ဗလာဟိုဗစ် ကို ခေါ်နိုင်ဖို့ အခြေအနေကောင်းနေတဲ့နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

၁။ ပထမဦးဆုံးအနေနဲ့ The Athletic ရဲ့ သတင်းထောက် ဒေးဗစ်အော်စတိန်း ပြောပြတဲ့ အာဆင်နယ် အသင်းရဲ့အပြောင်းအရွှေ့အစီအစဉ်တွေ အကြောင်း ဖော်ပြပေးချင်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် သာ ဒီဇန်နဝါရီမှာ ဖီအိုရင်တီးနား က ထွက်ခွာဖို့ ဆန္ဒရှိပါက စာချုပ်ချုပ် ခေါ်ယူနိုင်ဖို့ လုပ်ဆောင် သွားမှာပါ ။ လက်ရှိမှာ အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ အားအကောင်းဆုံး အသင်း ဖြစ်နေပြီး စီရီးအေကလပ် လိုချင်တဲ့ လစာကော ပြောင်းရွှေ့ကြေးကော ပေးဖို့ အသင့် ရှိနေပါတယ် ။

အာဆင်နယ် အသင်းအနေနဲ့ ဗလာဟိုဗစ် အပြင် အီဆက် ၊ ကယ်ဗက်လီဝင် တို့ကိုလည်း အသင်း ပစ်မှတ် စာရင်းမှာ ထည့်သွင်းထားပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီမှာသာ တိုက်စစ်မှူး တစ်ဦး ခေါ်နိုင်ပါက သူတို့ရဲ့နွေရာသီ အဓိက အစီအစဉ်ဟာ စောလျင်စွာ ပြီးဆုံးသွားပြီလို့ မှတ်ယူ နိုင်ပါတယ် ။

တိုက်စစ်မှူး နေရာ အပြင် အာဆင်နယ် အသင်း နောက်ထပ် အင်အား ဖြည့်ဖို့ ရှိနေတဲ့ နေရာ ၃ ခုက ဗဟိုကွင်းလယ်လူ ၊ ညာနောက်ခံလူ နဲ့ ဘယ်တောင်ပံ တိုက်စစ် နေရာ ဖြစ်ပါတယ် ။ ဒါပေမယ့် တိုမီယာစု နဲ့ မာတင်နယ်လီ တို့ရဲ့ တိုးတက်မှုကို စောင့်ကြည့် ဦးမှာ ဖြစ်ပြီး အရေးတကြီး ဦးစားပေး ခေါ်ယူသွားမှာတော့ မဟုတ်ပါဘူး ။ ဗဟို ကွင်းလယ်လူ နေရာက ပါတေး ၊ အယ်နီနီ တို့က အာဖရိကနိုင်ငံများ ဖလား သွားကစားနေပြီး နိုင်းလ်စ် က ရိုးမားကို ပြောင်းတော့မှာကြောင့်ပါ ။

၂ ။ အာဆင်နယ် အသင်းဟာ နောတင်ဟမ်ဖောရက်စ် နဲ့ ကစားရမယ့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ “No More Red” Kit ကို ဝတ်ဆင် ကစားသွားမှာဖြစ်ပါတယ် ။ No More Red ဆိုတာဟာ အာဆင်နယ် နဲ့ Adidas တို့ ပေါင်းလုပ်တဲ့ campaign တစ်ခု ဖြစ်ပြီး ဓားကို အသုံးပြုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေ ၊ လူငယ်တွေ အကြမ်းဖက်ခံရမှုကနေ ပပျောက်စေရန် ရည်ရွယ် ပါတယ် ။ အဆိုပါ အင်္ကျီကို ရောင်းချမှာ မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းကို အကျိုးပြုပြီး အပေါင်းလက္ခဏာဆောင်ကျဉ်းအောင် လုပ်ဆောင်နေတဲ့သူတွေကို ဆုအဖြစ် ချီးမြှင့် သွားမှာပါ ။

၃ ။ ရိုးမား အသင်းဟာ မိတ်လန်နိုင်းလ်စ် ကို သူတို့ရဲ့ စီရီးအေ ကစားသမား အဖြစ် တရားဝင် စာရင်းသွင်းလိုက်ပြီ ဖြစ်ပါတယ် ။ ရိုးမား အသင်းဟာ နိုင်းလ်စ် ကို လာမယ့် ဇွန်လအထိ အငှား ခေါ်ယူ ခဲ့တာ ဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် မပါရှိပါဘူး ။

၄ ။ ပရီးမီးယားလိဂ်ရဲ့ ဒီဇင်ဘာလ အတွက် တစ်လတာ အကောင်းဆုံးဆုတွေ အတွက် ဆန်ကာတင်စာရင်းမှာ အာဆင်နယ် က ၄ ဦး ပါဝင် နေပါတယ် ။ အကောင်းဆုံး နည်းပြဆုအတွက် အာတီတာ ၊ အကောင်းဆုံး ကစားသမားဆုအတွက် မာတင်နယ်လီ နဲ့ အိုဒီဂွါဒ် ၊ အကောင်းဆုံး သွင်းဂိုးဆုအတွက် ဆောက်သမ်တန် နဲ့ ပွဲက လာကာဇက် တို့ပဲ ဖြစ်ပါတယ် ။

၅ ။ အာဆင်နယ် အသင်း လူငယ် ကြယ်ပွင့် Harry Clarke ဟာ စကော့တလန် ကလပ် Hibernian အသင်းကို ၁၈ လ အငှား စာချုပ် နဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ ။

၆ ။ အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီမှာ ပါဘလိုမာရီ နဲ့ ချိန်ဘာတို့ အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ နားထောင်သွားမယ်လို့ Sky sports News က ဖော်ပြ လိုက်ပါတယ် ။ အဆိုပါ ကစားသမား နှစ်ဦးစလုံးဟာ အာတီတာ ရဲ့ ရေရှည် အစီအစဉ်မှာ မပါဝင်ကြောင်း သိရပါတယ် ။

၇ ။ Football London ရဲ့ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ နောတင်ဟမ်ဖောရက်စ် နဲ့ အက်ဖ်အေ ဖလားပွဲမှာ ပါတီနို ကို ပွဲထွက် ကစားခွင့် ပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ် ။ ပါတီနို ဟာ ဆန်းဒါးလန်း နဲ့ ပွဲမှာ သူ့ရဲ့ စီနီယာ ပွဲဦးထွက်ကို ကစားခွင့် ရခဲ့ပြီး ၁ ဂိုး သွင်းနိုင်ခဲ့ပါတယ် ။

SM