ဘာဆာ ရဲ့ တိုက်စစ်မှူး ပစ်မှတ်သစ် ၊ PSG ကို နည်းပြမယ်ဆိုတဲ့ ဇီဒန်း ၊ ပြန်ကန်ပွဲတို့ရဲ့ ရက်စွဲတွေနဲ့ . . . နံနက်ခင်း အားကစား သတင်းများ

 

ကိုဗစ်ကြောင့် ရွှေ့ဆိုင်း ခဲ့ရတဲ့ ပွဲတွေ အတွက် ပြန်လည် ကစားမယ့် ရက်စွဲတွေ ကို ပရီးမီးယားလိဂ် က ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

ဆောက်သမ်တန် နဲ့ ဘရန့်ဖိုဒ့် ၊ အဲဗာတန် – လက်စတာ ၊ ဝက်စ်ဟမ်း နဲ့ နောဝှစ်ချ် စီးတီး တို့ရဲ့ ပြန်ကန် ပွဲတွေ ကို ဇန်နဝါရီ ၁၁ နဲ့ ၁၂ တို့မှာ ကစားဖို့ သတ်မှတ် ခဲ့ပြီး

ဘရန့်ဖိုဒ့် – မန်ချက်စတာ ယူနိုက်တက် ၊ လက်စတာ စီးတီး နဲ့ တော့တင်ဟမ် ဟော့စပါး တို့ရဲ့ ပွဲတွေ ကိုတော့ ဇန်နဝါရီ ၁၉ ရက်နေ့ မှာ ကစားဖို့ သတ်မှတ် ခဲ့ပါတယ် ။

ဘန်လေ နဲ့ ဝက်ဖိုဒ့် ၊ ဘရိုက်တန် နဲ့ ချဲလ်ဆီး တို့ရဲ့ ပွဲတွေ ကတော့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင် ကစားသွားကြမှာပဲ ဖြစ် ပါတယ် ။

အာဆင်နယ် နဲ့ ဘန်လေ တို့ရဲ့ ရွှေ့ဆိုင်းပွဲ ကိုတော့ လီဗာပူး နဲ့ အာဆင်နယ် တို့ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲ ( ဇန်နဝါရီ ၂၀ ) ရှိလာတာကြောင့် ကနဦး စီစဉ်ထားတဲ့ ဇန်နဝါရီ ၂၂ ကနေ ဇန်နဝါရီ ၂၃ ကို ရွှေ့ပြောင်းလိုက်တယ်လို့ သိရ ပါတယ် ။

ဘုန်းမောက် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ် နောက်တန်း ကစားသမားလေး အီသန် လားဒ် ကို ရာသီကုန် အထိ အငှား နဲ့ ခေါ်ယူ လိုက်ပြီ ဖြစ် ပါတယ် ။

ကိုဗစ် နလန်ထစ ဖြစ်ခဲ့တာကြောင့် ဂီတာဖေး နဲ့ ပွဲကို မပါဝင် နိုင်ခဲ့တဲ့ ရီးရဲ တိုက်စစ်မှူး ဗီနီဆီယပ် ဂျူနီယာ ဟာ ဒီတပတ် ကစားမယ့် ဗလင်စီယာ နဲ့ ပွဲကိုတော့ ပြန်လည် ပါဝင် လာနိုင်ဖို့ ရှိနေပြီလို့ သတင်းကောင်း ကြားသိရ ပါတယ် ။

မနေ့ ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်တွေ မှာတော့ အေစီမီလန် ဟာ ရိုးမား အသင်း ကို ၃-၁ နဲ့ အနိုင် ရရှိပြီး ဘိုလော့နာ နဲ့ ပွဲပျက် သွားခဲ့တဲ့ အင်တာ မီလန် နဲ့ ၁ မှတ် အကွာကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ် ။

အေစီမီလန် အတွက် ဂျီရူး ၊ ရာဖေး လီယို နဲ့ ဂျူနီယာ မက်ဆီယက်စ် တို့က ၁ ဂိုးစီ သွင်းပေး ခဲ့ကြပြီး ရိုးမား အတွက် တမ်မီအေဘရာဟမ် က သွင်းယူပေးခဲ့ ပါတယ် ။

