ဇန်နဝါရီ Deadline Day မှ နောက်ဆုံးရ အာဆင်နယ် အသင်းရဲ့ အပြောင်းအရွှေ့သတင်း စုစည်းမှု

၁ ။ အူဘာမီယန်း ၊ အာဆင်နယ် နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှုဟာ တိုးတက်မှုတွေ ရှိလာနေပေမယ့် လစာ ပေးချေမှု နဲ့ ပတ်သက်ပြီး အလုံးစုံ သဘောတူညီမှု မရရှိသေးပါဘူး ။ အာဆင်နယ် အသင်းဘက်က အူဘာမီယန်း တစ်ပတ် လစာ ပေါင် ၃ သိန်း ခွဲ ရဲ့ ရာခိုင်နှုန်း အတော်များများကို ပေးချေစေလိုပြီး ဘာစီလိုနာ အသင်းဘက်မှာလည်း ဘဏ္ဍာရေး အခြေအနေအရ ခက်ခဲရှုပ်ထွေးမှုတွေ ရှိနေပါတယ် ။

အူဘာမီယန်း ရဲ့အပြောင်းအရွေ့ကို နည်းစနစ် ဒါရိုက်တာ အီဒူး က တာဝန်ယူ ကိုင်တွယ် နေတာ ဖြစ်ပြီး ဆုံးဖြတ်ချက် ချရာမှာတော့ နည်းပြ အာတီတာ ၊ အုပ်ချုပ်ရေး အဖွဲ့ဝင် ၊ ဘုတ်အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်း လုပ်ဆောင်ရမှာ ဖြစ်တယ်လိုလည်း သိရပါတယ် ။

၂ ။ စနေနေ့တုန်းက ရီးရဲလ်ဆိုစီဒက် တိုက်စစ်မှူး အှဆက် ကို လန်ဒန်မှာတွေ့ရတဲ့ သတင်းဟာ အာဆင်နယ် ပရိသတ်တွေ အတွက် ရင်ခုန် စိတ်လှုပ်ရှား စရာ ဖြစ်ပေမယ့် အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး တိုးတက်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး ။ အာဆင်နယ် အသင်းဟာ အီဆက် ရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၇၅ သန်း ကို ပေးသင့် မပေးသင့် ချိန်ဆ နေဆဲ ဖြစ်ပါတယ် ။

၃ ။ အာဆင်နယ် အသင်းဟာ ချန်ဘာ ကို စာချုပ် တစ်နှစ် သက်တမ်းတိုးခွင့် ရှိတဲ့ အခွင့်အရေးကို အသုံးမပြုဘဲ အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့ခွင့် ပြုလိုက်တာ ဖြစ်ကြောင်း The AthleticUk ​က ထုတ်ဖော် ရေးသား လိုက်ပါတယ် ။ အာဆင်နယ် အနေနဲ့ ချန်ဘာ ကိုသာ သက်တမ်းတိုးထားပါက ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာ ရနိုင်တဲ့ အနေအထား ရှိပါတယ် ။

၄ ။ အာဆင်နယ် အသင်း လူငယ် တိုက်စစ်မှူး အန်ကီးတီးယား ကို ခေါ်ယူဖို့ နယူးကာဆယ် ၊ ခရစ္စတယ်ပဲလေစ့် တို့က စိတ်ဝင်စားနေကြပေမယ့် ဂန်းနားတို့ဟာ တိုက်စစ်မှူးသစ် မခေါ်နိုင်သေးပဲ လက်လွှတ်သွားဖို့တော့ မရှိပါဘူး ။ အန်ကီးတီးယား ဟာ ရာသီကုန်မှ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့်သူ ဖြစ်ပါတယ် ။

၅ ။ AS ရဲ့ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ ဂျူဗင်တပ်စ် အသင်း တိုက်စစ်မှူး မိုရာတာ ကို ခေါ်ယူချင် နေတယ်လို့ သိရပါတယ် ။ ဒါပေမယ့် ကစားသမား ဘက်ကတော့ အသင်း ပြောင်းရွှေ့ဖို့ ရာ အချိန်မလုံလောက်ကြောင်း တွေးမြင်ထားတယ်လို့လည်း သိရပါတယ် ။

၆ ။ မစ်ဒယ်ဘရော့ အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံး နေ့ရက်မှာ ဂျက်စပန့်စ် အတွက် အာဆင်နယ် နဲ့ တော့တင်ဟမ် အသင်းတို့ရဲ့ ကမ်းလှမ်းမှု ရောက်ရှိလာဖို့ မျှော်လင့်နေပါတယ် ။ စပန်စ့် ကို ခေါ်ယူနိုင်တဲ့ အသင်းဟာ နော်တင်ဟမ်ဖောရက်စ် အသင်းထံ ရာသီကုန် အထိ ဆက်လက် အငှားချသွားရမှာ ဖြစ်ပြီး ရာသီကုန်မှ အသင်း လူစာရင်းထဲ ထည့်သွင်းလို့ ရမှာပါ ။

၇ ။ The Athletic ရဲ့သတင်းထောက် အော်စတိန်း က အာဆင်နယ် အသင်းဟာ ခုထက်ထိ ကွင်းလယ်လူ နဲ့ တိုက်စစ်မှူး ခေါ်ယူနိုင်ဖို့ နီးစပ်မှု ရှိမနေသေးကြောင်း ပြောကြား လိုက်ပါတယ် ။ ဒါပေမယ့် အရင်တုန်းကလည်း အာဆင်နယ် အသင်းရဲ့ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေ ရှိခဲ့ဖူးတာကြောင့် စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။

၈ ။ MundoDeportivo ကတော့ အာဆင်နယ် အသင်းဟာ အီိဆက် ကို ပေါင် ၅၈ သန်း နဲ့ ကမ်းလှမ်းခဲ့ပြီး ဆိုစီဒက် ဘက်က ပယ်ချ ခဲ့တယ်လို့ ဆိုပါတယ် ။ ဆိုဒီဒက် အသင်းဘက်က စာချုပ် ဖျက်သိမ်းကြေး ပေါင် ၇၅ သန်း ကိုပဲ အလိုရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။

SM