ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

ဝုဗ် တောင်ပံ ကစားသမား အာဒမာ ထရာအိုရေး ဟာ တော့တင်ဟမ် ဟော့စပါး အသင်းဆီ ပြောင်းရွှေ့ဖို့ ကို ငြင်းဆန် ခဲ့တယ်လို့ သတင်းထွက်ပေါ် လာပါတယ် ။

ထရာအိုရေး ဟာ အန်တိုနီယို ကွန်တီ ရဲ့ နောက်တန်း ၃ ယောက် ကစားကွက်မှာ Wing-back အဖြစ် မကစားလိုတာကြောင့် ငြင်းပယ် ခဲ့ရတာလို့ သတင်း ထွက်ပေါ် နေပြီး အသင်းဟောင်း ဘာစီလိုနာ ကို ပြန်လည် ပြောင်းရွှေ့ဖို့ ပိုမို လိုလား နေတယ်လို့ သိရ ပါတယ် ။

 

အေစီမီလန် အသင်းကတော့ ရက်စတား ဘဲဂရိတ် အသင်းမှာ ကစားနေတဲ့ ဆားဘီးယား တိုက်စစ်မှူး မာကို လာဇီတစ် ကို ၂၀၂၆ ခုနှစ် အထိ စာချုပ် ချုပ်ဆိုကာ အပြီးသတ် ခေါ်ယူ လိုက်ပြီ လို့ ကြေညာ သွားခဲ့ ပါတယ် ။

 

အေစီ ဟာ နောက်ခံလူ သီယို ဟာနန်ဒက်စ် ရဲ့ စာချုပ်သစ် ကိစ္စ ကိုလည်း ဆက်လက် လုပ်ဆောင် နေပြီး ရှော်ကေး ခံစစ်မှူး မာလစ် တီယော ကိုလည်း စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် လူငယ် တိုက်စစ်မှူးလေး အာမက် ဒီရယ်လို ထရာအိုရေး ကတော့ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းဆီကို ရာသီကုန်တဲ့ အထိ ၆ လ အငှား စာချုပ်နဲ့ ပြောင်းရွှေ့ သွားရောက် ကစားတော့မယ်လို့ ကြားသိရ ပါတယ် ။

ဆောက်သမ်တန် အသင်းကတော့ တိုက်စစ် အားသန်တဲ့ ကွင်းလယ်လူ တယောက်ကို ခေါ်ယူဖို့ စိတ်ကူး နေပြီး ချဲလ်ဆီး လူငယ် တီနို အန်ဟော်ရင် ကို မျက်စိကျ နေတယ်လို့ သိရှိရ ပါတယ် ။

 

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာ ဒေါ့မွန် အသင်းမှာ ကစားနေတဲ့ ဘယ်လ်ဂျီယံ ညာနောက်ခံလူ သောမတ်စ် မူနဲယား ကို ခေါ်ယူလိုကြောင်း အသိပေးထား အပြီးမှာ ဘာစီလိုနာ တာဝန်ရှိသူတွေဟာ ဒေါ့မွန် အသင်းနဲ့ ချိတ်ဆက်မှု ပြုလုပ် ခဲ့တယ်လို့ သိရ ပါတယ် ။

 

ဒါ့အပြင် ဘာစီလိုနာ ဟာ ရက်ဘူး ဆဲလ်ဘတ် အသင်းမှာ ကစားနေတဲ့ အဒီယီမီ ကိုလည်း လီဗာပူး ၊ အင်တာမီလန် တို့နဲ့ အပြိုင် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရ ပါတယ် ။ အဒီယီမီ ကတော့ လာမယ့် နွေရာသီမှာ ဒေါ့မွန် ကို ပြောင်းရွှေ့ဖို့ စိတ်ကူးထားပြီး ကလပ် ၂ သင်း အကြား ဆွေးနွေးမှုတွေ ကတော့ သဘောတူညီတဲ့ အဆင့်ကို မရောက်ရှိ သေးဘူးလို့ ကြားသိ ပါတယ် ။

 

အဲဗာတန် အသင်းကတော့ အလားအလာ ရှိတဲ့ လူငယ် တောင်ပံ ကစားသမားလေး လူးဝစ် ဒေါ့ဘင် ကို ၂၀၂၅ ဇွန်လ အထိ ၃ နှစ်ခွဲ စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း အသိပေး ကြေညာ သွားခဲ့ ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် အသင်းကတော့ ဗလင်စီယာ ကစားသမား ဒန်နီရယ် ဝက်စ် ကို ခေါ်ယူ နိုင်ခဲ့ပြီ လို့ သိရ ပါတယ် ။ ဒန်နီရယ် ဝက်စ် ဟာ ဒီကနေ့မှာ မက်ဒရစ် ကို ရောက်လာပြီး ဆေးစစ်မှု ပြုလုပ်မယ်လို့ သိရ ပါတယ် ။

 

အာဆင်နယ် အသင်းမှာ လာရောက် လေ့ကျင့် နေတဲ့ ဂျက် ဝီလ်ရှိုင်းယား ကို ချန်ပီယံရှစ် ကလပ် အသင်း အများအပြား အပါအဝင် အီတလီ ၊ ဂရိစ် ကလပ်တွေ က ချိတ်ဆက် နေကြတယ်လို့ သိရှိရ ပါတယ် ။

 

ချဲလ်ဆီး ဟာ လိုင်ယွန် မှာ ကစားနေတဲ့ ဘယ်နောက်ခံလူ အီမာဆင် ပယ်လ်မာရီ အတွက် အငှား စာချုပ် ဖျက်သိမ်းကြေး အဖြစ် ပေါင် ၃ သန်း နဲ့ ပြန်လည် ခေါ်ယူဖို့ ကြိုးစားခဲ့ ပေမယ့် လိုင်ယွန် ဘက်က ပယ်ချ သွားခဲ့တယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR