ယူနိုက်တက် Vs ဝုလ်ဗ် ပွဲ မတိုင်မီ အသင်းသားတွေကို သတိ ကိုယ်စီပေးလိုက်ကြတဲ့ နှစ်ဖက် အသင်း နည်းပြများ

ဒီနေ့ည 12:00 အချိန်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝုလ်ဗ် အသင််းကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ ဥရောပ ဝင်ခွင့် ရရှိလိုကြတဲ့ နှစ်ဖက် အသင်းအတွက် အရေးပါတဲ့ ပွဲစဥ် တစ်ပွဲပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာ ဝုလ်ဗ် အသင်းဟာ ရမှတ် 25 မှတ်နဲ့ အမှတ်ပေး ဇယား အဆင့် 9 နေရာမှာ ရပ်တည်နေပြီး အဆင့် 7 မှ ယူနိုက်တက်အောက် 6 မှတ် အကွာမှာ ရှိနေပါတယ် ။ အဆိုပါ ပွဲစဥ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဝုလ်ဗ် နည်းပြ ဘရူနို က ပြိုင်ဖက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို သတိထားဖို့ လိုအပ်ကြောင်း အသင််းသားတွေကို သတိပေးခဲ့လိုက်ပါတယ် ။

” ခင်ဗျားတို့ အသင်းဆီမှာ ဂိုးတွေ သွင်းယူပေးနိုင်တဲ့ သူ့လို ကစားသမား ရှိနေရင်… သူဟာ ငယ်စဥ် ကတည်းက ဘောလုံး ကစားလာသူ ဖြစ်တဲ့ အတွက် သူ့ရဲ့အသက် ဘယ််လောက် ရှိပြီလဲဆိုတာ ကျွန်တော် အသေအချာ မသိပါဘူး ။ သူဟာ သက်တမ်း တစ်လျှောက်လုံး တူညီတဲ့ အရည််အသွေးကို ပြထားနိုင်ခဲ့သူ တစ်ဦးပါ ”

” သေချာပါတယ် ၊ သူဟာ ဒီပွဲကို မျှော်နေပြီး ဂိုးသွင်းနိုင်ဖို့ စောင့်ဆိုင်းနေမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒီအပိုင်းမှာ စက်တစ်ခုလို (ဂိုးသွင်းစက်) ဖြစ်နေလို့ပါပဲ ။ သူဟာ ဂိုးတွေ သွင်းချင်တယ် ၊ သွင်းချင်တယ် ၊ ထပ်သွင််းချင်ပါတယ် ။ သူဟာ ဒီအတွက်ပဲ ရှင်သန် ၊ ကစားနေသူပါ ”

” သူဟာ အရမ်းကို ထူးကဲတဲ့ ကစားသမား တစ်ယောက်ပါ ။ ကမ္ဘာပေါ်မှာ ရှိတဲ့ အသင်းတိုင်းက ရော်နယ်ဒို လို ကစားသမား တစ်ဦး အသင်းမှာ ရှိနေစေလိုကြမယ်လို့ ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ် ” လို့ ဝုလ်ဗ် အသင်းရဲ့ နည်းပြ ဖြစ်သူ ဘရူနို လာဂီ က ပြိုင်ဖက် ကစားသမားကို ချီးမွမ်းရင်း သတိထားဖို့ သူ့ရဲ့ ကစားသမားတွေကို သတိိပေးခဲ့လိုက်ပါတယ် ။

ယူနိုက်တက် နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် ကတော့ ဝုလ်ဗ် အသင်းနဲ့ ကစားရမယ့် ပွဲစဥ်မတိုင်မီ သတင်းစာရှင်းလင််းပွဲမှာ ဒါဟာ နောက်ထပ် ရင်ဆိုင်ရ ရှုပ်ထွေးဦးမယ့် ပွဲစဥ် တစ်ပွဲ ဖြစ်ကြောင်း ၊ ပြိုင်ဖက် အသင်းရဲ့ ကစားကွက််အကြောင်း အသင်းသားတွေကို သတိပေးသွားခဲ့လိုက််ပါတယ် ။

” ဟုတ်ပါတယ် ၊ ဝုလ်ဗ် ဆိုတာက ရင်ဆိုင် ယှဥ်ပြိုင်ရ ရှုပ်ထွေးလှတဲ့ နောက်ထပ် အသင်း တစ်သင်းပါ ။ များသောအားဖြင့် သူတို့တွေဟာ ခံစစ် ကစားသမား 3 ဦး ၊ သို့မဟုတ် 5 ဦး ထားပြီး ကစားစေကြပါတယ် ။ သူတို့ရဲ့ ကစားပုံ တကယ်ပဲ ကျစ်လျစ်ပြီး ကောင်တာ တိုက်စစ်ဆင်ပုံကလည်း ​ကောင်းလှပါတယ် ”

” သူတို့လို အသင်းကို ရင်ဆိုင်ရတာက တကယ်တမ်းပဲ ခက်ခဲလှပါတယ် ။ အခုပွဲမှာလည်း ကျွန်တော်တို့တွေဟာ နောက်ထပ် တစ်ကြိမ် မှန်ကန်တဲ့ နေရာယူမှု ၊ နေရာလွတ် ရှာဖွေမှု ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားနိုင်ဖို့ တကယ်ပဲ လိုအပ်လှပါတယ် ”

” ကျွန်တော်တို့တွေဟာ သူတို့ရဲ့ ကောင်တာတိုက်စစ် ကစားပုံံအောက်မှာ မျောမသွားပဲ အန္တရာယ်ရှိတဲ့ နေရာတွေမှာ အကောင်းဆုံး ကစားပြနိုင်ဖို့ လိုအပ်ပါတယ် ။ ဝုလ်ဗ် ဆိုတာက တကယ်ပဲ ရင်ဆိုင်ရ ခက်ခဲတဲ့ အရေးကြီးတဲ့ ပြိုင်ဖက် အသင်း တစ်သင်းပါ ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar