အဂွေရို လို အဖြစ်မျိုးနဲ့ ကြုံနေရတဲ့ တောရက်စ် ၊ နှစ်သစ်ကို မတူညီတဲ့ ရလဒ်တွေနဲ့ ဖွင့်ခဲ့ကြသူတွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား ခဲ့တဲ့ လာလီဂါ ရဲ့ ၂၀၂၂ အဖွင့် ပွဲစဉ်တွေ မှာတော့ အဆင့် ၁ နေရာကနေ အမှတ်ဖြတ်ကာ ဦးဆောင် နေတဲ့ ရီးရဲ မက်ဒရစ် ဟာ ဂီတာဖေး အသင်းကို ၁-၀ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကတော့ တိုက်စစ်မှူး လုခ်ဒီယွန် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိ ခဲ့ပြီး အက်သလက်တီကို မက်ဒရစ် ကလည်း ၂-၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။

အဆိုပါ ပွဲမှာ အေတီကို နောက်ခံလူ ထရစ်ပီယာ ဟာ ပရိသတ်တွေ ကို လက်ခုပ်တီး နှုတ်ဆက် ခဲ့ပြီး အင်္ဂလန် ကို ပြန်ပြောင်းဖို့ သတင်းတွေ ကို ပိုမို သေချာ သွားစေခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ မန်စီးတီး ကနေ ဖာရန် တောရက်စ် ကို ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပေမယ့် လာလီဂါ ရဲ့ လစာ စည်းမျဉ်း နဲ့ ကိုက်ညီမှု မရှိ သေးတာကြောင့် အသင်းသား အဖြစ် စာရင်း မသွင်း နိုင်သေးဘဲ ဖြစ်နေတယ် လို့ သိရ ပါတယ် ။

ဒါကြောင့် ဘာစီလိုနာ ကစားသမားတွေ က လုပ်ခ လျော့ယူပေးမှသာ တောရက်စ် ကို စာရင်းသွင်းပြီး ထည့်သွင်း ကစားနိုင်မှာ ဖြစ်ပါတယ် ။ ဘာစီလိုနာ ဟာ နွေရာသီ တုန်းကလည်း အဂွေရို တို့ကို စာရင်းသွင်းဖို့ အတွက် ဒီလိုမျိုး လုပ်ခ လျော့ချမှု ကို ပြုလုပ် စေခဲ့ရ သေးပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ရန်းနစ် ကတော့ အန်တိုနီ မာရှယ် တဦးသာ ဇန်နဝါရီမှာ ထွက်ခွာခွင့် တောင်းဆို ထားသူ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ပြီး ဒွန်နီ ဗန်ဒီဘိ ကိုလည်း အသင်းမှာ ဆက်လက် ရှိနေဖို့ ညှိနှိုင်း သွားနိုင်မယ်လို့ ယုံကြည် ထားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

PSG အသင်းဟာ ခရစ္စတယ် ပဲလေ့စ် အသင်းမှာ အငှား လာကစားပြီး ခြေစွမ်းပြ နေတဲ့ ချဲလ်ဆီး ကစားသမားလေး ကော်နာ ဂယ်လာဟာ ကိူ မျက်စိ ကျနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

လိဒ် ယူနိုက်တက် ဂိုးသမားဟောင်း ပက်ဒီ ကင်နီ ကတော့ ချဲလ်ဆီး မှာ နေရာမရ ဖြစ်နေတဲ့ ကွင်းလယ်လူ ရော့စ် ဘာကလေ ကို အငှား နဲ့ ခေါ်ယူဖို့ လိဒ် အသင်းကို တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး တို့ ကတော့ လိဒ် ယူနိုက်တက် လူငယ်လေး ချာလီ ခရက်စ်ဝဲလ် ကို စိတ်ဝင်စား နေကြတယ်လို့ သိရ ပါတယ် ။

ရိုးမား နည်းပြကြီး မော်ရင်ဟို ကတော့ မန်ချက်စတာ ယူနိုက်တက် လူငယ်လေး ချာလီ ဝှီလန် ကို ခေါ်ယူ လိုတယ်လို့ ကြားသိရ ပါတယ် ။

မန်ယူနိုက်တက် ဟာ ဆွမ်းဆိ ကို အငှား စေလွှတ် ထားတဲ့ လူငယ်လေး အီသန် လား ကို ပြန်ခေါ်ခဲ့ပြီး အခြား တသင်းထံ အငှား စေလွှတ် ဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

စပါး နဲ့ ဝက်စ်ဟမ်း တို့ဟာ ဝုဗ် တိုက်စစ်မှူး အာဒမာ ထရာအိုရေး ကို ခေါ်ယူ နိုင်ဖို့ အတွက် အပြိုင် ကြိုးစား နေတယ်လို့ လည်း သိရ ပါတယ် ။

နာမည်ကျော် ဘောလုံး သုံးသပ်တင်ဆက်သူ ပေါလ် မာဆင် ကတော့ နောက်တန်းတွေ လိုအပ် နေတဲ့ ချဲလ်ဆီး ကို ဘရိုက်တန် ရဲ့ ဘစ်ဆိုမာ နဲ့ ကူကူရယ်လာ တို့ကို ကြိုးစားသင့်တယ်လို့ အကြံပြု တိုက်တွန်း သွားခဲ့ ပါတယ် ။

ဝက်ဖိုဒ့် အသင်းဟာ သူတို့ရဲ့ အဓိက ကစားသမား အစ္စမေလာ ဆား ကို အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲထံ စေလွှတ်ဖို့ ငြင်းဆန် နေပြီး ဆီနီဂေါ ဘောလုံး အဖွဲ့ချုပ်ဟာ ဝက်ဖိုဒ့် ရဲ့ ဆုံးဖြတ်ချက် အပေါ် ဒေါသ ထွက်ကာ ဖီဖာ ထံ စွဲချက် တင်သွားမယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR