ဝုလ်ဗ် နဲ့ ပွဲမှာ ယူနိုက်တက် အတွက် ဘယ်သူ အကောင်းဆုံး ကစားပေးခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ မီကာ ရစ်ချက်

 

မန်စီးတီး နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ နောက််ခံလူဟောင်း ဖြစ်တဲ့ မီကာ ရစ်ချက် က ယူနိုက်တက် 0 – 1 ဝုလ်ဗ် ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟိို ခံစစ် ကစားသမား ဖြစ်သူ ဖီးလ် ဂျုံးစ် ရဲ့ စွမ်းဆောင်ရည်ဟာ အကောင်းဆုံး ဖြစ်ခဲ့ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ ဖီးလ် ဂျုံးစ် ဆိုတာ ကာလရှည် ဒဏ်ရာ ပြသနာ ၊ ခြေစွမ်းကောင််း မပြသနိုင်ခဲ့မှုတွေကြောင့် စီနီယာ အသင်းမှာ ကစားခွင့် မရနိုင်ခဲ့တာ 2 နှစ် နီးပါးထိ အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား ဒဏ်ရာ ရရှိနေခဲ့သလို ဖီးလ် ဂျုံးစ်ဟာ မထင်မှတ်ပဲ ပွဲထွက် ကစားခွင့်ကို တဖန် ပြန်လည် ရနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာတော့ သူဟာ ပရိသတ်တွေ မျှော်လင့်ထားခဲ့တာထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည် ပြနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ ရန်းဂနစ် ရဲ့ 4 – 2 – 2 – 2 ကစားကွက် အောက်မှာ ပုံစံကောင်း ပြသနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပြီး ပွဲစဥ် ပြီးခါနီး 10 မိနစ် အလိုမှာ ဂျွာအို မော်တင်ဟို ရဲ့ တစ်လုံံးထဲသော ပေးဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ မန်စီးတီး အသင်းရဲ့ နောက်ခံလူဟောင်းဖြစ်တဲ့ မီကာ ရစ်ချက်ကတော့ မော်တင်ဟိုရဲ့ ကန်ချက်ကို ဖြစ်ပေါ်စေခဲ့တဲ့ ဖီးလ် ဂျုံးစ် ကို အပြစ် မမြင်ပဲ ရက််ပေါင်း 700 လောက် ကြာမှ အသင်းအတွက် ပြန်လည် ကစားပေးခဲ့တဲ့ ဂျုံးစ် ရဲ့ စွမ်းဆောင်ရည်အပေါ် အားရနေခဲ့ပါတယ် ။

” ဘယ်သူတွေ ဘယ်လိုပဲ မြင်ပါစေ ၊ ကျွန်တော့်အတွက်တော့ ဒီနေ့ ပွဲစဥ်အတွက် ဖီးလ် ဂျုံးစ်ဟာ ပွဲစဥ်ရဲ့ အကောင််းဆုံး ကစားသမားပါပဲ ။ ဒီပွဲမှာလည်း သူရဲ့ ခေါင်းတိုက် ရှင်းထုတ်မှုဟာ အခုထက် ပိုပြီး ကောင်းမွန်ခဲ့သင့်ပါတယ် ။ သူ့အကြောင်း ပြောစရာဆိုလို့ ဒါပဲ ရှိပါတယ် ”

” အဲ့တာက လွဲရင် သူဟာ ပွဲစဥ် တစ်လျှောက်လုံးမှာ အကောင််းဆုံး ကစားပေးနိုင်ခဲ့ပါတယ် ။ ဒီပွဲစဥ်မှာတော့ သူ့ရဲ့ နေရာယူ ကစားပုံတွေ ၊ ဘောလုံး ရှင်းထုတ်ပုံတွေ နဲ့ ယုံကြည်မှုတွေဟာ အကောင်းဆုံး ပုံစံမှာ ရှိနေခဲ့ပါတယ် ။ သူ့ကို အခုလို မြင်ရတာ တကယ့်ကို ကျေနပ်စရာ ပါပဲ ” လို့ မီကာ ရစ်ချက် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် ကတော့ ကာလရှည် အသင်းမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိတဲ့ ကစားသမား ဖြစ်သူကို ပွဲထွက်ခွင့် ပြန်လည် ပေးဆောင်ခဲ့တာနဲ့ ပတ်သက်လို့ ..

” ကျွန်တော် မြင်ခဲ့တာကတော့ အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစားသမား တစ်ဦးပါပဲ ။ သူဟာ အသင်းရဲ့ ကစားသမား စာရင်းမှာ ရှိမနေခဲ့ပါဘူး ။ ဒါပေမဲ့ အသင်းရဲ့ ခံစစ်မှူး နှစ်ဦး မပါဝင်နိုင်တဲ့ အချိန်မှာ သူ့ကို ရွေးချယ်ခြင်းက သဘာဝ အကျဆုံးအရာ ဖြစ်ခဲ့ရပါတယ် ” လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar