ယူနိုက်တက် Vs အက်စတွန် ဗီလာ ပွဲအပေါ် ခန့်မှန်းခဲ့တဲ့ အီယန်ရိုက်ကို အာဆင်နယ်ပွဲအကြောင်း ပြန်လည် သတိပေးရင်း တုန့်ပြန်လိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသ မားဟောင်း ဖြစ်သူ ရွိုင်ကိန်း က မနက်ဖြန် နံနက် ကစားကြမယ့် မန်ချက်စတာ ယူနိုက်တက် Vs အက်စတွန် ဗီလာ ပွဲစဥ်နဲ့ ပတ်သက်လို့ အီယန်ရိုက် ရဲ့ မှတ်ချက်ပေးမှုအပေါ် တုန့်ပြန်ခဲ့လိုက် ပါတယ် ။

မနက်ဖြန် နံနက် 2:25 အချိန်မှာတော့ စတီဗင် ဂျရတ် ဦးဆောင်တဲ့ အက်စတွန် ဗီလာ အသင်းဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ FA ဖလား ပြိုင်ပွဲရဲ့ Round 3 ပွဲစဥ် အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းကို ရင််ဆိုင် ကစားရဖို့ ရှိနေပါတယ် ။

လက်ရှိ အချိန်မှာတော့ ကစားကွက် အပြောင်းအလဲတွေ လုပ်ဆောင်နေခဲ့တဲ့ ရဲ့လ်ဖ် ရန်းဂနစ် နဲ့ ကစားပုံ တိုးတက် လာခြင်း မရှိကြသေးတဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ကစားသမားတွေဟာ ဝေဖန်မှုတွေအောက် ရောက််နေကြပြီး မေးခွန်းတွေ ထုတ်ခံနေခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ပြိုင်ဖက် ဝုလ်ဗ် အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ ယူနိုက်တက် ကစားသမားတွေရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေက ဝေဖန်စရာ ဖြစ်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ ကတော့ အဝတ်လဲခန်းထဲမှာ ဘယ်လို ပြသနာမျိုးမှ ရှိမနေကြောင်း ပြောဆိုခဲ့ပါသေးတယ် ။ အခြားတဖက်မှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယား ကလည်း သူဟာ နည်းပြ ၊ အသင်းဖော်တွေနဲ့ စကား ပြောခဲ့သေးတယ်လို့ ဖွင့်ဟခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ အက်စတွန် ဗီလာ အသင်းဟာ ဆောင်းရာသီ စျေးကွက်မှာ ပရီးမီးယားလိဂ် အကြောင်း ကောင်းကောင်း သိထားတဲ့ လီဗာပူး ကွင်းလယ်လူဟောင််း ဖိလစ်ပီ ကော်တင်ဟို ကို ခေါ်ယူပြီး အင်အား ဖြည့်တင််းခဲ့ပါသေးတယ် ။

ဒါ့ကြောင့် ITV ရဲ့ အင်တာဗျူး အစီအစဥ်မှာ ယူနိုက်တက်် Vs ဗီလာ ပွဲမှာ ခြေမငြိမ်တဲ့ ယူနိုက်တက်ကို ဗီလာတို့ အသာစီး ရယူနိုင်မလား လို့ အမေးခံခဲ့ရတဲ့ အချိန်မှာ အာဆင်နယ် ဂန္တဝင် အီယန်ရိုက်က သေချာတာပေါ့လို့ ပြန််လည် တုန့်ပြန် ဖြေကြားသွားခံတာပဲ ဖြစ်ပါတယ် ။

” သေချာတာပေါ့ ၊ သူတို့ အနိုင်ယူနိုင်ပါတယ် ။ ဘယ်အသင််းမဆို အနိုင်ယူနိုင်ပါတယ် ။ ဝုလ်ဗ် အသင်း ဘာလုပ်ခဲ့လဲ ကြည့်လိုက်ပါ ။ သူတို့နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပြီး အနိုင်လည်းယူပြနိုင်ခဲ့ကြပါတယ် ။ ဗီလာကရော ဘာလို့ အဲ့ဒီလို မတွေးနိုင်ရမှာလဲ ? ” လို့ အီယန်ရိုက် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါကို ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း ဖြစ်တဲ့ ရွိုင်ကိန်း က ငြိမ်ခံမနေပဲ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးခဲ့တဲ့ အာဆင်နယ် အသင်းအကြောင်းကို ထည့်သွင်းပြောဆိုရင်း လှလှပပ ပြန်လည် တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

” မင်းကတော့ ဒီလို ပြောနေတယ် ၊ ဒါပေမဲ့ အာဆင်နယ် ကတော့ အဲ့ကွင်းမှာ 3-2 နဲ့ ရှုံးနိမ့်သွားခဲ့တယ်နော် ။ ဟုတ်တယ်မလား ? ” လို့ ရွိုင်ကိန်း က ချက်ချင်း လှလှပပလေး တုန့်ပြန်ပြီး ရယ်မောသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar