ဒီနေ့ည ကစားမယ့် အာဆင်နယ် – မန်စီးတီး ၊ စပါး နဲ့ ဝက်စ်ဟမ်း ပွဲတွေကို ခန့်မှန်းပေးလိုက်တဲ့ ပေါလ် မာဆင်

ချဲလ်ဆီး တို့ ဒီတပတ်မှာ နိုင်ပွဲကို မဖြစ်မနေ ရှာဖွေဖို့ လိုနေပါပြီ ။ ဒါပေမယ့် သူတို့ ရင်ဆိုင် ရမှာက လီဗာပူးပါ ။

လက်စတာ ကို ရှုံး ၊ တပွဲ ရွှေ့လိုက်ရပြီး အဆင့်တွေကျ အမှတ်တွေဟ သွားတဲ့ လီဗာပူး နဲ့ပါ ။ ဒါကြောင့် သူတို့ အတွက် ခက်ခဲ နေဦးမှာ ပါပဲ ။

စီးတီး ကတော့ ဇယားထိပ်မှာ အမှတ်တွေ ဖြတ်ပြီး ဦးဆောင် နေပါတယ် ။ တကယ်လို့ ဒီတပတ် မှာသာ စီးတီး တို့ အမှတ်ပြည့် ရပြီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ သရေကျ ခဲ့မယ် ဆိုရင် ချန်ပီယံ ပြေးပွဲက ပြီးသွားပြီ လို့တောင် ပြောရမှာပါ ။

အာဆင်နယ် ကတော့ သူတို့ရဲ့ ပုံစံကောင်း ရနေမှု ကို စီးတီး နဲ့ စမ်းသပ်ခံရ ပါတော့မယ် ။ ဒီပွဲဟာ ဒီတပတ် ရဲ့ အကျိတ်အနယ် အရှိဆုံးပွဲ ဖြစ်မယ်လို့ လူတွေက ခန့်မှန်း ထားကြတာပါ ။ လီဗာပူး နဲ့ ချဲလ်ဆီး ပွဲထက်ကို ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမယ်လို့ တွေးထား ကြတာပါ ။ တကယ်ဖြစ်လာ မလားဆိုတာတော့ စောင့်ကြည့် ရမှာ ပါပဲ ။

၂၀၂၂ ရဲ့ ပထမဆုံး ပွဲစဉ်ထဲက ၃ ပွဲ ကိုတော့ အခုညမှာ ကစားသွားမှာပါ ။ ကျန်တဲ့ ပွဲတွေ ကတော့ မနက်ဖြန်ညမှာ ကစားကြမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ ဝုဗ် ပွဲကတော့ တနင်္လာနေ့ မှ ကစားသွား ကြမှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် အခုည ကစားမယ့် ပွဲ ၃ ပွဲ အတွက် ပေါလ် မာဆင် ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

၁ ။ အာဆင်နယ် – မန်ချက်စတာ စီးတီး

လက်ရှိမှာ အာဆင်နယ်တို့ ကစားပုံ ကောင်းနေပါတယ် ။ ဒါပေမယ့် မန်စီးတီး က သူတို့ ရှေ့မှာ ကစားခဲ့တဲ့ အသင်းတွေနဲ့ ဘာမှ မဆိုင်ပါဘူး ။

ဒါကြောင့် ဒီပွဲမှာ မန်စီးတီး က အနိုင် ရလဒ် မှမဟုတ်ခဲ့ရင် မအောင်မြင်တဲ့ မိနစ် ၉၀ လို့ သတ်မှတ်ရမှာ ဖြစ်ပြီး အာဆင်နယ် အတွက် ကတော့ ရှုံးခဲ့မယ် ဆိုရင်တောင် ဘာမှ ပြောလို့ မရနိုင်ပါဘူး ။

အာဆင်နယ် က ဒီရာသီမှာ အသင်းငယ်တွေကို နိုင်ပြီး အသင်းကြီးတွေ နဲ့ ဆိုရင် ရလဒ်တွေ မကောင်းဘဲ ဖြစ်နေပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ကိုတောင် ယိုင်နဲ့ နေတဲ့ အခြေအနေမှာ ရှုံးခဲ့တာပါ ။

