လီဗာပူးကို ပြောင်းရွေ့ရန် အာဆင်နယ် စတားကို တိုက်တွန်းလိုက်တဲ့ ဂလင်းဂျွန်ဆင်

လီဗာပူး နဲ့ ချဲလ်ဆီး နောက်ခံလူဟောင်း ဖြစ်သူ ဂလင်းဂျွန်ဆင်က ဘူကာယိုဆာကာ အနေနဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဖြစ်တဲ့ လီဗာပူးကို ပြောင်းရွေ့ရန် စဉ်းစားသင့်ကြောင်း တိုက်တွန်း သွားခဲ့ပြီး အန်ဖီးကလပ်ဟာ ၎င်းအတွက် အလွန်သင့်တော်တဲ့ ကလပ် ဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ သတင်းများ အရ လီဗာပူး အသင်းဟာ အာဆင်နယ်နဲ့ အင်္ဂလန် စတား ဆာကာကို ခေါ်ယူရန် စိတ်၀င်စားနေတယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် ဆာကာဟာ ပြီးခဲ့တဲ့ ၃ ရာသီ အတွင်း အာဆင်နယ်ရဲ့ အရေးပါဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် ထွန်းတောက်လာခဲ့သူ ဖြစ်ပြီး လီဗာပူး နည်းပြ ယာဂန်ကလော့ ကလည်း ဆာကာရဲ့ အရည်အသွေးကို သဘောကျနေတယ်လို့ သိရပါတယ်။ ဂျွန်ဆင်က လီဗာပူး အနေနဲ့ ဆာကာကို ၎င်းတို့ရဲ့ ပစ်မှတ် ကစားသမား စာရင်းမှာ ထည့်သွင်းထားလိမ့်မယ် ဆိုတာ အခိုင်အမာ ယုံကြည်လျက် ရှိနေပြီး ကစားသမား ကိုယ်တိုင်ကလည်း အန်ဖီးကို ပြောင်းရွေ့ရန် စိတ်၀င်စားမှု ရှိနေလိမ့်မယ်လို့ ယူဆနေပါတယ်။

ဒါပေမယ့်လည်း ဂျွန်ဆင်က အာဆင်နယ် အသင်း အနေနဲ့ ပြိုင်ဘက် ပရီးမီးယားလိဂ် ကလပ်ကို သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို ရောင်းချသွားဖို့တော့ မရှိနိုင်ဘူးလို့ သုံးသပ် လိုက်ပါတယ်။

ဂျွန်ဆင်က “ဒါဟာ တကယ့်ကို ပြောင်းရွေ့ကြေး မြင့်မားတဲ့ အပြောင်းအရွေ့ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ထားပါတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်ဟာ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦးကို ပြိုင်ဘက် ပရီးမီးယားလိဂ် ကလပ်ထံ ရောင်းချသွားဖို့ အလို မရှိလို့ ဖြစ်ပါတယ်။ သူဟာ အရမ်းကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ အပြင် ငယ်ရွယ်တဲ့ အင်္ဂလန် လူမျိုး ကစားသမား ဖြစ်တာကြောင့် သူ့အတွက် ပြောင်းရွေ့ကြေးဟာ တအားကို မြင့်မား နေမှာ ဖြစ်ပါတယ်။

လီဗာပူး နဲ့ ပက်သက်ပြီး ကစားသမား အနေနဲ့ အဲဒီကို ပြောင်းရွေ့ဖို့ အတွက် စိတ်၀င်စားမှု ရှိနိုင်ပါတယ်။ သူ တကယ်ကို စိတ်၀င်စားနေလ်ိမ့်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်။ ဒါပေမယ့် သူ့ကို အန်ဖီးထံ ခေါ်ယူဖို့ ဆိုတာ ကတော့ တအားကို ခက်ခဲပြီး ရှုပ်ထွေးမှာပါ။ ဆာကာ အတွက်ကတော့ လီဗာပူးကို ပြောင်းရွေ့ခြင်းဟာ ကောင်းမွန်တဲ့ အပြောင်းအရွေ့ တစ်ခု ဖြစ်တယ်လို့ ကျွန်တော် လုံး၀ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး လူငယ် ကစားသမားတွေ အတွက် အတော်လေး ဆွဲဆောင်မှု ရှိပါတယ်။ လီဗာပူးရဲ့ ကစားဟန်ကို ကြည့်လိုက်မယ် ဆိုရင် ဆာကာ နဲ့ လုံး၀ကို အံ၀င်ခွင်ကျ ဖြစ်နေမှာပါ။” လို့ ဆိုလိုက် ပါတယ်။

ဆာဟာ ဒီရာသီ အမ်းမရိတ်မှာ ခြေစွမ်းပြလျက် ရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ် အတွက် ၇ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီးပေးထားခဲ့ ပါတယ်။ လီဗာပူး နဲ့ အာဆင်နယ် တို့ဟာ လာမည့် ကြာသပတေးနေ့မှာတော့ EFL ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် အန်ဖီးမှာ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

SM