2021 ရဲ့ နောက်ဆုံး ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေကြတဲ့ ယူနိုက်တက် ကစားသမား 3 ဦး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 ခုနှစ်ရဲ့ နောက်ဆုံးပိတ် ပွဲစဉ်အဖြစ် ဒီတစ်ပါတ်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဘန်လေ အသင်းကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ် ။ ယူနိုက်တက်တို့ 2021 ကို ဘယ်လို ပိတ်သိမ်းမလဲ ဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

ယူနိုက်တက်တို့ဟာ မနေ့ကပဲ စိန့်ဂျိမ်းစ် ပါ့ခ် ကွင်းထဲမှာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရသေးပြီး ဒေးဗစ် ဒီဂီယာရဲ့ လက်စွမ်းပြမှု ၊ ကာဗာနီ ရဲ့ ပွဲချိန် 71 မိနစ်မှ သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ သရေ တစ်မှတ်ကို ခက်ခက်ခဲခဲ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါဟာ ယူနိုက်တက် အတွက်တော့ ကိုဗစ်ဒဏ် ခံစားပြီး 16 ရက် အကြာမှ ဂိုးပြတ်တွေ ရှုံးနိမ့်နေခဲ့တဲ့ အသင်းကို ရင်ဆိုင်ရတာ ဖြစ်ခဲ့တဲ့ အတွက် ပရိသတ်တွေဟာ ဒီပွဲမှာ ရလဒ်ကောင်းဖို့ အတော်လေး မျှော်လင့်ချက် ထားရှိခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ လက်တွေ့မှာတော့ နယူးကာဆယ် အသင်းဖက်ကပဲ ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ရင်းနဲ့ ဧည့်သည် အသင်းနဲ့ ပရိသတ်တွေကို စိတ်ဒုက္ခတွေ ပေးဆောင် သွားခဲ့တာပဲ ဖြစ်ပါတယ် ။ ထို့အတူ ယူနိုက်တက်တို့လည်း အမှတ် 2 မှတ်ထိ လျှော့ခဲ့ကြရပါတယ် ။

အခုတော့ ယူနိုက်တက် တို့ဟာ ဒီဇင်ဘာ 31 ရက်နေ့ရဲ့ မနက်ပိုင်း အစောချိန်မှာ ဘန်လေ အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဧည့်ခံ ကစားသွားကြဖို့ ရှိနေပါတယ် ။ ဒါပေမဲ့ ဒီပွဲမှာတော့ ကိုဗစ် ပေါ့စတစ် ဖြစ်နေတဲ့ ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ် ပါဝင် နိုင်ဦးမှာ မဟုတ်သေးပါဘူး ။

အခြားတဖက်မှာတော့ ယူနိုက်တက် အသင်းဆီ ပြောင်းလာကတည်းက ပုံစံကောင်းတွေ ဆက်တိုက် ပြထားနိုင်ခဲ့ပေမဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ ရုန်းကန်နေခဲ့ရတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာလည်း ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိလိုက်ရပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ဘရူနို ဖာနန်ဒက်စ်ဟာ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ အဝါကဒ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝါကဒ် ငါးကဒ် ပြည့်မြောက်သွားလို့ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် သူဟာ တစ်ပွဲပယ် ပြစ်ဒဏ်ကို ခံစားသွားရမှာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ကာလရှည် ဒဏ်ရာ ပြသနာ ကြုံတွေ့နေခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာလည်း ဒီပွဲအမီ ပြန်လာနိုင်ဦးမှာ မဟုတ်သေးဘူးလို့ သိလိုက်ရပါတယ် ။ ဒါ့ကြောင့် ဘရူနို ရော ၊ ပေါ့ဂ်ဘာ ပါ မပါဝင်နိုင်မယ့် ပွဲမှာ ယူနိုက်တက် ကွင်းလယ်ထဲ ဘယ်သူ နေရာယူမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

လက်ရှိ အခြေအနေမှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဂျက်စီ လင်ဂတ်ဟာ ပွဲထွက်ခွင့် ရနိုင်ဖို့ အခွင့်အလမ်းသာနေပြီလို့ ဆိုရပါ့မယ် ။ ဒါ့အပြင် ကာဗာနီ နဲ့ ဗာရန်း တို့ ပြန်လည် ပါဝင်နိုင်ခဲ့ပြီ ဖြစ်တဲ့ 2021 နှစ်အကုန် ပွဲစဉ်မှာ ယူနိုက်တက်တို့ ပိုကောင်းလာနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

#Sports_Myanmar