ဒါကြောင့် ဒီပွဲမှာလည်း သူတို့ကို အများကြီး ယုံစားလို့ မရပါဘူး ။

လူတိုင်း ဂိုးသွင်းနိုင်တာက မန်စီးတီး ရဲ့ အားသာချက်ပါ ။ အာဆင်နယ် ဘက်ကလည်း စီးတီးကို ခြိမ်းခြောက် ဂိုးသွင်း နိုင်မှာပါ ။

ဒါပေမယ့် စီးတီးက ပိုသွင်းနိုင်မယ့် အသင်း ဖြစ်နေမှာ သေချာပါတယ် ။

မာဆင် ကတော့ ဧည့်သည် မန်စီးတီး က အိမ်ရှင် အာဆင်နယ် ကို ၃-၁ နဲ့ အနိုင် ကစားသွားမယ်လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

၂ ။ ဝက်ဖိုဒ့် တော့တင်ဟမ် ဟော့စပါး

ဆောက်သမ်တန် နဲ့ ပွဲမှာ အမှတ်လျော့လိုက်တာက စပါး ကို စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှု ဖြစ်စေ နိုင်ပါတယ် ။

ဒီတပတ် မှာ ဝက်စ်ဟမ်း နဲ့ အာဆင်နယ် တို့ အမှတ်တွေ လျော့နိုင်တာကြောင့် စပါး သာ အနိုင် ပြန်ရနိုင်မယ် ဆိုရင် အဆင့် ၄ အတွက် မျှော်လင့်ချက်တွေ ပိုကောင်း လာမှာပါ ။

ဒါပေမယ့် ဝက်ဖိုဒ့် က ပိုပြီး အနိုင် ရလဒ် ကို ဆာလောင် နေပါပြီ ။ နောက်ဆုံး ၁၀ ပွဲမှာ ၉ ပွဲ အထိ ရှုံးထားတာက ဝက်ဖိုဒ့်ပါ ။ ရာနီရေးနီလည်း အတော်လေး ဖိအား များနေပါပြီ ။

ဒါကြောင့် ဗိုလ်လုပွဲ တပွဲလို ကစားမယ်ဆိုရင် ဝက်ဖိုဒ့် တို့ စပါး ဆီက အမှတ်ခွဲယူ နိုင်မှာပါ ၊ မဟုတ်ရင်တော့ ဂိုးပြတ် ရှုံးရ ပါလိမ့်မယ် ။

မာဆင် ရဲ့ ခန့်မှန်းချက် – ဝက်ဖိုဒ့် ၁ – ၁ စပါး

၃ ။ ပဲလေ့စ် – ဝက်စ်ဟမ်း

ဒီညရဲ့ ဒုတိယမြောက် လန်ဒန် ဒါဘီပါ ။ ဝက်စ်ဟမ်း တို့ အကျဘက် ပြန်ရောက် နေပြီလို့ ထင်ရ ပါတယ် ။

လွန်ခဲ့တဲ့ တလလောက် တုန်းက ဆိုရင်တော့ ဒီပွဲကို ဝက်စ်ဟမ်း တို့ နိုင်ကောင်း နိုင်မှာပါ ။ ဒါပေမယ့် လက်ရှိ အနေအထားမှာတော့ ၂ သင်းစလုံးမှာ အခွင့်အရေးတွေ ရှိနေတယ်လို့ပဲ ဆိုရမှာပါပဲ ။

ခြေစွမ်းချင်း မကွာဟတာရော ၊ လန်ဒန် မြို့ခံ ပြိုင်ဘက်ချင်း ဖြစ်နေတာကြောင့်ရော အခုပွဲက အကျိတ်အနယ် နဲ့ ကြည့်လို့ ကောင်းမှာ သေချာပါတယ် ။ အဖြစ်နိုင်ဆုံး ကတော့ သရေ ရလဒ်ပါပဲ ။

မာဆင် ကတော့ ပဲလေ့စ် ၁ – ၁ ဝက်စ်ဟမ်း လို့ ခန့်မှန်းသွားခဲ့ ပါတယ် ။

 

SPORTS MYANMAR