လီဗာပူးကနေ ထွက်ခွာဖြစ်ခဲ့ပါက ဆာလား ပြောင်းရွေ့သင့်တဲ့ အသင်းကို ပြောပြလိုက်တဲ့ ရောဘတ်ပီရက်

အာဆင်နယ် တောင်ပံ ကစားသမားဟောင်း ဖြစ်သူ ရောဘတ်ပီရက်က လာမည့် ၂၀၂၃ ခုနှစ်မှာ ကလပ်နဲ့ စာချုပ် သက်တမ်းကုန်ဆုံးတော့မယ့် လီဗာပူး စတား မိုဟာမက်ဆာလားရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်ကို ချပြသွား ခဲ့ပါတယ်။ လီဗာပူး နဲ့ ဆာလား တို့ဟာ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာလား နဲ့ လီဗာပူး တို့ရဲ့ကြား ဆွေးနွေးညှိနှိုင်းမှုဟာ သိပ်ပြီး တိုးတက်မှု မရှိ ဖြစ်နေခဲ့ကာ ဆာလား ကတော့ ဒီရာသီ ကွင်းထဲမှာ အထူး ခြေစွမ်းပြလျက် ရှိနေပြီး လီဗာပူး အတွက် ၂၆ ပွဲမှာ ၂၃ ဂိုးထိ သွင်းယူ ပေးထားခဲ့ ပါတယ်။ အာဆင်နယ် ဂန္တ၀င် ပီရက်က ဆာလား အနေနဲ့ လီဗာပူး နဲ့ စာချုပ်သစ် ဆွေးနွေးမှု ပျက်သွားခဲ့မယ် ဆိုရင် လာလီဂါကို ပြောင်းရွေ့ ကစားသင့်တယ်လို့ အကြံပေး သွားခဲ့ ပါတယ်။

ပီရက်က “လက်ရှိ ကမ္ဘာ့ဘောလုံး လောကရဲ့ အကောင်းဆုံး ကစားသမားလို့ ကျွန်တော် ယူဆထားတာ ကတော့ ပီအက်ဂျီရဲ့ ကီလီယန်အမ်ဘက်ပေ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နောက်မှာ ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့် ၂ ဦး ရှိနေ ပါတယ်။ သူတို့ကတော့ မန်ချက်စတာစီးတီးရဲ့ ကယ်ဗင်ဒီဘရိုင်းနား နဲ့ လီဗာပူးရဲ့ မိုဟာမက်ဆာလား တို့ပဲ ဖြစ်ပါတယ်။

မိုဆာလားရဲ့ အနာဂတ်ဟာ သူ ဘာကို အလို ရှိသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ သူ လီဗာပူး နဲ့ပဲ ဆက်လက် ခရီးဆက်ချင်သလား ဒါမှမဟုတ် စိန်ခေါ်မှု အသစ် အတွေ့အကြုံသစ်ကို ရှာဖွေသွားချင်သလား ဆိုတာကို သူကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချမှတ် သွားရမှာပါ။ ဘာစီလိုနာ နဲ့ ရီးရဲယ်မက်ဒရစ် တို့ကြားမှာ ကစားသမား ရဲ့ အရည်အသွေးကို ထည့်သွင်း ဆုံးဖြတ်မယ် ဆိုရင် ကျွန်တော် ကတော့ ဆာလားဟာ ဘာကာ ရဲ့ ကစားပုံနဲ့ ပိုကိုက်ညီမှု ရှိနိုင်ပါတယ်။ သူနဲ့ နည်းပြဇာဗီ တို့ကြား communition ကလည်း လွယ်ကူပါလိမ့်မယ်။” လို့ ဆိုလိုက် ပါတယ်။

ဆာလားဟာ လက်ရှိမှာ အာဖရိကဖလား ပြိုင်ပွဲ အတွက် အီဂျစ်လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းနေခဲ့ပြီး အီဂျစ်ဟာ လာမည့် တစ်ပတ် အင်္ဂါနေ့မှာ နိုင်ဂျီရီးယား နဲ့ အဖွင့်ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။ အီဂျစ် မန်နေဂျာ နဲ့ မန်ယူနိုက်တက် လက်ထောက်နည်းပြဟောင်း ဖြစ်သူ ကားလို့စ်ကွီရော့ က လက်ရှိ form အရ ဆိုရင် ဆာလားဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ သုံးသပ်လိုက် ပါတယ်။

ကွီရော့က “ကျွန်တော်တို့ အသင်းဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံးလို့ ဆိုရမယ့် ကစားသမားကို ပိုင်ဆိုင်ထားတယ်လို့ ပြောမယ်ဆိုရင် ခင်ဗျားတို့ သဘောတူနိုင်ပါတယ်။ အကယ်၍ ဒီစကားကို ကျွန်တော့်ရဲ့ သူငယ်ချင်း ခရစ်စတီယာနိုရော်နယ်ဒိုသာ ကြားသွားခဲ့မယ် ဆိုရင်တော့ သူ စိတ်ပျက်သွားမှာပါ။” လို့ ပြောသွားပါတယ်။

SM