၁၅ ရက်ကြာမှ ပြန်မြင်ရတဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ နယူးကာဆယ်ပွဲကြို သုံးသပ်ခန့်မှန်းချက် နဲ့ ဖြစ်နိုင်ဖွယ် လူစာရင်

ဒီဇင်ဘာ ၁၂ ရက်နေ့ က နောဝှစ်ချ် စီးတီး နဲ့ ပွဲဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ၂၀၂၁ ခုနှစ် အတွင်း နောက်ဆုံး ကစားရတဲ့ ပွဲ ဖြစ်ဖို့ အတော်လေး နီးစပ် သွားခဲ့ ပါတယ် ။

 

အဲ့ဒိပွဲ အပြီးမှာ အသင်းက ဝန်ထမ်း နဲ့ ကစားသမား အချို့ ကိုဗစ် ကူးစက် ခံခဲ့ ရတာကြောင့် ပွဲစဉ် ၂ ပွဲထိ ရွှေ့ဆိုင်း ခဲ့ရပြီး ဘောက်ဆင်ဒေး ကာလမှာတော့ ပြန်လည် ကစားဖို့ အဆင်သင့် ဖြစ်လာခဲ့ ပါပြီ ။

 

ယူနိုက်တက် ဟာ ဒီကနေ့ည ( မနက်ဖြန် နံနက် မြန်မာစံတော်ချိန် ၂း၃၀ နာရီ ) မှာ နယူးကာဆယ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကို ယှဉ်ပြိုင် ကစား ရတော့မှာပါ ။

ယူနိုက်တက် ပရိသတ်တွေ ကတော့ ဒီပွဲကို ရိုနယ်ဒို ရဲ့ တကျော့ပြန် ပွဲစဉ် အဖြစ် မှတ်မိ နေကြဦးမှာပါ ။

 

ယူဗင်တပ် ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ကို ပြန်ပြောင်း လာခဲ့တဲ့ ရိုနယ်ဒို ဟာ နယူးကာဆယ် နဲ့ ကစားတဲ့ ပွဲမှာ စတင် ပါဝင် ခဲ့ပြီး ကိုယ်တိုင် ၂ ဂိုးသွင်းကာ နိုင်ပွဲကို ဖော်ဆောင် ပေးခဲ့ ပါတယ် ။

 

၃၆ နှစ်သားကြီးဟာ အဆိုပါ အချိန်ကစပြီး ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် မှာ ၆ ဂိုး ၊ ချန်ပီယံလိဂ် မှာ ၆ ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

 

 

ဒီညမှာလည်း ယူနိုက်တက် ဟာ ၁၃ ရက်ကျော် အနားရထားတဲ့ ကစားသမားတွေ နဲ့ အတူ နယူးကာဆယ် ကို အင်အား အပြည့်နဲ့ ထွက်ခွာ သွားခဲ့ ပါပြီ ။

 

ဒီအထဲမှာ ကိုဗစ် ကနေ ပြန်လည် သက်သာလာသူတွေပါ ပါဝင်လာ နိုင်တယ်လို့လည်း ယူဆ ရပါတယ် ။

 

ယူနိုက်တက် ဟာ ၁၆ ပွဲ ကစားထားပြီး ၂၇ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေကာ ဒီညပွဲကို နိုင်ခဲ့ရင်တော့ ရမှတ် ၃၀ နဲ့ အဆင့် ၅ နေရာအထိ တက်လှမ်း နိုင်မှာပဲ ဖြစ်ပါတယ် ။

 

 

နယူးကာဆယ် ကို ထွက်ခွာ သွားတဲ့ လူစာရင်းအရ ဒဏ်ရာကြောင့် နိုဝင်ဘာ ပွဲတွေကို လွဲခဲ့ ကြတဲ့ ကာဗာနီ နဲ့ ရာဖေး ဗာရန်း တို့လည်း ပါဝင် သွားခဲ့တာကို တွေ့မြင် ခဲ့ရ ပါတယ် ။

 

မန်ချက်စတာ ညနေခင်း သတင်းဌာန က တော့ နည်းပြသစ် ရန်းနစ် ဟာ သူပိုင်နိုင်တဲ့ ( ရှေ့ပွဲတွေမှာလည်း သုံးထားခဲ့တဲ့ ) ၄-၂-၂-၂ ကစားကွက် ကို ဒီညမှာ ထပ်မံ အသုံးပြု ဦးမှာ ဖြစ်ပြီး ပွဲထွက် ကစားရမယ့် လူစာရင်း ကိုလည်း အတော်များများ သဘောတူ ခဲ့ကြပါတယ် ။

 

 

 

အဲ့ဒိ လူစာရင်း ကတော့ –

 

ဒီဂီယာ

 

ဒါးလော့ ၊ မက်ဂွဲယား ၊ ဗာရန်း ၊ တဲလက်စ်

 

တော်မီနေး ၊ ဖရက်ဒ်

 

ဆန်ချို ၊ ဖာနန်ဒက်စ်

 

ရက်ဖိုဒ့် ၊ ရိုနယ်ဒို တို့ပဲ ဖြစ်ကြပါတယ် ။

 

