” ထိပ်သီး သုံးသင်းပြင်ပမှာ ရာသီကုန်ဆုံးဖို့ဆိုတာ လုံးဝ လက်ခံလို့မရတဲ့အရာပဲ “#ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို က ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွင်း ထိပ်သီး 3 သင်း စာရင်း ပြင်ပမှာ ရာသီ ကုန်ဆုံးရေး ဆိုတာက လုံးဝ လက်ခံလို့ မရတဲ့ အရာ တစ်ခု ဖြစ််ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

ရီးယဲ မက်ဒရစ် ၊ ဂျူဗင်တပ် အသင်းတွေမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် ဆယ်စုနှစ် တစ်ခုအကြာမှ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ တစ်ဖန် ပြန်လည် ရောက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

သူဟာ ဒီနွေမှာ အသင်းဆီ ရောက်လာခဲ့စဥ်တုန်းက အသင််းဆီ ဂျေဒန် ဆန်ချို ၊ ရာဖေးလ် ဗာရန်း တို့ပါ ရောက််လာခဲ့ကြတဲ့ အတွက် ယခင်ထဲက တောင့်တင်းနှင့်ပြီးသား မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနှစ်တော့ ဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံရပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ ယူနိုက်တက်တို့ဟာ ပုံစံကောင််း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ပြီး နည်းပြ ဆိုးလ်ရှား နဲ့ လမ်းခွဲခဲ့ရသလို ယာယီ နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် ရဲ့ လက်အောက််မှာလည်း မျှော်လင့်ထားခဲ့တဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြန်ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်သီး 4သင်း စာရင်း ဝင်ရောက်နိုင်ဖို့တောင် မလွယ်ကူတော့တဲ့ အနေအထား တစ်ရပ်ကို ပိုင်ဆိုင်နေခဲ့ရပါတယ် ။ အခုတော့ ရော်နယ်ဒို က သူဟာ အောင်ပွဲဆင်နိုင်ဖို့ ဒီကို ရောက်လာခဲ့တာ ဖြစ်ကြောင်း ဖွင့်ပြောခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် ဆိုတာ အမှတ်ပေး ဖလားကို ဆွတ်ခူးသင့်တဲ့ အသင်းမျိုးပါ ။ ဒါမှမဟုတ်ရင် အဆင့် 2 ၊ အဆင့် 3 အနည်းဆုံး ပါပဲ ။ ရိုးရိုးသားသား ပြောရရင် မန်ချက်စတာ ယူနိုက်တက် ဆိုတာ အခြား အဆင့်မှာ ရှိသင့်တဲ့ အသင်းမျိုးလို့ ကျွန်တော်တော့ လုံးဝ မမြင်မိပါဘူး ”

” ကျွန်တော့်ရဲ့ အမြင်မှာတော့ မန်ချက်စတာ ယူနိုက်တက်် အသင်းသားတွေရဲ့ စိတ်ထဲ ထိပ်သီး သုံးသင်းဆိုတာထက် နည်းပါးတဲ့ အဆင့်မျိုး ထားကို မထားသင့်ပါဘူး ။ ကျွန်တော်တို့ဟာ အရာရာတိုင်းကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်နှင့်ပြီးသားပါ ”

” ဘယ်လို ပြောင်းလဲမလဲဆိုတာနဲ့ ပတ်သက်လို့ သီးခြားနည်းလမ်းတော့ ကျွန်တော်လည်း မသိပါဘူး ။ ကျွန်တော်က နည်းပြ မဟုတ်သလို ဥက္ကဌလည်း မဟုတ်ရဘူးလေ ။ ကျွန်တော် သိတဲ့ နည်းလမ်စတော့ ရှိပါတယ် ။ ဒါပေမဲ့ အဲ့တာကို ထုတ်ပြောသွားမှာတော့ မဟုတ်ပါဘူး ”

” ဘာဖြစ်လို့လဲဆိုတော့ အဲ့တာလို အကြောင်းအရာတွေကို ပြောတာက ကစားသမား တစ်ဦးနဲ့ မကိုက်ညီလို့ပါပဲ ။ ကျွန်တော် ပြောနိုင်တဲ့ အရာ ၊ ပြောနိုင်တဲ့ အချို့အကြောင််းအရာက ကျွန်တော်တို့ဟာ ထိန်းချုပ်နိုင်စွမ်း ရှိကြတယ်ဆိုတာပါပဲ ။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ကြပါတယ် ”

” မန်ချက်စတာဆိုတာ အရေးကြီးတဲ့ အသင်းမျိုး ဖြစ်နှင့်ပြီးသားပါ ။ ကျွန်တော်တို့ အဲ့တာကို ပြောင်းလဲနိုင်ရပါ့မယ် ။ ကျွန်တော်က အဆင့် 7 ၊ အဆင့် 6 ၊ အဆင့် 5 ဆိုတဲ့ နေရာမျိုးကို ရရှိနိုင်ရေး အတွက် တိုက်ပွဲတွေ ဝင်ဖို့ ဒီကို ရောက်လာခဲ့တာ မဟုတ်ပါဘူး ”

” ကျွန်တော် ဒီကို ယှဥ်ပြိုင်ဖို့၊ အောင်ပွဲဆင်ဖို့ ရောက်လာခဲ့တာပါ ။ ကျွန်တော် ယှဥ်ပြိုင်နိုင်စွမ်း ရှိကြပါတယ် ။ ဒါပေမဲဲ့ အကောင်းဆုံး အနေအထားကိုတော့ မပိုင်ဆိုင်ကြသေးပါဘူး ။ ကျွန်တော်တို့ရဲ့ စိတ်ကို ပြောင်းလဲနိုင်မယ်ဆိုရင် ကြီးမားတဲ့ အရာတွေကို ရယူနိုင်မယ်လို့ ယုံကြည်မိပါတယ် ” လို့ ရော်နယ်ဒို က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar