ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အာဆင်နယ် အသင်း တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတစ်ခုကို ထောက်ပြလိုက်တဲ့ မာဖီ

ဒန်နီမာဖီ ဟာ နည်းပြ အာတီတာ လက်ထက် အာဆင်နယ် အသင်း ရဲ့ တိုးတက်လာမှုတွေကို ချီးကျူး လိုက်ပြီး ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် အဝေးကွင်း ရလဒ်ကောင်းဖို့ လိုအပ်ကြောင်း ဝေဖန် ထောက်ပြ သွားခဲ့ပါတယ် ။

ဂန်းနားတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာ ဒုတိယ အိမ်ကွင်း အကောင်းဆုံး အသင်း အဖြစ် ရပ်တည် နေပြီး ခုနှစ်ပွဲနိုင် ၊ ၁ ပွဲ သရေ ကျထားပြီး အမ်းမရိတ်ကွင်းမှာ ၂ ပွဲသာ ရှုံးပွဲ ကြုံတွေ့ ထားပါတယ် ။

 

ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာတော့ ရှုံးပွဲ ၅ ပွဲ အထိ ကြုံတွေ့ ထားပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည် နေပြီး ထိပ်ဆုံးက မန်စီးတီး အသင်း နဲ့ ရမှတ် ၁၈ မှတ် အထိ ကွာဟ နေပါတယ် ။

ဒန်နီ မာဖီ ကတော့ အာဆင်နယ် အသင်းအနေနဲ့ အဝေးကွင်းမှာ ရလဒ် ကောင်းတွေသာ မရယူနိုင်ရင် အဆင့်လေး နေရာမှာ ဆက်လက် ရပ်တည် နိုင်ဖို့ ခက်ခဲ ရုန်းကန် ရလိမ့်မယ်လို့ talkSPORT မှာ ပြောကြား သွားခဲ့ပါတယ် ။

 

” ဒီရာသီမှာ အာဆင်နယ် အသင်း ရဲ့ စွမ်းဆောင်ရည်က တိုးတက်မှု သိသိသာသာ ရှိလာတာကို အားလုံး တွေ့မြင်ထားကြမှာပါ ။ သူတို့ ဖွဲ့စည်း တည်ဆောက် ထားတဲ့ ပုံစံ ကိုလည်း ခင်ဗျားတို့ တွေ့မြင် ထားပြီး ဖြစ်မှာပါ ။ ”

“ပွဲထွက် လူစာရင်းက အပြောင်းအလဲ မရှိဘဲ တသတ်မတ်တည်း ရှိပါတယ် ။ အသင်း အတွင်းမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး အချို့ကိုလည်း တည်ဆောက် ထားနိုင်ပါတယ် ၊ သူတို့ ဘာလုပ်ဖို့ ကြိုးစား နေကြသလဲ ဆိုတာ ခင်ဗျားတို့ ရိပ်မိကြမှာပါ ၊ ဒါကြောင့် တိုးတက်မှု ကို မြင်တွေ့နေရတယ်လို့ ပြောတာပါ ။ ”

” အာဆင်နယ် အသင်းရဲ့ အဓိက ပြဿနာက အဝေးကွင်း ရလဒ်ပိုင်းပါ ၊ အိမ်ကွင်းမှာ ကစားရတဲ့ပွဲဆို သူတို့ အဆင်ပြေပြေ ကစားနိုင်ပါတယ် ၊ ဒါပေမယ့် အဝေးကွင်းမှာ အတန်အသင့် ကောင်းမွန်တဲ့ ပြိုင်ဘက် နဲ့ ကစားရရင် သူတို့ ကစားပုံ ကျဆင်းသွားတော့တာပါပဲ ။ ”

” မန်စီးတီး ၊ လီဗာပူး ၊ မန်ယူနိုက်တက် တို့နဲ့ တွေ့တဲ့ အဝေးကွင်းပွဲသုံးပွဲစလုံးမှာ သူတို့ ရှုံးနိမ့် ခဲ့ပါတယ် ။ အာဆင်နယ် အသင်းက ထိပ်ဆုံး လေးသင်းထဲ ဝင်ရောက်နိုင်ဖို့ အသင်း တစ်သင်းမှာ ရှိရမယ့် ဒဏ်ခံနိုင်မှု ၊ ယုံကြည်မှု နဲ့ အရည်အသွေးကောင်းတွေ လုံလုံလောက်လောက် မပြသထားနိုင်ပါဘူး ။ ”

“အိမ်ကွင်းမှာဆို သူတို့က ပိုကောင်းတဲ့ အသင်း ဖြစ်ကြောင်း ပြသ ထားနိုင်ပါတယ် ၊ သူတို့ အတွက် အဓိက စိန်ခေါ်မှုက အဝေးကွင်းမှာဆိုလည်း အိမ်ကွင်းကလို စွမ်းဆောင်ရည်မျိုး ပြသ နိုင်ဖို့ပါ ၊ ကျွန်တော်ကတော့ သူတို့ ဥရောပ ပြိုင်ပွဲ မကစားရပေမယ့် ထိပ်ဆုံးလေးသင်းထဲ ဝင်လိမ့်မယ်လို့တော့ မထင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM