မက်ဆီ နဲ့ ရိုနယ်ဒို ဆိုတာ ၂၀၀၇ ဝန်းကျင် လောက်ကစပြီး ဘောလုံး လောက ရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်လာခဲ့ တာပါ ။
အဲ့ဒိ အချိန်ကနေ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက် အထိ သူတို့ နာမည် မပါတဲ့ အကောင်းဆုံး ပြိုင်ပွဲ ၊ သူတို့ မပါတဲ့ ဆုပေးပွဲ တွေဆိုတာ မရှိသလောက် ပါပဲ ။
တနှစ်တာ အကောင်းဆုံး အသင်းတွေ မှာလည်း မက်ဆီ နဲ့ ရိုနယ်ဒို တို့ရဲ့ အမည်တွေက ကြိုတင် နေရာ ဦးထားပြီးသားပါ ။
ဒါပေမယ့် ဒီ ၂ နှစ် အတွင်းမှာတော့ နေဝင်ချိန်ကို စတင် လှမ်းလျောက် လာတဲ့ သူတို့ ၂ ယောက်ဟာ အကောင်းဆုံး နေရာတွေ အတွက် စကာတင် စာရင်းတွေမှာ တဖြည်းဖြည်း ပါဝင်မှု နည်းပါး လာခဲ့ ပါတယ် ။
မက်ဆီ ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံး ဆုကို ရရှိခဲ့ ပေမယ့် အရင်တုန်းကလိုမျိုး တခဲနက် ထောက်ခံမှု ကို မရရှိတော့ဘဲ ဝေဖန်သံတွေ ဆူညံ စေခဲ့ရ ပါတယ် ။
အခု နောက်ဆုံးကြားသိ ရတဲ့ သတင်းမှာတော့ မက်ဆီ ရော ရိုနယ်ဒို ပါ L’Equipe ရဲ့ တနှစ်တာ အကောင်းဆုံး အသင်း စာရင်းမှာ ပါဝင် မလာခဲ့ကြ တော့ဘဲ ကျန်ရစ် ခဲ့တယ်လို့ သိရ ပါတယ် ။
ရွှေဘောလုံး ဆုကို ကမကထ လုပ်ပေးတဲ့ ပြင်သစ် အခြေစိုက် အားကစား မဂ္ဂဇင်း L’Equipe ဟာ နှစ်စဉ် နှစ်တိုင်း အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်လေ့ ရှိပြီး ဒီနှစ် နှစ်ကုန် အပြီးမှာလည်း ၂၀၂၁ အတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ နေရာအလိုက် ကစားသမား ၁၁ ဦးကို ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။
မက်ဆီ ဟာ ၂၀၂၁ ကို ဇွန်လ လောက်အထိ အောင်မြင်မှု အထိုက်အလျောက် ရရှိခဲ့ပါတယ် ။
ဘာစီလိုနာ နဲ့ ကိုပါ ဒယ်ရေး ဖလား ရခဲ့သလို လာလီဂါ ရဲ့ ဂိုးသွင်း ဘုရင်ဆု ကိုလည်း ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။
ဇွန်လ နဲ့ ဇူလိုင်လ ထဲမှာ ကျင်းပ ခဲ့တဲ့ ကိုပါ အမေရိက ဖလား ပြိုင်ပွဲမှာလည်း မက်ဆီ ဟာ အာဂျင်တီးနား နဲ့ ဗိုလ်စွဲ ခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း ဆွတ်ခူးခဲ့ ပါတယ် ။
ဒါပေမယ့် ကျန်တဲ့ ၆ လ မှာတော့ မက်ဆီ ဟာ PSG ကို ပြောင်းရွှေ့ လာမှု နဲ့ အတူ ရေသစ် မြေသစ် အသင်းသစ် မှာ အသားမကျသေးဘဲ ရုန်းကန် နေခဲ့ရ ပါတယ် ။
ရွှေဘောလုံး ၇ ဆုရှင် ဟာ ပြင်သစ် လိဂ် မှာ စွမ်းဆောင်ရည် နည်းပါး နေပြီး ချန်ပီယံလိဂ် မှာတော့ အထိုက်အလျောက် စွမ်းဆောင် ထားနိုင်ခဲ့ ပါတယ် ။
ရိုနယ်ဒို ကလည်း မက်ဆီ နည်းတူ ပြည်တွင်း ရှုံးထွက် ဖလား နဲ့ စီးရီးအေ ရွှေဖိနပ်ဆုတွေ ကို ၂၀၂၁ အတွင်းမှာ ရခဲ့ ပါတယ် ။
မက်ဆီ လို နိုင်ငံ အသင်းနဲ့ အောင်မြင်မှု မရှိခဲ့ ပေမယ့် ရိုနယ်ဒို ဟာ သွင်းဂိုး စံချိန်သစ်တွေကို ရယူ နိုင်ခဲ့ ပါတယ် ။
ရိုနယ်ဒို ဟာ ဒီရာသီ အစမှာတော့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဆီ ပြောင်းရွှေ့ ခဲ့ပြီး အသင်းရဲ့ အဓိက ဂိုးသွင်းသူ အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။
ဒါပေမယ့် ဒီလို စွမ်းဆောင်မှုတွေဟာ GOAT ၂ ယောက်ကို L’Equipe ရဲ့ တနှစ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်ဖို့ မလုံလောက်စေခဲ့ ပါဘူး ။
ယမန်နေ့ က ထုတ်ပြန် ကြေညာခဲ့တဲ့ ဒီစာရင်းရဲ့ ဂိုးသမား နေရာကိုတော့ ချဲလ်ဆီး ဂိုးသမား အက်ဒွာ မန်ဒီ က ရရှိ သွားခဲ့ ပါတယ် ။
နောက်တန်း ၄ ယောက်မှာတော့
သီယို ဟာနန်ဒက်စ် ( အေစီမီလန် ၊ ပြင်သစ် )
မာကွင်ဟိုစ့် ( PSG ၊ ဘရာဇီး )
ရူဘင်ဒီယာ့စ် ( မန်စီးတီး ၊ ပေါ်တူဂီ )
အလက်ဇန်းဒါး အာနိုး ( လီဗာပူး ၊ အင်္ဂလန် ) တို့ ပါဝင် ခဲ့ကြပါတယ် ။
ပရိသတ်တွေ ကတော့ မာကွင်ဟိုစ့် ရဲ့ နေရာမှာ ချဲလ်ဆီး ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗား ပါဝင်ဖို့ အကြွင်းမဲ့ ထိုက်တန်တယ်လို့ ဝေဖန် ခဲ့ကြပါတယ် ။
အလယ်တန်း မှာတော့ ကယ်ဗင် ဒီဘရိုင်းနား ၊ ဂျော်ဂျင်ဟို ၊ ကန်တီ နဲ့ မိုဟာမက် ဆာလာ တို့ ပါဝင် လာခဲ့ ကြပါတယ် ။ ဒီနေရာ အတွက်တော့ ဝေဖန်မှု သိပ်ပြီး မရှိခဲ့ကြ ပါဘူး ။
ရှေ့တန်း မှာတော့ ရီးရဲ တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ဟာ ဘိုင်ယန် မြုးနစ် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး နဲ့ အတူ ၂၀၂၁ ရဲ့ အကောင်းဆုံး အသင်းတိုက်စစ်မှူးတွေ အဖြစ် ပါဝင် နိုင်ခဲ့ ကြပါတယ် ။
L’Equipe ရဲ့ ၂၀၂၁ အကောင်းဆုံး အသင်း
အက်ဒွာ မန်ဒီ
သီယို ဟာနန်ဒက်စ် ၊ မာကွင်ဟိုစ့် ၊ ရူဘင် ဒီယာ့စ် ၊ အလက်ဇန်းဒါး အာနိုး
ဒီဘရိုင်းနား ၊ ဂျော်ဂျင်ဟို ၊ ကန်တီ ၊ မိုဟာမက် ဆာလာ
ဘန်ဇီးမား ၊ ရောဘတ် လီဝန်ဒေါ့စကီး
SPORTS MYANMAR