးသမား မန်ဒီနဲ့ တစ်ဦးချင်း အတွေ့မှာ မန်ဒီလို ဂိုးသမားကို လှလှပပ ကျော်ထည့်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ဆာလားဟာ ဂိုးသမား ရှေ့ထွက်နေတာကို မြင်ခဲ့ကာ အဝေးကနေ ကန်သွင်းခဲ့ပေမယ့် ကံမကောင်းစွာနဲ့ မန်ဒီ လက်စွမ်းပြ ကာကွယ်သွားခဲ့လို့သာ နောက်တစ်ဂိုး မရခဲ့တာပါ။

၄~ဒုတိယပိုင်းက ဂိုးသမားတွေရဲ့ ပွဲ
ပထမပိုင်းက အရှိန်အဟုန်ကောင်းတွေကို ဒုတိယပိုင်းမှာ ထိန်းသိမ်းနိုင်ပမလားဆိုတာ သံသယ ဖြစ်ခဲ့ကြပေမယ့်လည်း ဒုတိယပိုင်းစကတည်းက အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ အတူ ပွဲဟာ မြိုင်ဆိုင်ခဲ့ပါတယ်။ မန်ဒီဟာ မိုဟာမက်ဆာလားရဲ့ အဝေးကန်ချက်ကို အထူး လက်စွမ်းပြ ကာကွယ်သွားခဲ့သလို နောက်ထပ် ၂ မိနစ် အကြာမှာလည်း ဆီနီဂေါ အသင်းဖော် မာနေးရဲ့ ကန်ချက်ကို လှပစွာ ပုတ်ထုတ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မန်ဒီရဲ့ ဂိုးစည်းအပြင်ဘက် ထွက်ရှင်းမှုတွေဟာ တကယ့်ကို ကောင်းမွန်ခဲ့ပြီး လီဗာပူးတို့ တန်ပြန်တိုက်စစ် နဲ့ ကစားချိန်မှာ မန်ဒီ အတွက် စမ်းသပ်မှုတွေ ပိုတိုးခဲ့ပါတယ်။

အခြား တစ်ဖက်မှာလည်း အလီဆွန် ကိုဗစ်ကြောင့် မပါနိုင်ချိန်မှာ ကယ်လီဟာ ဟာ လီဗာပူးမှာ ဒုတိယ ဂိုးသမား ဆိုတာထက် အများကြီး ပိုတယ်ဆိုတာကို ပြသနိုင်ခဲ့ပြီး ပထမပိုင်း နဲ့ ဒုတိယပိုင်းက ပူလီဆစ်ရဲ့ အားထုတ်မှုတွေကို လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ ဒါ့အပြင် အသက် ၂၃ နှစ်အရွယ် ဂိုးသမားရဲ့ ဘောလုံး ပေးပို့မှု စွမ်းရည်တွေကလည်း ကောင်းမွန်ခဲ့ပြီး လီဗာပူးတို့ ကစားကွက် ဆင်ရာမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါ၀င်ခဲ့ပါတယ်။

၅~သ‌ ‌ေရကျခဲ့တဲ့ VAR
မာနေး အနေနဲ့ ပွဲအစမှာ အက်ပီလီကွေတာကို တံတောင်ဖြင့် တိုက်ခဲ့မှု အတွက် အနီကတ် မထိခဲ့တာကို ချဲလ်ဆီးတို့ ပေါက်ကွဲ နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မေဆင့်မောင့် ကလည်း ဆီမီကတ်ကို ကန်ခဲ့မှု အတွက် တိုက်ရိုက် အနီကတ် မပြခံခဲ့ရတာ ကံကောင်းလှပါတယ်။ အဖြစ်အပျက် ၂ ခုစလုံးမှာ ဒီကစားသမားတွေ အင်အား ဘယ်လောက် သုံးခဲ့သလဲ ဒါမှမဟုတ် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့ကြတာလား ဆိုတာ ဝေခွဲဖို့ ခက်ခဲလှပါတယ်။

နောက်ဆုံးမှာတော့ VAR ဟာ ကွင်းထဲက ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ထောက်ခံကာ သရေပွဲ ဖြစ်စေခဲ့ပါတယ်။

SM