ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းပေးသွားခဲ့တဲ့ လီဗာပူး ဂန္တ၀င် ဂျွန်ဘန်း

လီဗာပူး ဂန္တ၀င် ဂျွန်ဘန်းဟာပ ရီးမီးယားလိဂ် ပွဲစဉ် ၂၁ အပြီး ချန်ပီယံ ဖြစ်မယ့် အသင်းနဲ့ top 4 ကို ၀င်ရောက်နိုင်မယ့် အသင်းတွေကို ခန့်မှန်း ပေးသွားခဲ့ ပါတယ်။ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲဆက် အနိုင်နဲ့ အတူ ဒုတိယနေရာက ချဲလ်ဆီးကို ၁၀ မှတ် တတိယ နေရာက တစ်ပွဲလျော့ ကစားထားတဲ့ လီဗာပူးကို ၁၁ မှတ် ဖြတ်ထားနိုင်ခဲ့တာကြောင့် အမှတ်ပေးဖလားကို ကာကွယ်နိုင်ရန် အခြေအနေ ကောင်းနေ ပါတယ်။

ရာသီအစပိုင်းမှာ ချဲလ်ဆီး လီဗာပူး နဲ့ မန်စီးတီး တို့ဟာ အမှတ်ပေးဖလား အတွက် အပြိုင် ဖြစ်ခဲ့ကြပေမယ့်လည်း ပြီးခဲ့တဲ့ ပွဲတော် ကာလအတွင်း ချဲလ်ဆီး နဲ့ လီဗာပူး တို့ဟာ ရမှတ်တွေ ဆုံးရှုံးခဲ့ကြတဲ့ အပြင် တနင်္ဂနွေနေ့ကလည်း ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံချိန်မှာ ၁-၁ ဖြစ်ခဲ့တာကြောင့် စီးတီး နဲ့ ယခုလို ကွာဟမှု ကြီးမားသွားတာ ဖြစ်ပါတယ်။

လက်ရှိ အနေအထား အရ ချဲလ်ဆီး နဲ့ လီဗာပူး တို့ဟာ ဒုတိယ နေရာ အတွက်သာ ယှဉ်ပြိုင် သွားရဖို့ များနေပြီး အဆင့် ၄ နေရာ အတွက် ကိုတော့ အာဆင်နယ် ၀က်ဟမ်း တော့တင်ဟမ် မန်ယူနိုက်တက် တို့ တိုက်ပွဲ ၀င်သွားရမှာ ဖြစ်ပါတယ်။ အာတီတာရဲ့ ဂန်းနား တို့ဟာ လက်ရှိမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပေမယ့်လည်း ဒီအသင်း ၄ သင်းကြား ရမှတ် ကွာဟမှုက ၄ မှတ်သာ ရှိနေပါတယ်။

ဘန်းက ချဲလ်ဆီး နဲ့ လီဗာပူး အနေနဲ့ စီးတီးကို အမှီလိုက်ဖို့ အတွက် တအားကို ခက်ခဲလ်ိမ့်မယ်လို့ ဆိုလိုက်ပြီး အန်ဖီးကလပ်ကသာ စီးတီးကို ဖိအားပေးနိုင်ဖို့ အခြေအနေ ရှိနေတယ်လို့ ယူဆနေပါတယ်။

ဘန်းက “လက်ရှိမှာ မန်စီးတီးကို လိုက်မှီနိုင်ဖို့ အတွက် ဆိုတာ ချဲလ်ဆီးကော လီဗာပူး အတွက်ပါ အရမ်းကို ခက်ခဲမှာပါ။ title race ဟာ လုံး၀ ပြီးသွားပြီလို့တော့ ပြောလို့ မရပါဘူး။ ဒါပေမယ့် စီးတီးတို့ ရမှတ်တွေ အများကြီး ဆုံးရှုံးကာ ချဲလ်ဆီး နဲ့ လီဗာပူး တို့ အမှတ်တွေ အများကြီး ရယူနိုင်ဖို့ ဆိုတာ အရမ်းကို ခက်ခဲ ပါလိမ့်မယ်။

ကျွန်တော် ချဲလ်ဆီးကို ချီးကျူး သွားရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ လီဗာပူးကို အကောင်းဆုံး ရင်ဆိုင် ကစားသွားခဲ့လို့ ဖြစ်ပါတယ်။ လူကာကူရဲ့ အခြေအနေ နဲ့ လီဗာပူးကို ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် ဒါဟာ ဆိုးရွားတဲ့ အခြေအနေ တစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်ဓာတ် ၊ ညီညွှတ်မှု နဲ့ ယုံကြည်မှု တွေကို ပြသသွားခဲ့ပြီး သူတို့ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။

လီဗာပူး အနေနဲ့ ကတော့ ၂-၀ နဲ့ နိုင်နေပြီးကာမှ အနိုင်ရလဒ်နဲ့ အဆုံး မသတ်နိုင်ခဲ့တဲ့ အပေါ် စိတ်ပျက်နေမှာပါ။ ဒါပေမယ့် လီဗာပူးကို ဝေဖန်တာထက် စာရင် ချဲလ်ဆီးကိုပဲ ပိုမို ချီးကျူး သွားရမှာပါ။ ကျွန်တော် ကတော့ လီဗာပူးတို့ ဒုတိယနေရာနဲ့ အဆုံးသတ် နိုင်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ပြီး ချဲလ်ဆီး ကတော့ တတိယ နေရာနဲ့ပဲ ကျေနပ်ရနိုင်ပါတယ်။ ဘောလုံးဟာ ရယ်စရာကောင်းတဲ့ game တစ်ခုပါ။ ဒါပေမယ့် စီးတီးဟာ တကယ့်ကို ဒူပေနာပေခံနိုင်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ သူတို့ဟာ အကောင်းဆုံး မကစားနိုင်တဲ့ နေ့တွေမှာတောင် နိုင်ပွဲကို ရယူနိုင်စွမ်း ရှိပြီး ဒါကို အာဆင်နယ်နဲ့ပွဲမှာ တွေ့နိုင်ပါတယ်။” လို့ ဆိုသွားပါတယ်။

အဆင့် ၄ နေရာ တိုက်ပွဲနဲ့ ပက်သက်ပြီး ဘန်းက “တော့တင်ဟမ်ဟာ ယူနိုက်တက်ထက် အခြေအနေ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ယူနိုက်တက်ဟာ မန်နေဂျာ ဘယ်သူပဲ ဖြစ်ဖြစ် အမြဲတမ်း ခြေစွမ်း မတည်မငြိမ် ဖြစ်နေလို့ပါ။ အားလုံးဟာ သူတို့ရဲ့ ပြသနာတွေ အတွက် ဆိုးရှားကို ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။ ရွိုင်းဟော့ဆန် လီဗာပူးမှာ ရှိနေတုန်းက သူ့ကို အားလုံးက အပြစ်တင်ခဲ့ကြသလိုမျိုးပေါ့။ ဒါပေမယ့် ကစားသမားတွေ အနေနဲ့လည်း တာ၀န်ခံမှု ရှိရပါတယ်။

ယူနိုက်တက် ကစားသမားတွေဟာ အသင်း အတွက် အကောင်းဆုံး ကစားပေးနေခြင်း မရှိပါဘူး။ ၀က်ဟမ်းဟာ ကစားပုံ တည်ငြိမ်မှု အနည်းငယ် ရှိပေမယ့် ကျွန်တော် ကတော့ အာဆင်နယ် ဒါမှမဟုတ် တော့တင်ဟမ် တစ်သင်းသင်းပဲ top 4 ၀င်သွားမယ်လို့ ထင်ပါတယ်။” လို့ ပြောသွားပါတယ်။

SM