နောက်ဆုံး မိနစ်ကျမှ panic buying တွေ မလုပ်ဖို့ အာဆင်နယ် အသင်းကို သတိပေးလိုက်တဲ့ ပေါလ်မာဆန်

ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆန် က ခုချိန်ထိ ကစားသမား တစ်ဦးမှ ခေါ်ယူ နိုင်ခြင်း မရှိသေးတဲ့ အသင်းဟောင်း အာဆင်နယ် အသင်းကို ကစားသမား ခေါ်ယူမှု နဲ့ ပတ်သက်ပြီး သတိပေးစကားဆို သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီလမှာ တိုက်စစ်မှူး နဲ့ ကွင်းလယ်လူ ဖြည့်တင်းဖို့ ကြိုးပမ်း နေတာ ဖြစ်ပြီး ခုထက်ထိ တစ်ဦးမျှ ခေါ်ယူ နိုင်ခြင်း မရှိသေးပါဘူး ။ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို ပစ်မှတ် ထားခဲ့ပေမယ့် ဂျူဗင်တပ်စ် က ပေါင် ၆၇ သန်း နဲ့ လက်ဦးမှု ရယူ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် ကို မရတော့တာကြောင့် ရီးရဲလ်ဆိုစီဒက် က အီဆက် ၊ အဲဗာတန် က ကယ်ဗက်လီဝင် ၊ ဗီလာ က ဝက်ကင်းစ် ၊ နာပိုလီ က အိုဆီမန်း တို့နဲ့ သတင်းတွေ ထွက်နေပေမယ့် ဘယ်အသင်းကမှ သူတို့ရဲ့ အဓိက ကစားသမားတွေကို ရာသီဝက်မှာ လက်လွှတ်ဖို့ ဆန္ဒ မရှိကြပါဘူး ။

အာဆင်နယ် အသင်းရဲ့ လက်ရှိတိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ လာကာဇက် နဲ့ အန်ကီးတီးယား တို့ဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် အူဘာမီယန်း ဟာလည်း အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီးနောက် အသင်းမှာ ဆက်ရှိဖို့ မသေချာ မရေရာ ဖြစ်နေပါတယ် ။

အာဆင်နယ် ပရိသတ်တွေကတော့ ဒီရာသီ ထိပ်ဆုံး လေးသင်း ထဲ ဝင်ချင်ရင် ကွင်းလယ်လူ နဲ့ တိုက်စစ်မှူး နေရာကို မဖြစ်မနေ အားဖြည့်ဖို့ လိုကြောင်း ထောက်​ပြ နေကြပေမယ့် ပေါလ်မာဆန် ကတော့ အလောတကြီး ဝယ်ယူတာမျိုး မလုပ်သင့်ကြောင်း Sky Sports မှာ ရေးသား သွားခဲ့ပါတယ် ။

” ခုချိနိမှာ ကစားသမားတွေ ခေါ်ယူဖို့ ဆိုတာက အင်မတန် ခက်ခဲပါတယ် ၊ အာဆင်နယ် က ဒူချန် ဗလာဟိုဗစ် ကို ခေါ်ချင် ခဲ့ပေမယ့် ကစားသမားဘက်က စိတ်ဝင်စားမှု မပြ ခဲ့ပါဘူး ၊ အခုတော့ သူ ယူဗင်တပ်စ် အသင်းကို ရောက်သွား ခဲ့ပြီပေါ့​လေ ။ ”

” ကျွန်တော်သာ အာဆင်နယ် အသင်း နေရာမှာဆို အထိတ်တလန့် နဲ့ ကစားသမားတွေ ခေါ်ယူမှာ မဟုတ်ပါဘူး ။ တစ်ချိန်လုံး ကစားသမား တစ်ဦးတည်းကို လိုက်နေခဲ့ပြီး မရတော့မှ တခြားသူကို ပြောင်းပြီး လိုက်တာမျိုး လုပ်လို့ မရနိုင်ပါဘူး ။ ”

” အပြောင်းအရွှေ့ပိတ်ဖို့ကလည်း ရက်ပိုင်း ပဲ ကျန်ပါတော့တယ် ၊ ကျွန်တော် ကတော့ အာဆင်နယ် အသင်း အလောတကြီး မလုပ်ဘဲ စောင့်ဆိုင်းဖို့ လိုအပ်တယ်လို့ မြင်ပါတယ် ။ ” လို့ ရေးသား သွားခဲ့ပါတယ် ။

SM
Enter