ပြောင်းရွှေ့ကြေး ပေါင် 23သန်း နဲ့ လူးကပ် ဒင်းန် ကို 4 နှစ် ခွဲ စာချုပ် ချုပ်တော့မယ့် အက်စ်တွန် ဗီလာ

လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ပရီးမီးယားလိဂ် အသင်းတွေထဲက ခြေလှမ်းအသွက်ဆုံး ဖြစ်နေတာ ဂျရတ် ရဲ့ အက်စ်တွန် ဗီလာ ဖြစ်ပါတယ်။

အက်စ်တွန် ဗီလာ အသင်း ပိုင်ရှင်တွေ ဟာ ရာသီအကြို မစတင်ခင် အချိန် ကတည်းက အသင်းကို ဥရောပ ဝင်ခွင့်ရအောင် ပြန်လည် တည်ဆောက်ပေးမှာ ဖြစ်ကြောင်း ပရိသတ်တွေ ကို အလေးအနက်ထား ကတိပေးခဲ့ပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင် ဂရေးလစ်ချ် ကို မန်စီးတီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောင်းချခဲ့သည့်တိုင်အောင် အဲဒီ ငွေတွေကို အိတ်ထဲ သယ့်ယူသွားခြင်း မရှိပဲ ၊ ပြန်လည် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

သို့သော် နည်းပြဟောင်း ဒင်းန် စမစ် ရဲ့ စွမ်းဆောင်ရည်တွေ က အသင်းရဲ့ မျှော်လင့်ချက်တွေကို ပြည့်ဝအောင် စွမ်းဆောင်ပြနိုင်စွမ်း မရှိဘူးလို့ ရှုမြင်လာချိန်မှာတော့ ရာထူးကနေ ထုတ်ပယ်ကာ ၊ သူ့ရဲ့ နေရာကို လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဂျရတ် နဲ့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ဂျရတ် ရောက်ရှိလာချိန်မှာလဲ ဗီလာ ပိုင်ရှင်တွေ ဟာ ကပ်စေးနှဲခြင်း အလျင်းမရှိပဲ ၊ လိုအပ်မယ် ထင်တဲ့ အပိုင်းနေရာတွေကို ဆက်လက် ဖြည့်တင်းခွင့် ပေးလျှက် ရှိနေပါတယ်။

အက်စ်တွန် ဗီလာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ ဘာစီလိုနာ ကစားသမား ကော်တင်ဟို ကို ရာသီဝက် အငှားနဲ့ ခေါ်ယူထားခဲ့ပြီးပါပြီ။ တစ်ချိန်က လီဗာပူး နဲ့ အတူ ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး တောက်ပခဲ့ဖူးတဲ့ ကော်တင်ဟို ဟာ တကျော့ပြန် ခရီးမှာ ဘယ်လို စွမ်းဆောင်ရည်တွေ ယူဆောင်လာမလဲ ဆိုတာ အားလုံး က စိတ်ဝင်စားနေကြပါတယ်။

ဗီလာ ရဲ့ ခြေလှမ်းတွေက ဒီလောက်နဲ့တင် ရပ်တန့်သွားခြင်း မရှိသေးပါဘူး။

ဒီညနေမှာလဲ အဲဗာတန် မှာ အဆင်မပြေ ဖြစ်နေတဲ့ ဘာစီလိုနာ ကစားသမားဟောင်း လူးကပ် ဒန်း ကို ထပ်မံ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြန်ပါပြီ။ ဒါကြောင့် ဗီလာ ပါ့ခ် မှာ ဘာစီလိုနာ ကစားသမားဟောင်း နှစ်ယောက် ရောက်ရှိလာတာ ထူးခြားတဲ့ တိုက်ဆိုင်မှု တစ်ခုလို့ ဆိုရမယ် ထင်ပါတယ်။

The Athletic ကတော့ ဗီလာ ဟာ လူးကပ် ဒင်းန် အတွက် တရားဝင် ပြောင်းရွှေ့ကြေး ပေါင် 23 သန်း ပေးချေလိုက်ရတယ်လို့ ဖော်ပြထားပြီး ၊ နောက်ထပ် စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှုတွေ လုပ်ဆောင်ဖို့ပါ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ကစားသမား ရဲ့ စာချုပ်ကိုတော့ 4 နှစ်ခွဲ စာချုပ် ချုပ်ဆိုမှာပါ။

လက်ရှိမှာ ကစားသမားဟာ တရားဝင် ဆေးစစ်မှုတွေ ခံယူဖို့ အတွက် ဘာမင်ဂမ် ကို သွားရောက်နေပြီလို့ ယုံကြည်ရပြီး ၊ အပြောင်းအရွှေ့ ကိစ္စ အားလုံး ဟာ လာမယ့် 24 နာရီ အတွင်းမှာ ပြီးမြှောက်ဖွယ် ရှိနေပါတယ်။

သူဟာ နယူးကာဆယ် ရဲ့ ကနဦး ကမ်းလှမ်းမှုကို ပယ်ချကာ ၊ ဥရောပ ဝင်ခွင့်အတွက် ရည်မှန်း တိုက်ပွဲဝင်နေတဲ့ အက်စ်တွန် ဗီလာ အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

အဲဗာတန် ကတော့ သူ့ရဲ့ နေရာကို ယူကရိန်း နောက်ခံလူ မိုင်ကိုလန်ကို နဲ့ အစားထိုး ထားပြီးပါပြီ။ လူးကပ် ဒင်းန် ဟာ ဗီလာမှာ ပွဲထွက် ကစားသမား နေရာအတွက် မတ် တားကတ် နဲ့ ယှဉ်ပြိုင် လုသွားဖွယ် ရှိနေပါတယ်။

တစ်ချိန်တည်းမှာ အဲဗာတန် ကလဲ ဗီလာ တောင်ပံကစားသမား အယ်ဂါဇီ ကို ရာသီအကုန်ထိ အငှားစာချုပ် နဲ့ ခေါ်ယူဖို့ ကြိုးစားလျှက် ရှိပါတယ်။

SM