#GoodNews: အသင်းနဲ့ အတူ ပြန်လည် ပူးပေါင်းနိုင်ခဲ့ပြီ ဖြစ်တဲ့ ဗန်ဒိုက် ၊ ဖာဘင်ဟို နဲ့ ကာတစ်ဂျုံး

ကိုဗစ် ပြဿနာကြောင့် သီးခြား ကွာရာတင်း ဝင်နေရတဲ့ လီဗာပူး ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက် ၊ ဖာဘင်ဟို ၊ ကာတစ် ဂျုံး တို့ဟာ နောက်ဆုံး ဆေးစစ်ချက် ရလာဒ်တွေ အရ အားလုံး ပြန်ကောင်းသွားပြီ ဖြစ်လို့ အသင်းနဲ့ အတူ ပြန်လည် ပူးပေါင်း လေ့ကျင့်တော့မှာ ဖြစ်ပါတယ်။

သူတို့ ဟာ ဒီဇင်ဘာလ 16 ရက်နေ့မှာ ကစားခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲ မတိုင်မှီ မှာ ကိုဗစ် ပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပြီး ၊ ဗြိတိန် အစိုးရရဲ့ ပေါ်လစီ တွေ အရ 7 ရက် ကွာရာတင်း ဝင်လိုက်ရပါတယ်။

ဒါ့အပြင် 6 ရက်မြှောက် နဲ့ 7 မြောက်တွေ မှာသာ ဆေးစစ်ချက် ရလာဒ် အရ Negative ထွက်မှသာ အပြင်ကို ပြန်ထွက်ခွင့်ပေးထားပါတယ်။ လက်ရှိမှာတော့ သူတို့ 3 ယောက်စလုံး ရဲ့ အဖြေတွေ အားလုံးက Negative ဖြစ်သွားခဲ့လို့ ကာဘီ က လေ့ကျင့်ရေးကွင်းဆီမှာ ရောက်ရှိနေကြပါပြီ။

မကြာခင် က ထုတ်ပြန်လိုက်တဲ့ အသင်းလိုက် ရိုတ်ကူးထားတဲ့ ခရစ္စမတ် ဓါတ်ပုံမှာလဲ သုံးယောက် စလုံး ပါဝင် ပူးပေါင်းနိုင်ခဲ့ပါတယ်။

လီဗာပူး ဟာ ဒီတစ်ပတ်မှာ ကစားရမယ့် လိဒ် ယူနိုက်တက် နဲ့ ပွဲစဉ်ကိုတော့ ကစားရမှာ မဟုတ်ပဲ ဒီဇင်ဘာလ 28 ရက်နေ့မှာ လက်စတာ အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီညမှာ ပြုလုပ်မယ့် လေ့ကျင်းခန်း အစီအစဉ်တွေမှာ ကိုဗစ် ကနေ နိုးထလာတဲ့ ကစားသမား သုံးယောက်စလုံး ပြန်လည် ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပြီး ၊ လက်စတာ နဲ့ ပွဲမှာတော့ အဓိက အားကိုးရတဲ့ ကစားသမား နှစ်ယောက် ဖြစ်တဲ့ ဖာဘင်ဟို ၊ ဗန်ဒိုက် တို့ နှစ်ယောက် စလုံးဟာ ပွဲထွက် ကစားသမား စာရင်းကနေတောင် ပါဝင်လာဖွယ် ရှိနေပါတယ်။

တီယာဂို ကတော့ အခုထိ ကွာရာတင်း ဝင်နေရဆဲပါ။

ဒီညနေ ထုတ်ပြန်လိုက်တဲ့ အသင်းလိုက် ဓါတ်ပုံမှာ ဂိုးမက်ဇ် ၊ ကီတာ ၊ မေလ်နာ တို့တော့ ပါဝင်လာခြင်း မရှိပဲ ၊ ဘယ်လို အကြောင်းမျိုးကြောင့် ဆိုတဲ့ သတင်းမျိုးတွေ တိတိကျကျ ထွက်ပေါ်ထားခြင်း မရှိပါဘူး။ အသင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကတော့ လက်စတာ နဲ့ ပွဲမှာ ကစားထားရတဲ့ အတွက် နားရက်ပေးထားတာ (သို့) Recovery ပိုင်း အတွက် လုပ်ဆောင်နေတာမျိုးလဲ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဟာဗေး အယ်လီယော့ ကတော့ ဇန်နဝါရီ ကာလ ရောက်မှ အသင်းနဲ့ အတူ လေ့ကျင့်ခန်းတွေ ပြန်လည် လုပ်ဆောင်လာဖွယ် ရှိနေပြီး ၊ အိုရီဂီ ၊ အန်ဒီယန် နဲ့ ဖီးလစ် တို့ဟာ ဒဏ်ရာ ပြသနာ ကိုယ်စီကြောင့် အနားယူနေကြရဆဲ ဖြစ်ပါတယ်။

 

SPORTS MYANMAR