ယူဗင်တပ် နဲ့ နာပိုလီ တို့ပွဲ ကတော့ တဘက် ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းဟာ တိုက်စစ်ကို အင်အား ဖြည့်ဖို့ အတွက် ဝုဗ် တောင်ပံ ကစားသမား ထရာအိုရေး ကို ဒီဇန်နဝါရီမှာ ခေါ်ယူ နိုင်ဖို့ ကြိုးစား သွားမယ်လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး ခံစစ်မှူးကြီး သီယာဂို ဆေးလ်ဗား ဟာ ကိုဗစ် ကူးစက် ခံထားရတာကြောင့် သီးသန့် ခွဲခြား နေထိုင်ပြီး စည်းကမ်း နဲ့ အညီ နေထိုင် စားသောက် ပြုမူ နေပါတယ်လို့ ဇနီး ဖြစ်သူက ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းကတော့ တိုက်စစ်မှူးသစ် ရှာပုံတော် ဖွင့်နေဆဲ ဖြစ်ပြီး တရုတ် စူပါလိဂ် မှာ ကစားနေတဲ့ ဗီလာရီးရဲ တိုက်စစ်မှူးဟောင်း ဘာကမ်ဘူး ကို စိတ်ဝင်စား လာတယ်လို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။

ဒိန်းမတ် ကွင်းလယ် ဖန်တီးရှင် ခရစ်ရှန် အဲရစ်ဆင် ကတော့ ဆွစ်ဇာလန် တတိယတန်းလိဂ် ကလပ် ချီယာဆို အသင်းမှာ သွားရောက် လေ့ကျင့်မှု ပြုလုပ် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

 

အဲရစ်ဆင် ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ဒိန်းမတ် နဲ့ ပါဝင် ကစားနိုင်ဖို့ ရည်မှန်း ထားပြီး သူ့ရဲ့ နှလုံး အခြေအနေ ကို လက်ခံတဲ့ ကလပ် အသင်းကို ဆက်သွယ် ချိတ်ဆက် သွားမယ်လို့ သိရှိရ ပါတယ် ။

ကိုဗစ်ကာကွယ်ဆေး မထိုးထားဘဲ သြစတြေးလျ နိုင်ငံ အတွင်း ရောက်လာခဲ့တဲ့ နာမည်ကျော် တင်းနစ် ချန်ပီယံ ဂျိုကိုဗစ် နဲ့ သြစတြေးလျ အစိုးရတို့ အကြားမှာ အဆင်မပြေမှုတွေ ရှိနေပြီး ဂျိုကိုဗစ် ကို သြစတြေးလျ ပြည်ဝင်ခွင့် ၃ နှစ်အထိ ပိတ်ပင်ဖို့ အထိ ပြစ်ဒဏ် ချမှတ်ဖွယ် ရှိနေတယ်လို့ သိရ ပါတယ် ။

လက်ရှိ မှာတော့ ဂျိုကိုဗစ် ဟာ မဲလ်ဘုန်း ဟိုတယ်မှာ ကွာရန်တင်း နေထိုင် နေဆဲ ဖြစ်ပြီး အေးဂျင့် က ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကြိုးစား နေတယ်လို့ သိရ ပါတယ် ။

ဝက်ဖိုဒ့် အသင်းကတော့ အူဒီနီးစ် အသင်းက ဘရာဇီး နောက်ခံလူ ဆာမီယာ ကို ၃ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ် ပါတယ် ။

နယူးကာဆယ် အသင်းဟာ ဘုန်းမောက် တိုက်စစ်မှူး ဆိုလန်ကီ နဲ့ အာဆင်နယ် လူငယ်လေူ အန်ကီတီယာ တို့ ကို တိုက်စစ်မှူး ပစ်မှတ်တွေ ထဲမှာ ဦးစားပေး အဖြစ် ရွေးချယ်ဖို့ ရှိနေတယ်လို့လည်း ကြားသိရ ပါတယ် ။

ဇီနဒင် ဇီဒန်း ဟာ လာမယ့် ရာသီ အကုန်မှာ PSG နည်းပြ ဖြစ်လာမယ်လို့ ယမန်နေ့ ညနေပိုင်းက စပြီး ပြင်သစ်မှာ သတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

လက်ရှိ PSG နည်းပြ ပိုချက်တီနို ကတော့ ရာသီအကုန် မှာ အသင်းကနေ ထွက်ခွာပြီး မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရှိဖို့ အလားအလာ များနေသူ ဖြစ်ပါတယ် ။

 

SPORTS MYANMAR