မန်ချက်စတာ ယူနိုက်တက်ရဲ့ အနာဂတ် ခေါင်းဆောင် ဖြစ်လာမဲ့ ကစားသမား အမည်ကို ထုတ်ပြောလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ စကော့ မက် တော်မီနေး ဟာ မကြာခင် နှစ် အနည်းငယ် အတွင်းမှာ အသင်း ခေါင်းဆောင် ဖြစ်လာနိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့က အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ FA ဖလား ပြိုင်ပွဲရဲ့ Round 3 ပွဲစဥ် အဖြစ် အက်စတွန် ဗီလာ အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး ပွဲချိန် 8 မိနစ်မှ တော်မီနေး ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ် ။

 

အဲ့ဒီပွဲ မတိုင်ခင် ယူနိုက်တက်တို့ ဘန်လေကို 3 – 1 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဥ်မှာလည်း တော်မီနေးဟာ လှပတဲ့ အဝေးကန်ချက်နဲ့ ဂိုးသွင်းယူ နိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲဲ့ သူ့ရဲ့ ခြေစွမ်းက တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတာက အားရစရာ မရှိတဲ့အရာတစ်ခု ဖြစ်ခဲ့ရပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေ အနက် မိနစ် 90 လုံးနီးပါး မာန်ဟုန် အပြည့်နဲ့ အမြဲလို ကစားပေးနိုင်တဲ့ ကစား သမား တစ်ဦးကို ပြပါဆိုရင် ပရိသတ်တွေက ကွင်းလယ်မှာ အလုပ်တွေ အမြဲ ကြိုးစားတဲ့ တော်မီနေးကို ရွေးချယ်ကြမှာ အသေအချာပါပဲ ။

အခုတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ် က ကွင်းလယ်လူ တော်မီနေး ရဲ့ စွမ်းအင် အပြည့် နဲ့ ကစားပေးတတ်သူ ဖြစ်ကြောင်း ချီးမွမ်း သွားခဲ့လိုက်ပြီး သူဟာ ဂိုးတွေ သွင်းယူပေးနိုင်သူ ဖြစ်ကြောင်း ၊ ခေါင်းဆောင်နိုင်မှု စွမ်းရည် ရှိသူဖြစ်ကြောင်း ချီးကျူးသွားခဲ့လိုက် ပါတယ် ။

” သူက အကယ်ဒမီ ကစားသမားလေး တစ်ယောက်ပါ ။ သူရဲ့ ကစားအားတွေက အံ့ဖွယ်ပါပဲ ။ အခုတော့ သူဟာ ဂိုးတွေကိုလည်း စတင် သွင်းယူနိုင်ခဲ့ပါပြီ ။ ပြီးတော့ သူဟာ ခေါင်းဆောင်နိုင်မှု အရည်အသွေးတွေကိုလည်း ပိုင်ဆိုင််ထားသူ တစ်ဦးပါပဲ ”

” အကယ်လို့ လာမယ့် နှစ် အနည်းငယ် အတွင်းမှာ သူက အသင်းရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့မယ် ဆိုရင် ကျွန်တော်တော့ အံ့အားသင့်မိမှာ မဟုတ်ပါဘူး ” လို့ ရန်းဂနစ် က အက််စတွန် ဗီလာ အသင်း နဲ့ နိုင်ပွဲ အပြီးမှာ ကွင်းလယ်လူ ဖြစ်သူကို ချီးကျူး စကားတွေ ဆိုခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ အသင်း ခေါင်းဆောင်ဟာ ဟယ်ရီ မက်ဂွားယားပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူဟာ ဝမ်းဗိုက် ဒဏ်ရာ ရရှိနေခဲ့တဲ့ အတွက် အက်စတွန် ဗီလာ အသင်း နဲ့ ပွဲစဥ်ကို ကစားပေးခွင့် လွဲခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဒီပွဲစဥ်မှာ ရန်းဂနစ်ဟာ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို ခေါင်းဆောင်လက်ပတ် ပေးဆောင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာတော့ ဘရူနို ဖာနန်ဒက်စ်ဟာ အရင််လို ခြေစွမ်းပျောက်ဆုံးနေခြင်းမရှိပဲ ထိုက်သင့်သလောက်် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်ခဲ့ပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ၊ လက်ရှိအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ် အများစု က မာန်ဟုန် အပြည့်နဲ့ ကစားပေးတတ်တဲ့ တော်မီနေး ၊ လက်စွမ်းကောင်းတွေ ဆက်တိုက် ပြသနေခဲ့တဲ့ ဂိုးသမား ဒီဂီယာတို့ကို အသင်းခေါင်းဆောင်လက်ပတ် ဆင်မြန်းစေလိုနေကြတယ်လို့ သိနေခဲ့ရပါတယ် ။

#Sports_Myanmar