ဘရန့်ဖို့ဒ်နဲ့ ပွဲစဥ်မှာ သူ့ရဲ့ ကစားသမားဟာ အသက်ရှူရ ခက်ခဲနေခဲ့ကြောင်း ဖွင့်ဟလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် က ဘရန့်ဖို့ဒ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဥ်မှာ သူ့ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ စကော့ မက် တော်မီနေး ဟာ အသက်ရှူရတာတောင် ခက်ခဲနေခဲ့ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် ဘရန့်ဖို့ဒ် အသင်း နဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး 1 – 3 ဆိုတဲ့ ရလဒ် နဲ့ ပရိသတ််တွေ မျှော်လင့် နေခဲ့ကြတဲ့ ဂိုးပြတ် နိုင်ပွဲမျိုး ရယူနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီပွဲရဲ့ ပွဲချိန် ပထမပိုင်း အတွင်းမှာတော့ ယူနိုက်တက်တို့ဟာ ပြိုင်ဖက် အသင်းရဲ့ ခြိမ်းခြောက်မှုတွေအောက််မှာ ဆက်တိုက်ဆိုသလို အခက်အခဲတွေ ကြုံတွေ့ခဲ့ရပြန််ပါတယ် ။ ဒါပေမဲ့ ဒီဂီယာကတော့ ဒီပွဲမှာလည်း အကောင််းဆုံး လက်စွမ်း ပြသနိုင်ခဲ့ပြန်ပြီး အသင်းကို ကယ်တင်ခဲ့ပြန်ပါတယ် ။

ဒါ့ကြောင့် ပထမပိုင်းအတွင်း ရလဒ်ဟာ ဂိုးမရှိ သရေနဲ့ပဲ ပြီးဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင််းမှာ ယူနိုက်တက် အသင်းရဲ့ ကစားပုံဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး အီလန်ဂါ ၊ ဂရင်းဝုဒ် ၊ ရပ်ရှ်ဖို့ တို့ရဲ့ သွင််းဂိုးတွေနဲ့ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာ သူတို့တွေထက်ပိုပြီး ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့သူ နှစ်ဦးကတော့ ကွင်းလယ်လူ စ​ကော့ မက် တော်မီနေး နဲ့ ညာ နောက်ခံလူ ဒီယိုဂို ဒါးလော့ တို့ ဖြစ်ခဲ့ကြပါတယ် ။ အထူးသဖြင့် ဒီပွဲမှာ တော်မီနေးရဲ့ လုပ်အား ၊ ဘောလုံး လုယူ ဖြတ်တောက်မှုတွေက ယူနိုက်တက်တို့ကို ပြန်လည် တိုက်စစ်ဆင်ခွင့် ရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ပွဲချိန် 84 မိနစ်မှာ တော်မီနေးဟာ ဒဏ်ရာ ရရှိခဲ့ပြီး လူစားတောင် လဲခံခဲ့လိုက်ရပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် နည်းပြ ရန်းဂနစ် ကတော့ ဒါဟာ ပြင်းထန်လွန်းတဲ့ ဒဏ်ရာ ပြသနာ တစ်ခုတော့ မဟုတ်ကြောင်း ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” သူဟာ နောက်ကျောမှာ အသေးစား ဒဏ်ရာ ရရှိသွားခဲ့တာပါ ။ ဒါပေမဲ့ ဒဏ်ရာရရချင်းမှာပဲ သူက အသက်တောင်် ပုံမှန် မရှူနိုင် ဖြစ်ခဲ့ရပါတယ် ။ ပွဲစဥ် ပြီးသွားတော့ အဝတ််လဲခန်းထဲမှာ ကျွန်တော် သူနဲ့ စကားတွေ ပြောဖြစ်ခဲ့ပါသေးတယ် ။ စနေနေ့ ပွဲအတွက် သူ OK နေမှာပါ ” လို့ ရန်းဂနစ် က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ် ။

စနေနေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝက်ဖို့ဒ် အသင်းကို ဧည့်ခံ ကစားသွားရဖို့ ရှိနေပါတယ် ။ ဒီပွဲဟာ သူတို့အတွက်တော့ ထိပ်သီး လေးသင်း စာရင်းဝင််နိုင် အရေးပါတဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်သွားဖို့ ရှိနေတာ အသေအချာပါပဲ ။

#Sports_Myanmar