တူချယ် နဲ့ ဆက်ဆံရေးကြောင့် အူဘာမီယန်း တစ်ယောက် ချဲလ်ဆီး ကို ရောက်လာနိုင်ချေ ရှိတယ်လို့ ထင်ကြေးပေးလိုက်တဲ့ ကာတန်ကိုးလ်

ကာတန်ကိုးလ် က အာဆင်နယ် အသင်း တိုက်စစ်မှူး အူဘာမီယန်း ဟာ ဒီဇန်နဝါရီမှာ နယူးကာဆယ် အသင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ မထင်ကြောင်း သုံးသပ် လိုက်ပီး ချဲလ်ဆီး အသင်းကိုတော့ ရောက်သွားနိုင်ချေ ရှိနေတယ်လို့ ဆိုပါတယ် ။

အူဘာမီယန်း ဟာ ပြည်ပ ခရီးထွက်ခွာပြီး အာဆင်နယ် အသင်း သဘောတူ သတ်မှတ်ထားတဲ့ အချိန်မှာ အချိန်မှီ ပူးပေါင်း နိုင်ခဲ့ခြင်း မရှိတာကြောင့် အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပြီး အသင်း လူစာရင်းမှာ ပါဝင်ခွင့် မရတာလည်း ၆ ပွဲဆက်တိုက် ရှိသွားခဲ့ပါပြီ ။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း မပါဝင်နိုင်တဲ့ ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ၅ ပွဲ ဆက်တိုက် အနိုင် ရခဲ့ပြီး ဂိုး ၂၀ အထိ သွင်းယူခဲ့ကာ နောက်ဆုံး ကစားခဲ့တဲ့ မန်စီးတီး နဲ့ ပွဲမှပဲ ရှုံးပွဲ ကြုံတွေ့ ထားခဲ့ရပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ အူဘာမီယန်း အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ထားပေမယ့် ဂါဘွန်သားဟာ သူ့ရဲ့ ဂန်းနား ကစားသမား ဘဝ နောက်ဆုံးပွဲ ကစားခဲ့ပြီး ဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေပါတယ် ။

လက်တစ်လောမှာ နယူးကာဆယ် အသင်းဟာ အူဘာမီယန်း ကို ကနဦး အငှား နဲ့ ခေါ်ယူပြီး ရာသီကုန်မှာ ပေါင် သန်း ၂၀ နဲ့ အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ကာတန်ကိုးလ် ကတော့ အူဘာမီယန်း အနေနဲ့ တန်းဆင်းဇုန်းမှာ ရုန်းကန် နေရတဲ့ နယူးကာဆယ် ကို ပြောင်းလိမ့်မယ်လို့တော့ မထင်ကြောင်း Stadium Astro မှာ ပြောကြား သွားခဲ့ပါတယ် ။ ” အူဘာ က အောက်အသင်းကို ဆင်းပြီး တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွဲမှာ မဟုတ်ပါဘူး ။ သတင်းတွေ ထွက်နေသလို ဖြစ်လာမယ် မထင်ပါဘူး ။ ”

” အူဘာ အနေနဲ့ သင်ခန်းစာ ယူဖို့ လိုပါတယ် ၊ သူအသင်း ခေါင်းဆောင်ရာထူး ကနေ ဖယ်ရှား ခံခဲ့ရပါတယ် ၊ ဒီဖြစ်ရပ်က သင်ခန်းစာ ယူဖို့အတွက် လိုတာထက်တောင် ပိုနေပါပြီ ။ သူသာ နယူးကာဆယ် ကို ပြောင်းပြီ ဆိုပါစို့ ၊ အခန့်မသင့်လို့ တန်းဆင်းသွားရင် သူ ဘယ်ကို ထပ်ပြောင်းမှာလဲ ။ ”

” ချဲလ်ဆီး က တိုက်စစ်မှူး လိုအပ်နေတာကို ခင်ဗျားတို့လည်း တွေ့မှာပါ ၊ အူဘာ နဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ ဖြစ်လာမှာကို တွေးကြည့်စမ်းပါ ၊ ထူးဆန်းတဲ့ အရာတွေက ဖြစ်ပျက်လေ့ ရှိပါတယ် ၊ ချဲလ်ဆီး က လန်ဒန်က ကလပ် အသင်း ဖြစ်နေပါတယ် ၊ ကျွန်တော် ဘာဆိုလိုသလဲ ခင်ဗျားတို့ သိမှာပါ ။ ”

” ဒါပေမယ့် အာဆင်နယ် က အူဘာ ကို သူတို့ ပြိုင်ဘက် အသင်းထံ အငှားချ ရောင်းချ ပါ့မလား ဆိုတာ သံသယ ဖြစ်မိပါတယ် ။ သူတို့ သမိုင်းကြောင်းကို ပြန်ကြည့်ကြည့်ပါ ၊ ဒေါ့မွန် တူချယ် နဲ့ အူဘာမီယန်း တို့က တစ်ယောက် နဲ့ တစ်ယောက် သိကြပါတယ် ။ ”

” တူချယ် က အူဘာ့ဆီက ခြေစွမ်းကောင်းတွေ ဘယ်လို ရနိုင်သလဲ ဆိုတာ သိပါတယ် ၊ ကျွန်တော် က ဒီအပြောင်းအရွှေ့ ကျိန်းသေပေါက် ဖြစ်လာမယ်လို့ ပြောတာ မဟုတ်ပါဘူး ၊ ဖြစ်နိုင်ချေ ရှိတယ်လို့ ပြောတာပါ ၊ ဘောလုံးမှာ အရာအားလုံး ဖြစ်နိုင်ချေ ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM