မာနေး နဲ့ ဆာလား တို့ရဲ့ နေရာကို ကောင်းစွာ အစားထိုးပေးနိုင်မယ့် လာလီဂါစတားကို ခေါ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ ဂျွန်ဘန်း

လီဗာပူး တောင်ပံ ကစားသမားဟောင်း ဖြစ်သူ ဂျွန်ဘန်းက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လာမည့် နွေရာသီမှာ ဘာစီလိုနာ နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ် ပြင်သစ် တောင်ပံ တိုက်စစ် ကစားသမား အူစမာနီဒမ်ဘီလီ ကို ခေါ်ယူဖို့ ကြိုးစား သင့်တယ်လို့ ယုံကြည် နေပါတယ်။

လီဗာပူး အသင်းဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံး ၁၆ သင်း အဆင့်ကို တက်ရောက် ထားနိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် မှာတော့ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီး ထိပ်ဆုံးက မန်ချက်စတာစီးတီး နဲ့ ၁၁ မှတ် ကွာဟလျက် ရှိနေပါတယ်။ ဒမ်ဘီလီဟာ လာမည့် နွေရာသီမှာ ဘာစီလိုနာ နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ကလပ်နဲ့ စာချုပ်သစ် ဆွေးနွေးမှုကလည်း အဆင်မပြေ ဖြစ်နေပါတယ်။

ဒါ့ကြောင့် ဒမ်ဘီလီ အနေနဲ့ ယခုလမှာ နိုင်ငံခြား ကလပ်တစ်ခုခုနဲ့ အကြို သဘောတူစာချုပ် ချုပ်ဆိုခွင့် ရှိနေပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ အတူ ကွင်းထဲမှာလည်း ရုန်းကန်ရလျက် ရှိနေပြီး ချန်ပီယံလိဂ် အုပ်စုအဆင့် ကနေ ထွက်ခွာ ထားခဲ့ရတဲ့ အပြင် လာလီဂါမှာလည်း အမြင့်ဆုံး ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့သာ မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး ၎င်းရဲ့ နေရာမှာ ကလပ် ဂန္တ၀င် ဇာဗီက အစား ၀င်ရောက် လာခဲ့ပါတယ်။ ဘာစီလိုနာရဲ့ ရုန်းကန် နေရမှုတွေကြောင့် အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ကလပ်ကနေ ထွက်ခွာဖို့ ရှိနေပြီး ဘန်းက လီဗာပူး အနေနဲ့ ဒမ်ဘီလီကို ခေါ်ယူရန် ထိပ်ဆုံးကနေ ကြိုးစား သွားသင့်တယ်လို့ ယုံကြည် နေပါတယ်။

ဘန်းက “ဒမ်ဘီလီ အနေနဲ့ အမြဲတမ်း ကြံ့ခိုင်မှု ပြည့်ဝအောင် ထိန်းထားနိုင်ခဲ့မယ် ဆိုရင် သူဟာ လီဗာပူး အတွက် အရမ်းကို ကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာမှာပါ။ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ကျွန်တော် အတိအကျ မသိပေမယ့် သူ့ရဲ့ ကစားဟန်ဟာ လီဗာပူးရဲ့ system နဲ့ အံကိုက်ပါပဲ။ သူဟာ မြန်တယ် ၊ တိုက်ရိုက်ကျကျ တိုက်စစ်ဆင် ကစားတယ် ၊ ဘောလုံးအရည်အသွေး ပြည့်ဝြပီး aggressive ဖြစ်တဲ့ ကစားဟန် ရှိနေပြီး ဒါဟာ လီဗာပူးရဲ့ front three မှာ လိုအပ်တဲ့ အရည်အသွေးတွေပါ။

သူဟာ မာနေး နဲ့ ဆာလား တို့ နေရာကို အနာဂတ်မှာ အကောင်းဆုံး အစားထိုးပေးနိုင်မယ့် ကစားသမား ဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦး စလုံးဟာ အသက် ၃၀ ပြည့်တော့မယ် သူတွေပါ။ ဒမ်ဘီလီဟာ ငယ်ရွယ်ပါသေးတယ်။ ဒ့ါကြောင့် သူဟာ မာနေး နဲ့ ဆာလား တို့ နေရာ အတွက် ရေရှည်အစားထိုးမှုကောင်း တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ကာလတို အစားထိုးမှု မဟုတ်ပါဘူး။

ဒီယေဂိုဂျိုတာဟာ လီဗာပူးကို ရောက်လာခဲ့ပြီးနောက် မာနေး ဒါမှမဟုတ် ဖာမီနို တို့ ကစားပုံ မကောင်းတာပဲ ဖြစ်ဖြစ် ဒဏ်ရာ ရနေတာပဲ ဖြစ်ဖြစ် ဒီနေရာတွေကို ကောင်းကောင်း အစား၀င် ပေးခဲ့ပါတယ်။ ဒမ်ဘီလီရဲ့ ဆီမှာ ကျွန်တော် ဂျိုတာရဲ့ ပုံစံမျိုးကို မြင်နေရပါတယ်။ အရည်အသွေး မြင့်မားတဲ့ ကစားသမား ဖြစ်နေတာကြောင့် ဒမ်ဘီလီဟာ အရမ်းကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာနိုင် ပါတယ်။” လို့ ဆိုသွားပါတယ်။

ဒမ်ဘီလီရဲ့ ဒဏ်ရာ ပြသနာ မှတ်တမ်းကတော့ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက် သတိထားစရာ ဖြစ်နေပြီး ၎င်းဟာ ဒေ့ါမွန်ကနေ ဘာစီလိုနာကို ရောက်လာခဲ့ပြီးနောက်ပိုင်း ကြံ့ခိုင်မှု ပြသနာတွေကြောင့် ၁၀၂ ပွဲထိ လွဲချော်ထားခဲ့သူ ဖြစ်ပါတယ်။

SM