ဒီရာသီ အာဆင်နယ် အသင်း ထိပ်ဆုံးလေးသင်းထဲ မဝင်နိုင်တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကိန်း က အာဆင်နယ် အသင်းဟာ ထိပ်သီး အသင်းတွေနဲ့ တွေ့ဆုံတိုင်း ရုန်းကန် နေရတာကြောင့် ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်မယ် မထင်ကြောင်း မေးခွန်းထုတ် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ ပရိသတ်တွေရဲ့ချီးကျူးမှုကို ရရှိနေတဲ့ အသင်း ဖြစ်ပြီး လက်ရှိ ချန်ပီယံ မန်စီးတီး နဲ့ ပွဲမှာ ရှုံးသွားခဲ့တာတောင် ပရိသတ်တွေရဲ့ ကရုဏာာသက် အားပေးမှုကို ရရှိခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ရာသီအစတုန်းက သုံးပွဲဆက် ရှုံးပွဲ ကြုံတွေ့ ခဲ့ရပြီး အမှတ်ပေးဇယား အောက်ဆုံး အထိ ရောက်ရှိ ခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီး လက်ရှိမှာ အဆင့်လေး နေရာတွင် ရပ်တည် နေနိုင်ပါတယ် ။

ရွိုင်ကိန်း ကတော့ အာဆင်နယ် အသင်းရဲ့လူငယ် ကြယ်ပွင့်တွေကို ချီးကျူးလိုက်ပေမယ့် ထိပ်သီး အသင်းတွေနဲ့ ထိပ်တိုက် တွေ့ဆုံမှုမှာ ရလဒ် မကောင်းတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရလိမ့်မယ်လို့ မထင်ကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ ထိပ်သီး ငါးသင်းနဲ့ တွေ့ဆုံရာမှာ တော့တင်ဟမ် အသင်း တစ်သင်းကိုပဲ အနိုင် ရခဲ့ပြီး မန်စီးတီး ၊ မန်ယူနိုက်တက် ၊ လီဗာပူး နဲ့ ချဲလ်ဆီး အသင်း အားလုံးကို ရှုံးနိမ့် ခဲ့ရပါတယ် ။

ရွိုင်ကိန်း က အာဆင်နယ် အကြောင်း ဆွေးနွေးမှုမှာ ” အာဆင်နယ် အသင်းရဲ့ ရာသီ အစ အခြေအနေကနေ ခုလို ရုန်းထ နိုင်ခဲ့တဲ့ အ​ပေါ် ချီးကျူး ရမှာပါ ။ အာဆင်နယ် အသင်းမှာ တကယ့်ကို အံ့ဩဖို့ ကောင်းတဲ့ လူငယ် ကြယ်ပွင့်တွေ ရှိနေပါတယ် ။

” ဒါပေမယ့် မေးခွန်း တစ်ခုတော့ မေးစရာ ရှိပါတယ် ၊ အာဆင်နယ် က ထိပ်ဆုံးလေးသင်း နေရာကို အမှန်တကယ် တွန်းအား ပေးနိုင်ပြီလား ၊ ကျွန်တော်ကတော့ မပေးနိုင်ဘူးလို့ပဲ ပြောချင်ပါတယ် ၊ သူတို့ ပျော့ကွက် အနည်းငယ် ရှိနေသေးတယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ် ၊ အထူးသဖြင့် အသင်းကြီးတွေနဲ့ ထိပ်တိုက် တွေ့ဆုံမှုမှာပေါ့ဗျာ ။ ” လို့ သုံးသပ် သွားခဲ့ပါတယ် ။

SM