လက်ရှိ လီဗာပူးကစားသမား နဲ့ လီဗာပူး ကစားသမားဟောင်း တို့ဟာ ဂျာရတ်အတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုတွေ ဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်တဲ့ ကတ်ကာရီနို

အက်စတွန်ဗီလာ အသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီး နောက်ပိုင်း အပြောင်းအရွေ့ စျေးကွက်မှာ ပေါင်သန်း ၃၃၀ နီးပါး အသုံးပြုထားခဲ့ကာ နည်းပြသစ် ဖြစ်သူ စတီဗင်ဂျာရတ်ဟာ ဗီလာ အသင်းကို ကာလရှည် ဝေးကွာနေတဲ့ ဥရောပ ၀င်ခွင့် ရယူပေးရန် စိတ်အားထက်သန်လျက် ရှိနေပါတယ်။

ဒါပေမယ့်လည်း ဂျာရတ်က သူ့အနေနဲ့ အသင်းက ထုတ်ပေးတဲ့ ငွေကြေးတွေကို အပြောင်းအရွေ့ စျေးကွက်မှာ အကျိုးရှိရှိ အသုံးချသွားချင်တယ်လို့ ၀န်ခံထားခဲ့ ပါတယ်။ ဗီလာဟာ ပြီးခဲ့တဲ့ နွေရာသီက ဂျက်ဂရီလစ်ခ်ျကို မန်စီးတီးထံ ပေါင်သန်း ၁၀၀ နဲ့ ရောင်းချခဲ့ပြီးနောက် ဘွန်ဒီယာ ၊ လီယွန်ဘိုင်လေ နဲ့ ဒန်နီအင့် တို့ကို ခေါ်ယူဖို့ အတွက် ပေါင် ၈၇ သန်း အသုံးပြု ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂျာရတ်ဟာ လက်ရှိ လူစာရင်းကို ဒီထက် ပိုမို တောင့်တင်း သွားအောင် လုပ်ဖို့ အတွက် ကစားသမား တစ်ချို့ကို အားဖြည့်ချင် နေပါတယ်။ ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်သူ တိုနီကတ်ကာရီနိုက လက်ရှိ လီဗာပူး အသင်းရဲ့ ကစားသမား ဖြစ်သူ ရော်ဘတ်တိုဖာမီနို နဲ့ ကစားသမားဟောင်း ဖြစ်သူ ဖီလစ်ပီကော်တင်ညို တို့ဟာ အန်ဖီး ဂန္တ၀င် ဂျာရတ် အတွက် အရမ်းကောင်းတဲ့ အားဖြည့်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ကော်တင်ညိုဟာ ဘာစီလိုနာမှာ စိတ်ပျက်ဖွယ်ရာ ကစားသမား ဘ၀ကို ကြုံတွေ့နေရသူ ဖြစ်ပြီး ကလပ်ဘက်ကလည်း ၎င်းကို ရောင်းထုတ်ချင်နေကာ ကစားသမား ဘက်ကတော့ ပရီးမီးယားလိဂ်မှာ ပြန်ကစားချင် နေပါတယ်။ ဒါ့အပြင် ဖာမီနို ကလည်း ဂျိုတာရဲ့ ခြေစွမ်းပြနေမှုကြောင့် အရန်ခုံပေါ် ရောက်သွားခဲ့သူ ဖြစ်ကာ pundity တစ်ဦးဖြစ်တဲ့ ကတ်ကာရီနိုက ဒီကစားသမား ၂ ဦးဟာ ဗီလာ အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ပေးနိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

ကတ်ကာရီနိုက “ဒါဟာ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ခံစားမိနေတာ ဖြစ်ပါတယ်။ ကျွန်တော့် အထင် အက်စတွန်ဗီလာဟာ လီဗာပူးရဲ့ ထိပ်တန်း ကစားသမား တစ်ဦးဦးကို ခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ ထင်နေပါတယ်။ အကယ်၍ ရော်ဘတ်တိုဖာမီနို အနေနဲ့ လီဗာပူး ကနေ ထွက်ခွာကာ ဗီလာကို ပြောင်းရွေ့ သွားခဲ့မယ် ဆိုရင် ကျွန်တော် အံံ့သြမိမှာ မဟုတ်ပါဘူး။ မန်နေဂျာတွေဟာ သူတို့ အလုပ်လုပ်ခဲ့ဖူးတဲ့ ကလပ်ကို အမြဲလိုလို ပြန်ကြည့်လေ့ ရှိပါတယ်။

