အက်ဖ်အေဖလား ရှုံးပွဲက တာဗာရက်စ် ရဲ့အပြုအမူကို မှတ်ချက်ပေးရင်း အာဆင်နယ် ကစားသမားတွေကို တောင်းဆိုမှု လုပ်လိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ မနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်မှာ ချန်ပီယံရှစ် ကလပ်နော့တင်ဟမ်ဖောရက်စ် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ပြီး စောစောစီးစီး ထွက်ခွာ ခဲ့ရပြီ ဖြစ်ပါတယ် ။

ချန်ပီယံရှစ် ကလပ် နော့တင်ဟမ်ဖောရက်စ် အသင်းဟာ လူစားဝင် ကစားသမား ဂရာဘန် ရဲ့တစ်လုံးတည်းသော သွင်းဂိုး နဲ့ အာဆင်နယ် အသင်းကို အက်ဖ်အေဖလား ပြိုင်ပွဲကနေ ဖြုတ်ချ နိုင်ခဲ့တာ ဖြစ်ပါတယ် ။

အက်ဖ်အေ ရှုံးပွဲက ဂန်းနားတို့ရဲ့ ကစားပုံဟာ အတော်လေး ဆိုးရွား ခဲ့တယ် ဆိုရမှာ ဖြစ်ပြီး အဆိုပါပွဲမှာ အာဆင်နယ် ဘယ်နောက်ခံလူ တာဗာရက်စ် ရဲ့အပြုအမူဟာလည်း ပြောစရာ ဖြစ်ခဲ့ပါတယ် ။ တာဗာရက်စ် ဟာ ပွဲချိန် ၃၄ မိနစ်မှာ တီယာနေး နဲ့ လူစားလဲ ခံလိုက်ရချိန် မပျော်မရွှင် ဖြစ်နေခဲ့ပြီး သူ့ရဲ့လက်အိတ်တွေကို လွှင့်ပစ် ခဲ့တာပါ ။

အာတီတာ ကတော့ ပွဲအပြီးမှာ တာဗာရက်စ် ရဲ့အပြုအမူကို ခုလို မှတ်ချက် ပေးသွားခဲ့ပါတယ် ။ ” အသင်းရဲ့ ကစားပုံ တိုးတက် ကောင်းမွန်လာဖို့ အတွက် ကျွန်တော် ကြိုးစား လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ် ။ ”

” (သူ့ရဲ့အပြုအမူ) ကို ကျွန်တော် နားလည်ပါတယ် ၊ ဒါပေမယ့် အသင်း ရဲ့ စွမ်းဆောင်ရည် တိုးတက် ကောင်းမွန်လာဖို့က ပိုအရေးကြီးပါတယ် ၊ အဲ့ဒါကြောင့် သူ့ကို လူစားလဲဖို့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ် ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ အာတီတာ ဟာ အာဆင်နယ် အသင်း ကစားသမားတွေ အနေနဲ့ ပရိသတ်တွေကို ပြန်လည် တောင်းပန်ဖို့ လိုအပ်ကြောင်း ပြောကြား ခဲ့ပါတယ် ။” သူတို့ အနိုင် ရသွားခဲ့ပါတယ် ၊ သူတို့ ဂိုးရအောင် သွင်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ မသွင်းနိုင်ခဲ့ပါဘူး ။ ကျွန်တော်တို့ ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပါဘူး ၊ အဲ့ဒီအတွက် ကျွန်တော်တို့ တောင်းပန်ရမှာ ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ဆိုတဲ့ စကား မသုံးချင်ပါဘူး ၊ ဒီနေ့ ကျွန်တော် ပွဲထုတ်လိုက်တဲ့ ကစားသမားတွေဆီက ပိုကောင်းတဲ့ ကစားပုံကို မျှော်လင့် ခဲ့ပါတယ် ၊ ပိုကောင်းအောင် မကစားနိုင်ရင်တော့ ဖလား ပြိုင်ပွဲက ထွက်ခွာ ရမှာပါပဲ ။ ”

” ဒီနေ့ ပွဲမှာ ကျွန်တော်တို့ အသင်းဟာ အဝေးကွင်းမှာ နော့တင်ဟမ် ဖောရက်စ် အသင်းကို အနိုင်ရလောက်တဲ့ အထိ စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိပါဘူး ။ အနိုင်ရနိုင်တဲ့ အဆင့်အတန်းမျိုးမှာ ရှိမနေခဲ့ဘူး ဆိုတာ ဝန်ခံပါတယ် ၊ ဒါက အသင်းလိုက် ပြဿနာပါ ၊ ကျွန်တော်တို့ ဒီနေ့ အနိုင်ရအောင် မလုပ်နိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM