ယူနိုက်တက်ပစ်မှတ် ကွင်းလယ်လူဟာ အသင်းရဲ့ပြသနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ကြောင်း ချက်ကျလက််ကျ ထုတ်ပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူဟောင််း ဖြစ်သူ ရီယို ဖာဒီနန် က လက်ရှိ အသင်းရဲ့ ကွင်းလယ် ပစ်မှတ် ကစားသမားဖြစ်သူ ဒီကလန် ရိုက်စ်ဟာ အသင်းရဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ကြောင်း ထုတ််ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

ဒီကလန် ရိုက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာ အချိန် အတော်ကြာနေခဲ့ပါပြီ ။ အခုတော့ ယူနိုက်တက် အသင်းဟာ 2020 အတွင််း သူ့ကို အရ ခေါ်ယူပြီး အသင်းရဲ့ ကွင်းလယ်ကို တောင့်တင်းစေလိုနေပါတယ် ။

ယူနိုက်တက် ဂန္တဝင် ဖာဒီနန် ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အသင်းဟောင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဥ်မှ ဒီကလန် ရိုက်စ် ရဲ့ စွမ်းဆောင်ရည်ကို နှစ်ခြိုက်နေခဲ့ပါတယ် ။ အဆိိုပါ ပွဲစဥ်မှ စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက် ပရိသတ််တွေလည်း သူ့ကို အရခေါ်စေချင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ သူ့ကို တော်ရုံစျေးနှုန်းနဲ့ ရရှိသွားဖို့တော့ ရှိမနေပါဘူး ။ ဝက်စ်ဟမ်း အသင်းဖက််ကတော့ သူ့အတွက် ပေါင်သန်း 100 အလိုရှိ နေခဲ့ပါတယ် ။ ဒါပေမဲ့ ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုယက်စ် ကတော့ သူ့ကို ရောင်းထုတ်သွားဖို့ မရှိကြောင်း ပြောခဲ့ဖူးပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် ကတော့ အသင််းဟောင်း အနေနဲ့ ဒီကလန် ရိုက်စ် ကို အမိအရ ခေါ်ယူနိုင်ခဲ့ရင်တောင်မှ အသင်းရဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ဦးမှာ မဟုတ်သေးကြောင်း သွယ်ဝိုက်ရင်း သတိပေးစကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းမှ တစ်စုံတစ်ယောက််ကို ခေါ်ယူလိုက်ခြင်းက အလုပ်ဖြစ်စေဦးမှာတော့ မဟုတ််ပါဘူး။ ဒါကို အရင်ထဲက သက်သေအဖြစ် မြင်ခဲ့ဖူးပြီးသားပါ ။ ခင်ဗျားဟာ စူပါစတားတွေကို ခေါ်ယူပြီး အဲ့တာက အသင်းကို ကျက်သရေတိုးစေလိမ့်မယ်လို့ တွေးကောင််းတွေးတောနိုင်ပါတယ် ”

” အရေးကြီးတာက အသင်းကို ဘယ်လို တည်ဆောက်ခဲ့သလဲ ၊ ဘယ်လို နည်းစနစ်ကို အသုံးပြုမလဲ ဆိုတာပါပဲ ။ ခင်ဗျား အနေနဲ့ ဘောလုံးကစားဟန် ၊ နည်းစနစ် တစ်ခုကို တကယ်ပဲ လိုအပ်လှပါတယ် ။ အဲ့တာတွေသာ သီးခြားရှိရင် ကျွန်တော်တို့ ရှေ့ဆက်လို့ ရနိုင်ပါတယ် ”

” အဲ့တာမတိုင်သေးခင်တော့ ခင်ဗျားဟာ စိတ်ကူးတွေနဲ့ပဲ ရှေ့ဆက်နေရမှာပါ ။ ခင်ဗျားအတွေးထဲ ဒီလူဟာ ငါတို့အတွက် နိုင်ပွဲ ရယူပေးလိမ့်မယ်လို့ တွေးနေပါလိမ့်မယ် ။ အရင်က ဘရူနို အဲ့တာမျိုး လုပ်ပြခဲ့ဖူးပါတယ် ။ သူဟာ အသင်းအတွက် ပုံစံကောင်း ပြသခဲ့ချိန် ‘ ဒီကောင် ငါတို့ အတွက် နိုင်ပွဲတွေ ယူလာလိမ့်မယ် ‘ လို့ တွေးတောသူတွေ ရှိခဲ့ကြပါသေးတယ် ”

” အဲ့တာက နည်းစနစ် ၊ အသင်းရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ အပေါ်မှာ မူတည် မနေခဲ့ပါဘူး ။ အဲ့တာက တစ်စုံတရာ အပေါ် မူတည်မနေခဲ့သလို ဒသန တစ်ခုလည်း မဟုတ်ခဲ့ရပါဘူး ။ ဒါဟာ တစ်စုံတစ်ဦး ရဲ့ အရည်အသွေး အပေါ်ကိုပဲ မူတည်နေခဲ့တာပါ ”

” ကမ္ဘာ့ အကောင်းဆုံး အသင်းတွေက တစ်ဦးကောင်းဆိုတဲ့ ခေါင်းစဥ်ကြောင့် ဖလားတွေ ရခဲ့ကြတာ မဟုတ်ပါဘူး ။ အသင်း အကောင်းဆုံး ကစားနိုင်ဖို့ သူတို့ ဖလားတွေကို ရနိုင်ခဲ့ကြတာပါ ။ အဲ့ဒီလိုအသင်းမျိုးမှာ ပွဲအဖြေ ပြောင််းလဲပေးနိုင်တဲ့ တစ်ကိုယ်တော် ကစားသမား ရှိနေခဲ့တာမျိုးပါ ” လို့ ဖာဒီနန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar