ဂျူဗင်တပ် ဂန္တဝင်တွေရဲ့ ဝေဖန်မှုကို ခံနေခဲ့ရတဲ့ အသင်းဖော်ဟောင်း ရော်နယ်ဒိုဖက်မှ ထောက်ခံအားပေးစကားဆိုလိုက်တဲ့ ဂျူဗင်တပ် အသင်းဖော်ဟောင်

ဂျူဗင်တပ် အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်တဲ့ ရာဒူ ဒရာဂူဆင်က ဝေဖန်မှုတွေ ခံနေခဲ့ရတဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဖက်မှ ထောက်ခံ အားပေးစကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံတွေ အားရကျေနပ်ဖွယ် ရှိမနေသေးတဲ့ အနေအထား တရပ်မှာ အချို့လူတွေက ရော်နယ်ဒို ရဲ့ လွှမ်းမိုးနိုင်မှုအပေါ် မေးခွန်းထုတ်ခဲ့ကြပြီး အချို့ကတော့ နည်းပြ ရန်းဂနစ် ရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေ အပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ် ။

ဒါ့အပြင် ရော်နယ်ဒို ရဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့တဲ့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ကိုယ်တိုင်ကလည်း နယူးကာဆယ် နဲ့ ပွဲစဥ် အပြီး ပေါ်တူဂီသား နှစ်ဦး ဖြစ်ကြတဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ အပေါ် ဝေဖန်မှု ပြုလုပ်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ အခုတော့ ဂျူဗင်တပ် အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး တစ်ဦး ဖြစ်တဲ့ ရာဒူ ဒရာဂူဆင် က ရော်နယ်ဒိုဟာ အီတလီမြေမှာ ရှိနေခဲ့စဥ် ကာလပတ်လုံး အပေါင်း လက္ခဏာဆောင်တဲ့ လွှမ်းမိုးမှုတွေသာ ရှိနေခဲ့ကြောင်း ထောက်ခံစကားဆိုခဲ့လိုက်ပါတယ် ။

” သူ (ရော်နယ်ဒို) က ကျွန်တော်တို့ အားလုံး လေးစားကြတဲ့ အသင်းဖော် လုပ်ဖော်ကိုင်ဖက် တစ်ဦးပါ ။ သူဟာ ဘယ််တုန်းကမှ မောက်မာတဲ့ ပုံစံနဲ့ ကျွန်တော်တို့ကို မကြည်ခဲ့ဖူးပါဘူး ။ ခင်ဗျား သူနဲ့ ဘာအကြောင်းမဆို ပြောဆိုလို့ ရနိုင်ပါတယ် ။ သူဟာ အရမ်းကို နားလည်ပေးတတ်သူ တစ်ဦးပါပဲ ” လို့ ဒရာဂူဆင် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဒရာဂူဆင် ကတော့ ရော်နယ်ဒို ဖက်မှ အခုလို ထောက်ခံ စကားတွေ ပြောဆိုသွားခဲ့ပေမဲ့ မကြာသေးခင်ကပဲ ဂျူဗင််တပ် အသင်းရဲ့ ပရိိသတ် အချစ်တော် ကစားသမားတွေ ဖြစ်ကြတဲ့ ဘိုနူချီ နဲ့ ချီလီနီ တို့ အပြင် ဂိုးသမားဟောင်း ဘူဖွန် တို့ကလည်း ခရစ္စတီယာနိုဟာ အသင်းလိုက် စိတ်ဓါတ်ကို ပျောက်ကွယ်စေခဲ့ကြောင်း ဝေဖန်ခဲ့ကြပါသေးတယ် ။

” ပြီးခဲ့တဲ့ ရာသီက အသင်းဟာ သူ့အတွက် ကစားပေးခဲ့တယ် ။ အခုတော့ အသင်းသားတွေ အနေနဲ့ သူမရောက်ခင်တုန်းက ရှိနေခဲ့ဖူးတဲ့ ဂျူဗင်တပ် အသင်းရဲ့ အသင််းအဖွဲ့ စိတ်ဓါတ်ကို တဖန် ပြန်လည် ရှာဖွေဖို့ လိုအပ်နေပါပြီ ” လို့ ဘိုနူချီ က ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်တို့ အတူတွဲကစားတဲ့ အနေအထားကောင်း တစ်ရပ်ကို ရောက်ရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ ခရစ္စတီယာနို ကတော့ စိတ်ဓါတ် တက်ကြွနေဖို့ ၊ သူ့အတွက် ကစားပေးဖို့ပဲ အလိုရှိခဲ့ပါတယ် ။ သူဟာ အဲ့လို အသင်းဆီ ရောက်တိုင်း အဆုံးအဖြတ် ပေးနိုင်စွမ်းရှိသူပါ ။ ဂျူဗီ မှာလည်း သူဟာ ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ် ” လို့ သွယ်ဝိုက် ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar