ဂန်းနား နဲ့ ဗလာဟိုဗစ် တို့ရဲ့နောက်ဆုံး အခြေအနေနဲ့ အခြား အာဆင်နယ် သတင်းတိုများ

၁ ။Evening Standard က အာဆင်နယ် အသင်းဟာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို ပေါင် ၅၈ သန်း ဝန်းကျင် နဲ့ ခေါ်ယူဖို့ ပြင်ဆင် နေပြီး ၊ အပြောင်းအရွှေ့ အတွက် ဆွေးနွေး စကားပြောဆိုနိုင်ဖို့ ကြိုးပမ်း လုပ်ဆောင် နေတယ်လို့ ဖော်ပြ လိုက်ပါတယ် ။

၂ ။ အာဆင်နယ် အသင်း ရဲ့ နည်းစနစ် ဒါရိုက်တာ အီဒူး ဟာ လိုင်လီ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ် ရဲ့အေးဂျင် နဲ့ ဆွေးနွေး စကားပြောဆိုမှု ရှိခဲ့တယ်လို့ သိရပြီး ဂန်းနားတို့ဟာ ဂျိုနသန် ဒေးဗစ် ကို နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားထားတယ်လို့ သိရပါတယ် ။

၃ ။ မစ်ဒယ်ဘရော့ အသင်းဟာ ဒီကနေ့မှာ အာဆင်နယ် အသင်း လူငယ် တိုက်စစ်မှူး ဘာလိုဂန် ကို အငှား နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာ သွားဖို့ ရှိနေပါတယ် ။ မစ်ဒယ်ဘရော့ အသင်းဟာ ဘာလိုဂန် အတွက် အငှားကြေး ပေါင် ၁ သန်း နဲ့ လစာ ၁၅% ကို ပေးချေ သွားမှာ ဖြစ်ပါတယ် ။

၄ ။ အာဆင်နယ် ၊ လိုင်လီ ၊ မိုနာကို အသင်း တို့ဟာ ပါမီးရက်စ် ကွင်းလယ်လူ ဒန်နီလို ကို စိတ်ဝင်စားတာကြောင့် ချိတ်ဆက် စုံစမ်းနေပြီး ကမ်းလှမ်းမှုတော့ မလုပ်ကြသေးဘူးလို့ သိရပါတယ် ။ ပါမီးရက်စ် အသင်းကတော့ ကလပ် ကမ္ဘာ့ဖလား ရှိနေတာကြောင့် ဒန်နီလို နဲ့ ပတ်သက်ပြီး ဒီကာလမှာ ဆွေးနွေးပြောဆိုဖို့ အစီအစဉ် မရှိဘဲ နွေရာသီ မှသာ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ် ။

၅ ။ နယူးကာဆယ် အသင်း တိုက်စစ်မှူးဟောင်း အလန်ရှီးယား ရဲ့ ပရီးမီးယားလိဂ် ရာသီဝက် အကောင်းဆုံး အသင်းမှာ အာဆင်နယ် အသင်း ဂိုးသမား ရမ်စ်ဒဲလ် ပါဝင် နေပါတယ် ။ ရမ်စ်ဒဲလ် ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ၁၇ ပွဲကစား ၊ Clean-Sheet ၉ ကြိမ် ရယူ ထားနိုင်ပါတယ် ။

၆ ။ ဒီတစ်ပတ်မှာ ကစားမယ့် တော့တင်ဟမ် နဲ့ အာဆင်နယ် အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲကို ဒိုင်လူကြီး Chris Kavanagh တာဝန်ယူသွားမှာ ဖြစ်ပြီး VAR ကိုတော့ John Brooks က တာဝန်ယူသွားမှာ ဖြစ်ပါတယ် ။

၇ ။ အာဆင်နယ် အသင်း နဲ့ ရာသီကုန်ရင် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လူငယ် တိုက်စစ်မှူး အန်ခီတီးယား ကို ခေါ်ယူဖို့ ခရစ္စတယ်ပဲလေစ့် အသင်းဟာ ဆွေးနွေး ပြောဆို နေတယ်လို့ The Times က ဖော်ပြ လိုက်ပါတယ် ။

၈ ။ ကြာသပတေး နေ့မှာ ကစားမယ့် လီဗာပူး အသင်းနဲ့ ခါရာဘောင်း ဖလားပွဲမှာ စမစ်ရို ၊ ဂါဘရီယဲလ် နဲ့ တိုမီယာစု တို့ သုံးဦးစလုံး ပြန်လည် ပါဝင် နိုင်မှာ ဖြစ်တယ်လို့ Football London က ဆိုပါတယ် ။

SM