ဂရင်းဝုဒ် နဲ့ ပတ်သက်လို့ ရန်းဂနစ်ကို သတိပေးစကား ပြောကြားလိုက်တဲ့ ပေါလ် စခိုးလ်

ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ် ကတော့ တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ်ကို ကစားစေလိုတဲ့ နေရာမှာ မကစားစေပဲ နေရာပြောင်းရွှေ့ ကစားစေနေခဲ့တဲ့ လက်ရှိ ယာယီနည်းပြ ရဲ့လ်ဖ် ရန်းဂနစ် ကို ဝေဖန်ထိုးနှက် သွားခဲ့လိုက် ပါတယ် ။

လက်ရှိ ဘောလုံး ရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ ခရစ္စတီယာနို ရော်နယ်ဒို က တိုက်စစ်မှူး အဖြစ် ကစားခွင့်တွေ ပိုင်ဆိုင််နေခဲ့ချိန် မေဆွန် ဂရင်းဝုဒ်ဟာ ညာ တောင်ပံ တိုက်စစ် ကစားသမား အဖြစ်နဲ့သာ ပိုကစားခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ အက်စတွန်ဗီလာ အသင်းကို 1 – 0 ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာလည််း ရော်နယ်ဒို မပါဝင်ခဲ့ချိန် ဂရင်းဝုဒ်ဟာ တောင်ပံ တိုက််စစ် ကစားသမား အဖြစ်သာ ကစားခဲ့ရပြီး ကာဗာနီ က တိုက််စစ်မှူး အဖြစ် ပွဲထွက်သွားခဲ့ပါတယ် ။

ဒါ့ကြောင့် ပွဲထွက် ကစားခွင့်တွေ လျော့ချခဲ့သလို ကစားခွင့် ပေးခဲ့တဲ့ အချိန်တွေမှာလည်း ညာတောင်ပံ တိုက်စစ် ကစားသမား အဖြစ်နဲ့သာ ပွဲထုတ် ကစားစေခဲ့တဲ့ နည်းပြ ရဲ့လ်ဖ် ရန်းဂနစ်ရဲ့ လုပ်ဆောင်ချက်အပေါ် ပေါလ် စခိုးလ် က ဝေဖန် ထိုးနှက်ခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” မေဆွန် ဂရင်းဝုဒ်က အရမ်းတော်တဲ့ ကစားသမား တစ်ဦးပါ ။ သူဟာ အလားအလာ ကောင်းလှတဲ့ ​ကောင်လေး တစ်ဦးပါပဲ ။ ဒါပေမဲ့ မန်နေဂျာ ကတော့ သူ့ကို အမြဲလိုပဲ တောင်ပံ တိုက်စစ် နေရာမှာ ပွဲထွက် ကစားစေခဲ့ပြီး ခြေစွမ်းမပြနိုင်တဲ့ သူဟာ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပါတယ် ”

” သူဟာ လူငယ် ကစားသမားတစ်ဦး ဖြစ်တဲ့အတွက် ဒီနေရာမှာ ကစားတဲ့အခါ ပြိုင်ဖက်တွေဖက်မှ ပစ်မှတ်ထား ကစားဖို့ လွယ်ကူသူ ဖြစ်ခဲ့ရပါတယ် ။ သူ့ အနေနဲ့ ဒီလို အသင််းမှာ အထောင် တိုက်စစ်မှူး အဖြစ် ပွဲထွက် ကစားခွင့်တွေ ရရှိနေသင့်ပါတယ် ”

” ရော်နယ်ဒို နဲ့ ကာဗာနီ တို့က တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားတွေပါ ။ သူတို့ရဲ့ ကစားသမား ဘဝအတွင်း ဒါကို ပြသခဲ့ပြီးသားပါ ။ အသက် 37 နှစ် နဲ့ အသက် 34 နှစ် ကစားသမားတွေက အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်နေကြတယ် ဆိုတာက အသင်း ဘယ်လို အနေအထားမှာ ရှိနေသလဲဆိုတာကို ဖော်ပြနေခြင်းပါပဲ ”

” ဂရင်းဝုဒ် တော့ အခုအချိန် ကစားခွင့်တွေ ရသင့်သလို အနာဂတ် မှာလည်း ကစားခွင့်တွေ ရရှိသင့်ပါတယ် ။ သူဟာ အရမ်းကို ပါရမီကောင်းတဲ့ ကစားသမား တစ်ဦးမို့ပါပဲ ။ ဒါပေမဲ့ သူ့ကို ကြည့်ရှုခဲ့ရတဲ့ အခါတိုင်းမှာ ကျွန်တော် စိတ်ပျက်ခဲ့ရပါတယ် ”

” ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် အမြင်မှာ သူဟာ ပွဲထွက် ကစားခွင့်တွေ ရရှိသင့်တဲ့ ကစားသမားကောင်း တစ်ဦး ဖြစ်နေခဲ့လို့ ပါပဲ ။ အခုအထိတော့ သူဟာ ကစားသင့်တဲ့ နေရာမှာ လုံလောက်တဲ့ ပွဲထွက်ခွင့်တွေ မပိုင်ဆိုင်ခဲ့သေးပါဘူး ”

” သူဟာ တောင်ပံ တိုက်စစ် နေရာမှာ ပုံစံကောင်း ပြနိုင်ဖို့ အခက်တွေ့ နေခဲ့ရပါတယ် ။ တကယ်တော့ ဒီကောင်လေးက အထောင်တိုက်စစ်မှူး တစ်ဦး ဖြစ်သင့်သူ ပါပဲ ။ သူက အသင်းအတွက် ဂိုးတွေ သွင်းယူပေးနိုင်ပါတယ် ။ ဒီအတွက်် သံသယ ဖြစ်စရာ အကြောင်းမရှိပါဘူး ” လို့ ပေါလ် စခိုးလ် က ဝေဖန် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar