‘ အကောင်းဆုံးပုံစံ ပြန်ရနေပြီ ‘ ဝေဖန်ခံနေခဲ့ရတဲ့ ယူနိုက်တက် ကြယ်ပွင့်ကို ချီးကျူးလိုက်တဲ့ မီကာ ရစ်ချက်

မန်စီးတီး အသင်းရဲ့ နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ မီကာ ရစ်ချက် က အက်စတွန် ဗီလာ အသင်း နဲ့ တစ်ဖက် 2 ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 2 ဂိုးလုံး သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ချီးမွမ်း သွားခဲ့လိုက် ပါတယ် ။

ဘရူနို ဖာနန်ဒက်စ်ဟာ ဒီနေ့ နံနက် နံနက် အက်စတွန် ဗီလာ အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဥ်ရဲ့ ပွဲချိန် 6 မိနစ်မှာပဲ ရရှိခဲ့တဲ့ ဖရီးကစ်ကို အမြန်ဆုံးကန်သွင်း ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး ယူနိုက်တက်အတွက် ပွဲစဥ်ကို ဦးဆောင်နိုင်ခွင့် ပေးဆောင် သွားခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 67 မိနစ်မှာလည်း သူဟာ ဒုတိယမြောက််ဂိုးကို ဖရက်ဒ် ရဲ့ ဖန်တီးပေးမှုကတဆင့် အလျင်အမြန် သွင်းယူပေးနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ ပွဲချိန် 77 မိနစ် နဲ့ ပွဲချိန် 82 မိနစ်တွေမှာ ဂိုးတွေ ပြန်ပေးခဲ့ရတဲ့ အတွက် သရေ ရလဒ် နဲ့ပဲ ကျေနပ်ခဲ့ရပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒါက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စတင် ရောက်ရှိကတည်းက ပုံစံကောင်းတွေ ဆက်တိုက် ပြသနိုင်ခဲ့ပြီး ဒီရာသီမှာ ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ ဘရူနို ဖာနန်ဒက်စ် အတွက်တော့ စိတ််သက်သာရာ ရရှိစေတဲ့ ဂိုးတွေ ဖြစ်သွားခဲ့ရပါတယ် ။

အခုပွဲစဥ် မတိုင်ခင်အထိ ဘရူနို ဖာနန်ဒက်စ်ဟာ ဒီရာသီ ယူနိုက်တက် အတွက် 5 ဂိုးသွင်း ၊ 3 ဂိုးသာ ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံနေခဲ့ရပါသေးတယ် ။ အခုလို ဂိုးတွေ သွင်းနိုင်ခဲ့တဲ့နောက်တော့ မီကာ ရစ်ချက် က ဘရူနို ဖာနန်ဒက်စ် ဟာ အကောင်းဆုံး ပြန်လာပြီ ဖြစ်ကြောင်း ချီးမွမ်းခဲ့လိုက်ပါတယ် ။

” အဲ့တာကမှ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဘရူနို ဖာနန်ဒက်စ် အစစ်ပါ ။ တကယ် သူ ပါပဲ ။ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့ပါပြီ ။ သူဟာ ပွဲစဥ်ကို အကောင်းဆုံး လွှမ်းမိုး ကစားနိုင်ခဲ့ပါတယ် ။ သူဟာ ကွင််းလယ်မှာ စိတ်ကြိုက် ကစားခဲ့ရပါတယ် ”

” သူဟာ နံပါတ် 10 ကစားသမား တစ်ဦးလို ကစားပေးနိုင်ခဲ့သလို ရုတ်ချည်းပဲ နံပါတ် 6 ကစားသမား တစ်ဦးလိုပါ အနောက်ပြန်ဆင်းပြီး ကစားပေး သွားနိုင်ခဲ့ပါတယ် ။ သူဟာ သူ့ရဲ့ တာဝန်တွေကို ကောင်းကောင်း ကျေပွန်စေခဲ့ပြီး အသင်းကို စုဖွဲ့ ကစားပေးနိုင်ခဲ့ပါတယ် ”

” လူတွေ အားလုံးကတော့ ရော်နယ်ဒိုရဲ့ အကြောင်း ပြောဆိိုနေခဲ့ကြပါတယ် ။ ဟုတ်ပါတယ် ၊ ဒီနေ့တော့ ရော်နယ်ဒို မကစားပေးနိုင်ခဲ့ပါဘူး ။ ဒီလို ပွဲစဥ်မျိုးမှာ ဘရူနိုဟာ အသင််းရဲ့ အဓိက ကစားသမား ဖြစ်သွားနိုင်ခဲ့ပါတယ် ” လို့ မီကာ ရစ်ချက် က ထုတ်ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar