ဂျူဗင်တပ်စ် ကနေ ထွက်ခွာတော့မယ့် ရမ်ဆေး ကို ခေါ်ချင်နေကြတဲ့ ပရီးမီးယားလိဂ် ကလပ် အသင်း ၃ သင်း

ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်လူ အာရွန် ရမ်ဆေး ဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်စ် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း နည်းပြ အယ်လီဂရီ က အတည်ပြု ပြောကြား လိုက်ပါတယ် ။

ဂျူဗင်တပ်စ် ကနေ ထွက်ခွာတော့မယ့် ရမ်ဆေး ကို ခေါ်ချင်နေကြတဲ့ အသင်းများစွာ ရှိနေပြီး အဲ့ဒီအထဲမှာ နယူးကာ​ဆယ် ယူနိုက်တက် ၊ အက်စတွန်ဗီလာ နဲ့ ခရစ္စတယ်ပဲလေစ့် အသင်းတို့လည်း ပါဝင် နေပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ရမ်ဆေးဟာ ၂၀၁၉ ခုနှစ်မှာ ဂျူဗင်တပ်စ် အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ လာသူ ဖြစ်ပြီး တူရင်မြေမှာ ပုံမှန် ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရသူ ဖြစ်ပါတယ် ။

ဂျူဗင်တပ်စ် အသင်း နည်းပြ အယ်လီဂရီ ဟာ နာပိုလီ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဘယ်ကစားသမားတွေ ပါဝင် ကစားနိုင်ဖွယ် ရှိသလဲ မေးခွန်းကို ဖြေကြားရင်း ရမ်ဆေး ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့တာပါ ။

” ရမ်ဆေး က အင်္ဂလန်မှာ လေ့ကျင့်ခန်း ဆင်းနေရာကနေ ကလပ် အသင်းကို ပြန်ရောက်လာခဲ့ပါပြီ ၊ ဒါပေမယ့် သူက အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရမ်ဆေး ရဲ့ အင်္ဂလန် အတွေ့အကြုံကြောင့် ပရီးမီးယားလိဂ် အသင်းတော်တော်များများဟာ ခေါ်ယူဖို့ စောင့်ကြည့် နေကြပါတယ် ။ ရမ်ဆေး ကို ခေါ်ယူဖို့ ရေပန်းစား နေတာကတော့ ဗီအဲရာ ရဲ့ ပဲလေစ့် အသင်း ဖြစ်ပေမယ့် တခြား အသင်းတွေနဲ့ အပြိုင် ကြိုးစားရဖို့ ရှိနေပါတယ် ။

ဒီဇန်နဝါရီမှာ ငွေသုံးကြမ်းဖို့ ရှိနေတဲ့ နယူးကာဆယ် အသင်းဟာလည်း ရမ်ဆေး ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး ဂျာရတ်ရဲ့ အက်စတွန်ဗီလာ အသင်းကလည်း ချိတ်ဆက်လျက် ရှိနေတယ်လို့ Sport Mediaset က ဖော်ပြ ထားပါတယ် ။

Sky Sports Italia ရဲ့ အပြောင်းအရွှေ့ကျွမ်းကျင်သူဒီမာဇီယို ကတော့ ဘန်လေ အသင်းဟာ ရမ်ဆေး ကို ကမ်းလှမ်းမှု ပြုလုပ် ခဲ့ပေမယ့် ပယ်ချ ခံခဲ့ရတယ်လို့ ဆိုပါတယ် ။

SM