ဇန်နဝါရီမှာ ယူနိုက်တက် အသင်းကနေ ထွက်ခွာသွားသင့်တဲ့ ကစားသမား 3 ဦး အမည်ကို ထုတ်ပြောလိုက်တဲ့ ဘာဘာတော့ဗ် 

  မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် လက်ရှိ အသင်းမှာ ဒင်းန် ဟန်ဒါဆန် ၊ ဗန်ဒီ ဘိခ် နဲ့ အန်သိုနီ မာရှယ် တို့ဟာ သူတို့ရဲ့ ကစားသမားဘဝ ဆက်လက် တိုးတက်ရေးအတွက် အသင်းမှ ထွက်ခွာသင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။ 

လက်ရှိ အချိန်မှာတော့ အဆိုပါ ကစားသမား 3 ဦးလုံးဟာ ပွဲကစားခွင့် မရရှိမှုတွေနဲ့ အတူ အသင်းမှာ မပျော်မရွှင် ဖြစ်နေကြတယ်လို့ သတင်းထွက်နေပြီး ဒီဆောင်းမှာ အသင်း ပြောင်းရွှေ့သွားနိုင်ဖွယ် ရှိနေတယ်လို့ အသံတွေ ကျယ်လောင် နေခဲ့ကြပါတယ် ။

ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် ကတော့ အသင်းပြောင်းရွှေ့ရေးနဲ့ ပတ်သက်လို့ သူနဲ့ စကား ပြောဆိုခဲ့သေးကြောင်း ယူနိုက်တက် နည်းပြ ရန်းဂနစ်က အတည်ပြုခဲ့သေးသလို ကစားသမားရဲ့ အေးဂျင့်ကလည်း စျေးကွက်ထဲ လှုပ်ရှားနေခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်နိုင်ဖို့ မျှော်လင့်ချက် ထားရှိနေခဲ့တဲ့ ဒင်းန် ဟန်ဒါဆန် ကလည်း ဒေးဗစ် ဒီဂီယာ အထူး လက်စွမ််းကောင်းတွေ ပြသနေမှုကြောင့် အရံခုံပေါ်မှာပဲ ရှိနေခဲ့ရတာကို စိတ်ပျက်နေခဲ့ရပါတယ် ။

ဒါ့အပြင် ဗန်ဒီ ဘိခ် ဟာလည်း မျှော်လင့်ချက်တွေ နဲ့ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့ပေမဲ့ လုံလောက်တဲ့ ပွဲကစားချိန် မိနစ်တွေ မရရှိတဲ့အပြင် အရံခုံပေါ်မှာပဲ အချိန်တွေ ကုန်ဆုံးနေခဲ့ရတာကြောင့် မိမိရဲ့ အနေအထားအပေါ် အားမလိုအားမရ ဖြစ်နေခဲ့ရပါတယ် ။

လက်ရှိ အနေအထားအရ အဆိုပါ ကစားသမား သုံးဦးလုံးဟာ လက်ကျန်ရာသီမှာလည်း ပွဲထွက် ကစားခွင့်တွေကို လုံလောက်စွာ ရရှိသွားဖို့ ရှိမနေကြပါဘူး ။ ဒါ့ကြောင့် ဘာဘာတော့ဗ် က သူတို့ သုံးဦး အသင်းမှ ထွက်ခွာသွားသင့်ကြောင်း ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ဒင်းန် ဟန်ဒါဆန်ဟာ အသင်းမှ ထွက်ခွာဖို့ တောင်းဆိုရင် ကျွန်တော် အံ့အားသင့်မိမှာ မဟုတ်ပါဘူး ။ အဲ့တာကိုပဲ ကျွန်တော် မျှော်လင့်နေတာပါ ။ ဒွန်နီ ဗန်ဒီ ဘိခ် နဲ့ အန်သိုနီ မာရှယ် တို့လည်း အတူတူ ပါပဲ ။ ဒီကစားသမားတွေ ပွဲကစားခွင့် မရကြသလို သူတို့ မပျော်ရွှင်ကြတာလဲ သိိသာထင်ရှားလှပါတယ် ”

” သူတို့ ပျော်ရွှင်ကြတဲ့ အရာက ဘောလုံး အားကစားကို ကစားရခြင်းပါ ။ ဒါကို မရနိုင်တဲ့ အတွက် သူတို့ ပြောင််းရွှေ့သင့်ပါတယ် ။ ဟန်ဒါဆန် က ကစားခွင့် ရလိမ့်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ အသင်းဆီ ပြန်ပြောင်းလာခဲ့တာပါ ။ အဲ့ဒီတုန်းက ဒေးဗစ် ဒီဂီယာလည်း ခက်ခဲတဲ့ ရက်စွဲတွေကို ပိုင််ဆိုင်ခဲ့ရတယ်လေ ”

” ဒါပေမဲ့ သူရောက်ပြီး မကြာမီမှာပဲ ဒေးဗစ်ဟာ အထူး လက်စွမ်းကောင်းတွေကို တဖန်ပြန်လည် ပြသသွားနိုင်ခဲ့ပါတယ် ။ ဒါက ဒင်းန် ဟန်ဒါဆန် အတွက်တော့ သတင်းဆိုးပါပဲ ။ သူပြောင်းချင်မယ်ဆိုရင် ဘာကြောင့်လဲဆိုတာကို ကျွန်တော် နားလည်ပေးလို့ ရနိုင်ပါတယ် ” လို့ ဖာဒီနန် က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar