မက်ဂွားယားကို အသင်းခေါင်းဆောင် ရာထူး ပေးလိုက်တာကိုက မှားတာပဲလို့ ပြောလိုက်ပြီး ဘယ်သူ့ကို ဒီရာထူး ပေးသင့်လဲဆိုတာပါ ပြောလိုက်တဲ့ ဖာဒီနန်

ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က အသင်းဟောင်း အနေနဲ့ အသင်း ခေါင်းဆောင် အဖြစ် ဟယ်ရီ မက်ဂွားယားကို ခန့်အပ်ခဲ့တာဟာ မှားယွင်းကြောင်း ၊ သူ့အစား ဒေးဗစ် ဒီဂီယာကို အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ် သင့်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

ဟယ်ရီ မက်ဂွားယား ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပြီးနောက် ​မကြာမီမှာပဲ အသင်း ခေါင်းဆောင်် ရာထူးကို အသင််းဖော် အက်ရှ်လေယန်း ဆီက ရယူနိုင်ခဲ့သူ ဖြစ်ခဲ့ရပါတယ် ။

သူဟာ အစပိုင်းတုန်းက အသင်းရဲ့ ခံစစ်ကို ပိုကောင်းစေနိုင်ခဲ့တဲ့ အတွက် ဒီရာထူးနဲ့ ထိုက်တန်တယ်လို့ ထင််ကြေးပေးခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ ရလဒ်ကောင်း ပိုင်ဆိုင်ဖို့ ရုန်းကန်ခဲ့ရချိန် ၊ သူ ကိုယ်တိုင် ရုန်းကန်ရချိန်မှာ ဝေဖန်မှုတွေ ဆက်တိုက် ကြုံခဲ့ရပါတယ် ။

အကျိုးဆက် တစ်ခုအဖြစ် အချို့ ပရိသတ်တွေဟာ သူ့ဆီက အသင်းခေါင်းဆောင် ရာထူးကို ပြန်လည် ရုပ်သိမ််းလိုက်ဖို့ အသင်းကို တိုက်တွန်း သွားခဲ့ကြပါတယ် ။ ဒါ့အပြင်် အောက်တိုဘာတုန်းက ယူနိုက်တက် အသင်းဖော် တစ်ဦးဟာလည်း မက်ဂွားယားကို ဒီရာထူး ပေးခဲ့တာနဲ့ ပတ်သက််လို့ ဆိုးလ်ရှားကို မေးခွန်းထုတ်ခဲ့သေးတယ်လို့ သတင််းထွက်ခဲ့ပါသေးတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မက်ဂွားယား ပါဝင်ခဲ့တဲ့ ပွဲစဥ်တွေမှာ 4 ပွဲမျှသာ Clean Sheet ရယူထားနိုင်ခဲ့ပါသေးတယ် ။ ဒီအတွက် ယူနိုက်တက် ဂန္တဝင်် ဖာဒီနန်က မက်ဂွားယားကို ခေါင်းဆောင်အဖြစ် အရံခုံပေါ် ပို့လိုက်ဖို့ဆိုတာကလည်း နည်းပြအတွက် ခက်ခဲ​လိမ့်မယ်လို့ ထင်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အချက်အလက် တစ်ခုကို ထောက်ပြရရင် အသင်းခေါင််းဆောင် ရာထူးကို သူ့ဆီပေးထားတာကြီးက သူ့အတွက် ကျက်သရေမင်္ဂလာ တိုးစေပါတယ် ။ အဲ့တာက ဖြစ်နေမှာပါပဲ ။ ဒါပေမဲ့ သူ့ကို အသင်း ခေါင်းဆောင် ရာထူး ပေးလိုက််တာကိုက စောလွန်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာပြီး အသင်းခေါင်းဆောင် ရာထူးကို ရယူရင်း သက်သောင့်သက််သာ ခံစားရမယ်ဆိုတာက ဖြစ်ဖို့ ခက်ခဲလွန်းတဲ့ အရာ တစ်ခုပါ ။ ယူနိုက်တက် အသင်း ခေါင်းဆောင် ရာထူးဆိုတာက တကယ့်ကို တာဝန်ကြီးလေးတဲ့ အရာတစ်ခုပါပဲ ”

” အဲ့တာကို သမိုင်းကြောင်း တစ်လျှောက်မှာလည်း မြင်တွေ့ နိုင်ပါတယ် ။ ဒါဟာ ခင်ဗျားရဲ့ ပုခုံးပေါ်ကို ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုး တင်လိုက်ခြင်းပါပဲ ။ ခင်ဗျား အနေနဲ့ အဲ့ဒီ ဝန်ထုပ်ဝန်ပိုးကို ထမ်းနိုင်ဖို့အတွက် အချိန်အတော်ကြာ ကစားပေးတဲ့ အတွေ့အကြုံမျိုး ရှိနေဖို့ တကယ်ပဲ လိုအပ်လှပါတယ် ”

” ဟယ်ရီ မက်ဂွားယား အတွက်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာပြီး အသင်းရဲ့ အဓိကကျတဲ့ ကစားသမား ဖြစ်နိုင်ဖို့ အရင်ဆုံး အာရုံစူးစိုက်ပြီးမှ အသင််း ခေါင်းဆောင် ဖြစ်နိုင်ဖို့ လုပ်ဆောင်ခဲ့ရမှာပါ ” လို့ ရီယို ဖာဒီနန် က ပြောလိုက်ပြီး ဒီဂီယာ နဲ့ ပတ်သက်လို့…

” ကျွန်တော်တို့ အဲ့ဒီအကြောင်းပြောဆိုနေစဥ် တွေးတောရမှာက အသင်းမှာ ခေါင်းဆောင်တွေ အများကြီး ရှိမနေကြပါဘူး ။ အဲ့တာဆို ဘယ်သူ့ကို ခေါင်းဆောင် တာဝန် ပေးအပ်မလဲ ဆိုတာပါပဲ ။ ဒီအတွက် ကျွန်တော့်ရဲ့ ရွေးချယ််မှုက ဒေးဗစ် ဒီဂီယာပဲ ဖြစ်သွားမှာပါ ”

” ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒီအသင်းမှာ နေတာ ကြာပြီ ဖြစ်သလို အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ဘာကို လိုအပ်လဲ ဆိုတာပါ သိထားလို့ပါပဲ ။ မက်ဂွားယားလို အသင်းဆီကို အခုမှ ရောက်လာတဲ့ ကစားသမား တစ်ဦးဆီ ဒီလို ရာထူး ပေးလိုက်တာက အရမ်းကို ဝန်လေးစေပါလိမ့်မယ် ” လို့ ဖာဒီနန် က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar