ဖာနန်ဒင်ညိုရဲ့ နေရာမှာ မန်စီးတီးတို့ အစားထိုးသွားရမယ့် ကစားသမားကို ပြောပြလိုက်တဲ့ ဂရေမီဆောင်းနက်

လီဗာပူး ဂန္တ၀င် ဂရေမီဆောင်းနက်က ၀က်ဟမ်း ကွင်းလယ်လူ ဒန်ကလန်ရိုက်စ်ဟာ မန်ချက်စတာစီးတီးမှာ ဝါရင့် ကွင်းလယ်လူ ဖာနန်ဒင်ညိုရဲ့ နေရာကို အစားထိုးသွားရန် အသင့်တော်ဆုံး ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ဒီရာသီ မှာလည်း ဒေးဗစ်မိုးရက်ရဲ့ အသင်း အတွက် ဆက်လက် ခြေစွမ်းပြလျက် ရှိနေကာ ၀က်ဟမ်းကို ချန်ပီယံလိဂ်၀င်ခွင့် အတွက် စိန်ခေါ်နိုင်အောင် ကူညီပေးလျက် ရှိနေပါတယ်။

ချဲလ်ဆီးဟာ ရိုက်စ်ကို ကာလရှည် စိတ်၀င်စားနေခဲ့တဲ့ အသင်း ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းကလည်း အားနည်းနေတဲ့ ကွင်းလယ် ဗဟိုနေရာကို အားဖြည့်သွားရန် အင်္ဂလန် စတားကို ခေါ်ယူဖို့ လှုပ်ရှားနေတယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ် အရွယ် ဖာနန်ဒင်ညိုဟာ လာမည့် နွေရာသီမှာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဆောင်းနက်က ဘရာဇီး ကွင်းလယ်လူရဲ့ နေရာ အတွက် စီးတီး အနေနဲ့ ၀က်ဟမ်း စတားနဲ့ အစားထိုး သွားသင့်တယ်လို့ အကြံပေး လိုက်ပါတယ်။

ဆောင်းနက်က “စစချင်းတုန်းက ရိုက်စ် အနေနဲ့ သူ့ရဲ့ အသင်းအတွက် ပွဲတွေမှာ သက်ရောက်မှုကို ပေးနိုင်တဲ့ ကစားသမားတဲ့ ထက်စာရင် ဘောလုံးကို ဘေးကို ပေးလိုက် နောက်ကို ပြန်ပေးလိုက်နဲ့ safe ဖြစ်အောင်ပဲ ကစားတဲ့သူ ဖြစ်သွားမှာကို ကျွန်တော် စိုးရိမ်ခဲ့ပါတယ်။ အခု လက်ရှိ ခြေစွမ်းအရ ရိုက်စ်ဟာ ထိပ်တန်း အသင်းကြီးတွေ အပြိုင် ခေါ်ယူဖို့ ကြိုးစား သွားမယ့် ကစားသမား ဖြစ်တော့မှာပါ။

သူ့ကို မန်ယူနိုက်တက် ချဲလ်ဆီး ဒါမှမဟုတ် မန်ချက်စတာစီးတီး တစ်သင်းသင်းက ခေါ်ယူနိုင်ပါလိမ့်မယ်။ လီဗာပူး ကတော့ သူ့ကို ခေါ်ယူနိုင်မယ့် အသင်းတွေထဲမှာ မပါ၀င်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အခြား ၃ သင်းပဲ သူ့ကို ခေါ်ယူ နိုင်မှာပါ။ အရင်တုန်းကတော့ သူဟာ ဒီအသင်းကြီးတွေရဲ့ ကွင်းလယ်မှာ ကစားနိုင်တဲ့ လုံလောက်တဲ့ ပွဲအတွေ့အကြုံ ရှိရဲ့လား ဆိုတာ သံသယ ဖြစ်ခဲ့ပါတယ်။ သူဟာ နောက်တန်းမှာလည်း ကစားပေးနိုင်တဲ့သူပါ။

ဒါပေမယ့် လက်ရှိမှာတော့ သူဟာ ဒီအသင်းတွေမှာ ကစားဖို့ အသင့်ဖြစ်နေပါပြီ။ သူ့ဆီမှာ မြင့်မားလှတဲ့ စွမ်းအင်တွေ ရှိနေတဲ့ အပြင် နေရာကျပ်တွေကနေ ရုန်းထွက် နိုင်တဲ့ နည်းစနစ်လည်း ရှိနေပါပြီ။ ကျွန်တော် သူ့ဆီက လိုချင်နေသေးတဲ့ အရာကတော့ အကွက်ကြိုမြင်ကာ စောစော pass လုပ်ပေးနိုင်တဲ့ စွမ်းရည်ပါပဲ။ ဒါပေမယ့် ဒါဟာ ယုံကြည်မှုနဲ့ အတူ ရောက်လာမှာ ဖြစ်ပြီး သူဟာ ဘောလုံး ဆုံးရှုံးခဲတဲ့ ကစားသမား တစ်ဦးပါ။

ဂျက်ဂရီလစ်ခ်ျဟာ ပြီးခဲ့တဲ့ နွေရာသီက အက်စတွန်ဗီလာ ကနေ မန်စီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွေ့ခဲ့တာကြောင့် ဒါဟာ ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဒီအသင်းတွေ အနည်းဆုံး ပေးသွားရမယ့် စျေးဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်စ်ဟာ ဂရီလစ်ခ်ျထက် ၄ နှစ် ငယ်ပါတယ်။ စီးတီးဟာ အင်္ဂလန် ဘောလုံးလောက သမိုင်းမှာ အတောင့်တင်းဆုံး ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထား ပါတယ်။ ဒါပေမယ့် သူတို့ဟာ တက်နိုင်သမျှ အကောင်းဆုံး ကစားသမား တွေကို စုဆောင်းနေဆဲ ဖြစ်ပါတယ်။

အမှန်ပါပဲ။ သူတို့မှာ ရိုဒရီ ရှိနေပါတယ်။ ဒါပေမယ့် ဖာနန်ဒင်ညိုဟာ အသက် ၃၆ နှစ် ရှိနေပြီ ဖြစ်ကာ လာမည့် နွေရာသီမှာ စာချုပ်ကုန်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရိုက်စ်ဟာ သူ့ရဲ့ နေရာအတွက် အစားထိုးရန် အသင့်တော်ဆုံး ကစားသမား ဆိုတာ အသိသာကြီးပါ။ ဘာလို့လဲဆိုတော့ စီးတီးမှာ တောင့်တင်းတဲ့ ဘဏ္ဍာရေးအင်အား ရှိနေတဲ့ အပြင် သူတို့ဟာ ထိပ်တန်း ကစားသမားတွေကို ၀ယ်ယူနေဆဲ ဖြစ်လို့ပါ။

စီးတီး ချဲလ်ဆီး နဲ့ ယူနိုက်တက် တို့ဟာ ရိုက်စ် အတွက် premium ကြေးကို ပေးချေသွားရမှာပါ။ ခင်ဗျားတို့ ငြင်းခုန်နိုင်တဲ့ တစ်ခုတည်းသော အချက်ကတော့ သူဟာ တိုက်စစ်မှုး တစ်ဦး မဟုတ်ဘူး ဆိုတာပါပဲ။

များသောအားဖြင့် ဒီလောက် များပြားတဲ့ ငွေကြေးကို တိုက်စစ် ကစားသမားတွေ အတွက်ပဲ သုံးစွဲကြတာ မဟုတ်လား။ ရိုက်စ်ဟာ စီးတီးမှာ ကစားသမား ဘ၀ရဲ့ နောက်ထပ် level ကို တက်လှမ်းလာနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM