ကစားသမား အလဲအထပ် လုပ်ဆောင်ဖို့ စိတ်ဝင်စားနေကြတဲ့ ယူနိုက်တက် နဲ့ ဘာစီလိုနာ

ယနေ့ ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ်အရ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းတို့ဟာ တောင်ပံတိုက််စစ် ကစားသမားတွေ ဖြစ်တဲ့ အန်သိုနီ မာရှယ် နဲ့ အူစမာနီ ဒမ်ဘီလီ တို့ကို အလဲအထပ် လုပ်ဆောင်ဖို့ စိတ်ဝင်စားနေကြတယ်လို့ သိလိုက်ရပါတယ် ။

လက်ရှိ အချိန် သက်ဆိုင်ရာ အသင်းတွေမှာ ပွဲထွက်ခွင့်တွေ ဆုံးရှုံးနေကြတဲ့ ပြင်သစ် လက်ရွေးစင် ကစားသမား နှစ်ဦးဟာ လက်ရှိ ဆောင်းရာသီ ကြားဖြတ် စျေးကွက်မှာ အသင်း ပြောင်းရွှေ့ဖို့ တွေးတောနေကြတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ် ။

ဒီသတင်းကို လူမှုကွန်ယက် အထက် သယ်ဆောင်လာခဲ့တာကတော့ Diario ARA သတင်း ဌာနက ဖြစ်ပြီး အခုလို ကစားသမား အလဲအထပ် လုပ်ဆောင်ဖို့ အတွက် ဘာစီလိုနာ အသင်းက စိတ်ဝင်စားနေသလို မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။

အူစမာနီ ဒမ်ဘီလီဟာ ဒီရာသီ အကုန်မှာ ဘာစီလိုနာ အသင််းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပြီး အခုထိ အသင်းနဲ့ စာချုပ် သက်တမ်း တိုးမြှင့်နိုင်ခြင်း မရှိသေးပဲ ကြန့်ကြာနေဆဲ ဖြစ်နေခဲ့ပါတယ် ။ ဒါ့ကြောင့် ဘာစီလိုနာ အသင်းက ကစားသမားကို ရောင်းချဖို့ (သို့) ကစားသမား အလဲအထပ် လုပ်ဖို့ စိတ်ပါနေခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ်ဟာ ပြီးခဲ့တဲ့ ရာသီကနေ အခုထိ ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်ရမှု ၊ အသင်းမှာ ရော်နယ်ဒို ၊ ဆန်ချို ၊ ကာဗာနီ တို့ ရှိနေမှုတွေကြောင့် ပွဲကစားခွင့် ပျောက်ဆုံးနေခဲ့ရပါတယ် ။

လက်ရှိ ရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ တိုက်စစ်ပိုင်းမှာ ရော်နယ်ဒို ၊ ဆန်ချို ၊ ဂရင်းဝုဒ် နဲ့ ရပ်ရှ်ဖို့ တို့က ဦးစားပေး အဖြစ် ကစားခွင့် ရရှိခဲ့ကြပြီး ကာဗာနီ ဟာလည်း ကြံ့ခိုင်မှု ပြည့်ဝ ကောင်းမွန်တဲ့ အချိန်တွေမှာ ပွဲကစားခွင့်တွေ ရရှိနေခဲ့ ပါတယ် ။

မာရှယ်ကတော့ ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေခဲ့ရ သလို လူစားဝင် ကစားခွင့်တွေပါ ဆုံးရှုံးနေခဲ့ရတာကြောင့် အသင်းမှာ ဆက်ရှိဖို့ထက် ထွက်ခွာသွားဖို့ အားသန်လာခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ စပိန်ကလပ် ဆီဗီလာ အသင်းက သူ့ကို အငှား ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိနေခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် ကလည်း ဝုလ်ဗ် နဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ မာရှယ်ဟာ အသင််းပြောင်းလိုကြောင်း ၊ ဒါပေမဲ့ သူ့ဖက်ကနေ ရှင်းပြစရာ ရှိတာတွေကို ရှင်းပြခဲ့ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

” မနေ့က ကျွန်တော်နဲ့ မာရှယ်တို့ စကားတွေ အကြာကြီး ပြောဖြစ်ခဲ့ကြပါသေးတယ် ။ သူကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နေခဲ့တာ 7 နှစ်လောက် ရှိနေပြီ ၊ အခု အချိန်က အပြောင်းအလဲ လုပ်ဖို့ အချိန်ကျရောက်ပြီ လို့ ပြောဆိုခဲ့ပါသေးတယ် ”

” ကျွန်တော်ကလည်း ‘ နားထောင် ၊ အသင်း တစ်သင်းသင်းက သူ့အပေါ် စိတ်ဝင်စားမှု မပြသရွေ့..’ သူ တစ်ဦးထဲ အသင်းပြောင်းချင်ရုံနဲ့ အဆင်မပြေသေးပါဘူး ။ သူ့ကို စိတ်ဝင်စားတဲ့ အသင်းလည်း ရှိနေဖို့ လိုအပ်ပါသေးတယ် ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ လက်ရှိ အနေအထားအရတော့ ကစားသမား အလဲအထပ် လုပ်ခြင်းက နှစ်ဖက် အသင်းအတွက် အကျိုးယုတ်သွားဖို့ ရှိမနေတာကြောင့် ဒီအပြောင််းအရွှေ့ကို လက်ရှိ ဇန်နဝါရီ စျေးကွက်မှာ မြင်တွေ့ကောင််း မြင်တွေ့နိုင်ဖွယ် ရှိနေပါတယ် ။

#Sports_Myanmar