#Confirm: မူလ စီစဉ်ထားတဲ့ အတိုင်း အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲကို ကျင်းပသွားမည်!!

အာဖရိက ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ မော်စီပီ ကိုယ်တိုင်က ကင်မရွန်း မှာ ကျင်းပမယ့် အာဖရိက နိုင်ငံများ ဖလားပြိုင်ပွဲကို သတ်မှတ်ရက် အတိုင်း ကျင်းပသွားမှာ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

မော်စီပိ နဲ့ ကင်မရွန် သမ္မတ ပေါလ် ဘိုင်ယာ တို့အကြား ကိုဗစ် ဆိုင်ရာ ပျံ့နှံ့မှု အန္တရာယ် ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ ဆိုတဲ့ အပေါ် အရေးပေါ် အစည်းအဝေး လုပ်ဆောင်ခဲ့ပြီးနောက် အခုလို တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အာဖရိက နိုင်ငံများ ဖလား ဘောလုံးပြိုင်ပွဲဟာ 2 နှစ် တကြိမ် ကျင်းပတဲ့ ပြိုင်ပွဲမျိုး ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ကိုဗစ် ဆိုင်ရာ ထိန်းချုပ်မှု အားနည်းတဲ့ ကိစ္စရပ်တွေကြောင့် ရွေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက်တွေ နဲ့ တွေ့ဆုံချိန်မှာ မော်စီပီ က “ ကျနော် ကိုယ်တိုင် ကင်မရွန်း ကို ဇန်နဝါရီ လ 7 ရက်နေ့မှာ ရောက်လာမှာပါ။ ပြီးရင် 9 ရက်နေ့မှာ ယှဉ်ပြိုင် ကစားမယ့် ကင်မရွန်း နဲ့ ဘာကီနာ ဖာဆို တို့ရဲ့ အဖွင့်ပွဲစဉ်ကိုလဲ တက်ရောက် အားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုဖလားကြီးကို လွှဲပြောင်း ပေးအပ်ချိန်မှာလဲ ဘေးနားမှာ ဝန်ရံပေးသွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဥရောပ ဘောလုံးကလပ်များ အစည်းအရုံး ECA ကတော့ အာဖရိက မှာ ဗိုင်းရပ် ပျံ့နှံ့မှုနှုန်း မြင့်မားနေတဲ့ အချက်ကြောင့် သူတို့ ရဲ့ ကစားသမားတွေ စေလွှတ်ရမယ့် အပေါ် စိုးရိမ်မှုတွေ ရှိနေကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုထားပါတယ်။

သို့သော် မော်စီပီ ကတော့ ဗိုင်းရပ် ကိစ္စကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်လို့ ကတိပေးခဲ့ပြီး ၊ PCR Tests မှာ Negative ပြသမှသာ ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုခွင့်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ က စိန်ခေါ်မှုတွေ ၊ ရင်ဆိုင်လာရနိုင်တဲ့ ပြသနာတွေကို အမြဲတမ်း ကြိုတင် ရှာဖွေ လျှက်ရှိနေပါတယ်။ ဒါက ပြသနာတွေ ဖြစ်လာရင် ဘယ်လို ရင်ဆိုင် ဖြတ်ကျော်ရမလဲ ဆိုတာ ပြင်ဆင်ထားနိုင်ဖို့ အတွက်ပါ။ ဒီ အခက်ခဲတွေကို ကျော်လွှားသွားနိုင်လိမ့်မယ်လို့လဲ ယုံကြည်မှု အပြည့် ရှိနေပါတယ်။

PCR Test မှာ Negative ရလာဒ် မပြပဲ နဲ့ ဘယ်သူမှ ကွင်းထဲကို ဝင်ရောက်ကြည့်ရှုခွင့် ရမှာ မဟုတ်ပါဘူး။ ပြီးရင် ပရိသတ်တွေ အတွက်လဲ လုံခြုံမှု အပြည့်ရှိစေဖို့ စီစဉ်သွားမှာပါ။ Fake Negative ပြသနာတွေ ပေါ်လာနိုင်တဲ့ အတွက်လဲ ကြိုတင် စဉ်းစားထားတာတွေ ရှိပါတယ်။

ဒါကြောင့် အာဖရိကန်တွေလဲ ဒီလို ပွဲမျိုးကို အောင်အောင်မြင်မြင် နဲ့ ကျင်းပနိုင်တယ် ဆိုတဲ့ ယုံကြည်မှုတွေကို ပြသသွားမှာပါ” လို့ ဆက်လက် ပြောဆိုသွားခဲ့ ပါတယ်။

ပြီးခဲ့တဲ့ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲမှာတော့ အယ်လ်ဂျီးရီးယား အသင်းက အနိုင်ရ ဗိုလ်စွဲ ထားခဲ့ပါတယ်။

အာဖရိက နိုင်ငံများ ဖလား အကြောင်း သိကောင်း စရာများ –

အုပ်စု A – ကင်မရွန်း ၊ ဘာကီနာ ဖာဆို ၊ ကိတ် ဗာဒီ ကျွန်းစု ၊ အီသီယိုးပီးယား
အုပ်စု B – ဂွီနီယာ ၊ မာလာဝီ ၊ ဆီနီဂေါ ၊ ဇင်ဘာဘွေ
အုပ်စု C – ကိုမိုရော့ ကျွန်းစု ၊ ဂါဘွန် ၊ ဂါနာ ၊ မော်ရိုကို
အုပ်စု D – အီဂျစ် ၊ ဂွီနီယာ ဘစ်ဆာအူ ၊ နိုက်ဂျီးရီးယား ၊ ဆူဒန်
အုပ်စု E – အယ်လ်ဂျီးရီးယား ၊ အက်ကွီတိုရီရယ် ဂွီနီယာ ၊ အိုင်ဗရီ ကို့စ် ၊ ဆီယာ လီယွန်
အုပ်စု F – ဂမ်ဘီယာ ၊ မာလီ ၊ မော်ရီတေးနီးယား ၊ တူနီးရှား

ဇန်နဝါရီ 9 – အုပ်စုပွဲ စ
ဇန်နဝါရီ 20 – အုပ်စုပွဲ ဆုံး
ဇန်နဝါရီ 23/26 – 16 သင်း ရှုံးထွက်
ဇန်နဝါရီ 29/30 – ကွာတား ဖိုင်နယ်
ဖေဖော်ဝါရီ 2/3 – ဆီးမီး ဖိုင်နယ်
ဖေဖော်ဝါရီ 6 – ဗိုလ်လုပွဲ + တတိယ နေရာ လုပွဲ

SM