ဒန်နီအင့်ဟာ ဗီလာမှာ အလုပ် မဖြစ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဒါကို အံ့အားသင့်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ဒန်နီ့ကို အရမ်း နှစ်သက်တဲ့သူ ဖြစ်နေလို့ပါ။ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် သူဟာ အဲဒီမှာ အလုပ် ဖြစ်လိမ့်မယ်လို့ ကျွန်တော် မခံစားမိပါဘူး။ အိုလီ၀က်ကင်း အနေနဲ့ သူ့ဆီက အကောင်းဆုံး အရည်အသွေး ထွက်ပေါ်လာဖို့ အတွက် ဖာမီနိုလို ကစားသမားမျိုးကို လိုအပ်ပါတယ်။ ကျွန်တော် ကတော့ ဂျာရတ်ဟာ ဒီလို ကစားသမားမျိုးကို ရှာဖွေ သွားလိမ့်မယ်လို့ ထင်ပါတယ်။

အပြောင်းအရွေ့ ကိစ္စနဲ့ ပက်သက်ပြီး ဂျာရတ် ပြောခဲ့တဲ့ အချိန်မှာ ဗီလာပရိတ်သတ်တွေ စိတ်လှုပ်ရှားခဲ့ကြပါတယ်။ သူတို့ဟာ ထိပ်တန်း အသင်း ဖြစ်လာနိုင်ပါတယ်။ လူတွေက ကလော့ နဲ့ လီဗာပူးဟာ ဖာမီနိုကို လက်လွှတ်သွားမှာ မဟုတ်ဘူးလို့ ပြောနေကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူဟာ အခု အရန်ခုံကို ရောက်နေပါပြီ။ ဂျိုတာဟာ လီဗာပူးမှာ သူ့နေရာကို ၀င်ယူ ခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးတို့ နောက်ထပ် တိုက်စစ်ကစားသမား တစ်ဦး အားဖြည့်သွားဖို့ ရှိနေတယ် ဆိုတာ သူသိမှာပါ။

ဗီလာတို့ ဖာမီနိုကို ခေါ်ယူသွားမယ်လို့ ကျွန်တော် အတိအကျ ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒီလို ပုံစံမျိုး ကစားတက်တဲ့ ကစားသမားကိုတော့ ခေါ်ယူ သွားမယ်လို့ ထင်ပါတယ်။ ကော်တင်ညို ကို တော့တင်ဟမ် အာဆင်နယ် အဲဗာတန် တို့က စိတ်၀င်စားနေတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် ဂျာရတ်ဟာ ကော်တင်ညို အကြောင်းကို သိနေသူပါ။ သူ့ဆီက အကောင်းဆုံး အရည်အသွေးကို ဘယ်လို ထုတ်ယူရမလဲ ဆိုတာ သူသိနေနိုင်ပါတယ်။

ဗီလာဟာ သူတို့ရဲ့ ရည်မှန်းချက် အတွက် ဒီလိုအဆင့် ကစားသမားတွေကို ခေါ်ယူသွားနိုင်ပါတယ်။ ထိပ်တန်း အသင်းကြီးတွေ အတွက် ကစားခဲ့ဖူးတဲ့ အပြင် အောင်မြင်မှုတွေ ရခဲ့တဲ့ ထိပ်တန်း ကစားသမားပါ။ ဂျာရတ်ကလည်း ဒီလိုမျိုး ကစားသမား ဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ ချန်ပီယံရှစ် ဒါမှမဟုတ် PL ဇယားလယ် အသင်းတွေက ကစားသမားတွေကို ပစ်မှတ်ထားမှာ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM