ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေကို ခန့်မှန်းပေးလိုက်တဲ့ မိုက်ကယ်အို၀င်

ဒီရက်သတ္တပတ်ကုန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မရှိဘဲ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေကို ကစားသွားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်ဟာ အက်ဖ်အေဖလား တတိယအဆင့် အတွက် သူ့ရဲ့ ခန့်မှန်းချက်ကို ချပြသွားခဲ့ပါတယ်။

၁~ချဲလ်ဆီး vs ချက်စတာဖီး
Non-league ကလပ် ဖြစ်တဲ့ ချက်စတာဖီး အတွက် ကတော့ ချဲလ်ဆီးလို ဥရောပ ချန်ပီယံ အသင်းနဲ့ ကစားရခြင်းဟာ တကယ့်ကို ပုံပြင်တစ်ခု လိုပါပဲ။ ကျွန်တော် ကတော့ ချက်စတာဖီး အနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ လာကစားရခြင်းကို ပျော်ရွှင်နေလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။ ဒါပေမယ့် ကွင်းထဲမှာတော့ သိပ်ပြီး ပျော်စရာတော့ ကောင်းမှာ မဟုတ်လောက်ပါဘူး။ ပြီးခဲ့တဲ့ ရာသီက အက်ဖ်အေဖလားမှာ ဒုတိယ ရခဲ့တဲ့ ချဲလ်ဆီး အတွက် သက်တောင့်သက်သာ နိုင်ပွဲက လွဲပြီး ကျွန်တော် ဘာမှ မမြင်မိပါဘူး။

ခန့်မှန်းချက် : ချဲလ်ဆီး ၅-၀ ချက်စတာဖီး

၂~လီဗာပူး vs ရွရူဘူရီ
ယာဂန်ကလော့ရဲ့ လီဗာပူး နည်းပြဘ၀ ဆုဖလား မှတ်တမ်းမှာ အက်ဖ်အေဖလား အောင်မြင်မှုဟာ တစ်ခုတည်းသော လိုအပ်မှု ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကလော့ အနေနဲ့ ဒီရာသီမှာ ဒီဖလားကို ပစ်မှတ် ထားသွားမယ် ဆိုတာ သေချာပါတယ်။ ဒါဟာ လီဗာပူး အတွက် သက်တောင့်သက်သာ နောက်တဆင့် တက်ရောက်မယ့် tie ဖြစ်သင့်ပါတယ်။ လီဗာပူးဟာ အဓိက ကစားသမားတွေကို အနားပေး သွားမယ် ဆိုတာကတော့ သံသယ ဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် လီဗာပူးဟာ ရှရူဘူရီ အတွက် တကယ့်ကို အရည်အသွေး မြင့်လွန်း ပါတယ်။

ခန့်မှန်းချက် : လီဗာပူး ၅-၀ ရှရူဘူရီ

၃~တော့တင်ဟမ် vs မိုကမ်ဘီ
အန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာ တိုးတက်မှုတွေ ပြသနေတဲ့ တော့တင်ဟမ် အတွက် ဒါဟာ လွယ်ကူတဲ့ tie ဖြစ်လာမှာပါ။ မိုကမ်ဘီဟာ လိဂ်၀မ်းမှာတောင် တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွှဲနေရတဲ့ အသင်း ဖြစ်နေတာကြောင့် ကျွန်တော် ကတော့ စပါး တို့ ဂိုးပြတ် နိုင်သွားမယ်လို့ ရွေးချယ် ပါတယ်။

ခန့်မှန်းချက် : တော့တင်ဟမ် ၃-၀ မိုကမ်ဘီ

၄~နော့တင်ဟမ်ဖောရက်စ် vs အာဆင်နယ်
နော့တင်ဟမ်ဖောရက်စ်ဟာ ဆွမ်ဆီးနည်းပြဟောင်း ကူပါး ရောက်ရှိလာကတည်းက တိုးတက်မှုတွေ ပြသလျက် ရှိနေပြီး ဒီရာသီမှာ ပရီးမီးယားလိဂ် play-off ကစားခွင့် ရဖို့ မျှော်လင့်ချက် ထားနေပါတယ်။ ဒါဟာ အာဆင်နယ် အတွက် စမ်းသပ်မှု တစ်ခု ဖြစ်လာနိုင်ပေမယ့် ဂန်းနားတို့ဟာ လီဗာပူးနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ရွေ့ဆိုင်းခဲ့ရတာကြောင့် ဒီပွဲစဉ်မှာ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်တို့ ရရှိနေတဲ့ ပုံစံကောင်းကြောင့် ဧည့်သည်တို့ပဲ အနိုင်ရသွားမှာပါ။

ခန့်မှန်းချက် : နော့တင်ဟမ်ဖောရက်စ် ၁-၃ အာဆင်နယ်

၅~မန်ယူနိုက်တက် vs အက်စတွန်ဗီလာ
ရပ်ဖ်ရန်းနစ်ဟာ မန်ယူနိုက်တက်ကို ရောက်လာတာ သိပ်ပြီး မကြာသေးပေမယ့်လည်း အခုကတည်းက ဖိအားတွေ များပြားနေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ကစားပုံဟာ ကောင်းမွန်ခြင်း မရှိခဲ့တဲ့ အပြင် ကလပ်ဟာ ဆုဖလား တစ်ခုခုကို ရယူဖို့ အတွက် အသဲအသန် ဖြစ်နေပါတယ်။ ဗီလာကလည်း ပြိုင်ပွဲကနေ စောစော မထွက်ရဖို့ အတွက် အားခဲနေမှာ ဖြစ်ပြီး စတီဗင်ဂျာရတ် အနေနဲ့ အားနည်းတဲ့ အသင်းကို ထုတ်သုံးသွားစရာ အကြောင်း လုံး၀ မရှိပါဘူး။ ယူနိုက်တက် ကတော့ အနည်းငယ် အားနည်းတဲ့ အသင်းကို အသုံးပြုသွားနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ကတော့ ဗီလာ တို့ ကပ်ပြီး အသာရသွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : မန်ယူနိုက်တက် ၁-၂ အက်စတွန်ဗီလာ

အခြား ပွဲစဉ်တွေအတွက် ခန့်မှန်းချက်များ
ဘန်လေ ၂-၀ ဟယ်ဒါဖီး
မီဝေါ ၀-၃ ခရစ်စတယ်ပဲလေ့စ်
လက်စတာ ၂-၀ ၀က်ဖို့ဒ်
နယူးကာဆယ် ၄-၀ ကမ်းဘရစ်ခ်ျ
၀က်ဘရွမ်း ၁-၂ ဘရိုက်တန်
ဟူးစီးတီး ၁-၃ အဲဗာတန်
ဆွမ်ဆီး ၀-၂ ဆောက်သမ်တန်
ချာတန် ၂-၁ နော့ရစ်ခ်ျ
၀က်ဟမ်း ၂-၁ လိဒ်
၀ုဖ် ၂-၀ ရှက်ဖီးယူနိုက်တက်

SM