 

နာမည်ကျော် တင်ဆက် သုံးသပ်သူတွေ ကလည်း ဒီပွဲမှာ ယူနိုက်တက် ဘက်ကနေ အတော်များများ ရှိနေကြ ပါတယ် ။

 

သူတို့တွေ ဘယ်လို ခန့်မှန်း ထားခဲ့ကြသလဲ ဆိုတာ ကတော့ –

 

 

 

“နယူးကာဆယ် က အမှတ်တွေ အသည်းအသန်လိုနေ ပါတယ် ၊ ဒါပေမယ့် သူတို့ ခံစစ်ပိုင်းက ယိုယွင်းပြီး ဂိုးတွေ ပေးနေရတုန်းပါပဲ ။ ယူနိုက်တက် သာ ဒါကို သေချာ အာရုံစိုက် ကစားမယ်ဆိုရင် အခွင့်ကောင်း ရယူနိုင်မှာပါ ။ ရာသီအကုန်မှာ အဆင့် ၄ ရချင်တယ် ဆိုရင်တော့ ဒီလိုပွဲမျိုးကို အမှတ်ရအောင် ယူရမှာပါပဲ”

– ဘာဘာတော့ ( ခန့်မှန်းချက် – နယူးကာဆယ် ၁ – ၃ မန်ယူနိုက်ကတ် )

 

 

 

“ပြီးခဲ့တဲ့ အပတ်တုန်းက နယူးကာဆယ် ကစားတာ ကောင်းခဲ့ပါတယ် ။ ဒီပွဲမှာ ဂိုးသာ စောစော မပေးရဘူး ဆိုရင် ယူနိုက်တက် ဆီက ခရစ္စမတ် လက်ဆောင်တွေ ရကောင်း ရနိုင်မှာပါ ။ ကိုဗစ် ကြောင့် နားပြီး ပြန်ကစား ရတာဖြစ်လို့ ယူနိုက်တက် တို့ အပြည့်အ၀ အားထုတ် နိုင်မယ်မထင်ပါဘူး”

 

– ပေါလ်မာဆင် ( ခန့်မှန်းချက် – နယူးကာဆယ် ၁ – ၁ မန်ယူနိုက်တက် )

 

 

 

“နယူးကာဆယ် က ရုန်းကန် နေရဆဲ ပါ ၊ အထူးသဖြင့် နောက်တန်း မှာပေါ့ ။ သူတို့ တိုက်စစ်ပိုင်းက ဂိုးရဖို့ အတွက် အရမ်း စိတ်မပူရ ပေမယ် ခံစစ်ပိုင်းက တိုးတက်ဖို့ လိုပါသေးတယ် ။ အိမ်ကွင်းအားကြောင့် ဒီညမှာ သူတို့ ဂိုးရမှာပါ ၊ ဒါပေမယ့် သူတို့ နောက်တန်းကို မယုံတာကြောင့် ယူနိုက်တက် က ၂ ဂိုးလောက် ပြန်ရသွား နိုင်ပါတယ်”

– မိုက်ကယ် အိုဝင် ( ခန့်မှန်းချက် – နယူးကာဆယ် ၁-၂ မန်ချက်စတာ ယူနိုက်တက် )

 

 

 

“အက်ဒီဟောင်း က နယူးကာဆယ်ကို တိုးတက်အောင် လုပ်နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် မလုံလောက် သေးပါဘူး ။ ခုထိ ပွဲတွေ အများကြီး ရှုံးနေ တုန်းပါပဲ ။ ယူနိုက်တက် က ပွဲတွေ နားထားရပြီး လေ့ကျင့်ရေးကွင်းကိုပါ ပိတ်ထားရတာပါ ၊ ဒါပေမယ့် သီးသန့် လေ့ကျင့်မှုတွေ လုပ်ထားသလို ပြီးခဲ့တဲ့ ရက်တုန်းကလည်း အသင်းလိုက် ပြန်လေ့ကျင့် နိုင်ခဲ့ ပါပြီ ။ အခုပွဲလည်း ရှေ့က အသင်းကြီးတွေနဲ့ ကစားခဲ့တဲ့ ပွဲကလိုပဲ ဖြစ်သွားမှာပါ”

 

– မာတင်လော်ရင်ဆန် ( လော်ရိုး ) ( နယူးကာဆယ် ၀ – ၂ မန်ယူနိုက်တက် )

 

 

 

“နည်းပြသစ် ၂ ယောက်စလုံးက အသင်းတွေအပေါ် ကိုယ်စီ သက်ရောက်မှုတွေ ၊ တိုးတက်မှုတွေ ဖြစ်စေခဲ့ ပါတယ် ။ ဒီလို တိုးတက်မှုချင်း တူတူ ယူနိုက်တက် က နယူးကာဆယ် ထက် ပိုပြီး အားကောင်း လာခဲ့ပါတယ် ။ နယူးကာဆယ် ရဲ့ အကြီးဆုံး ပျော့ကွက်က ဂိုးမပေးရဘဲ မကစားနိုင်တာပါ ၊ အခုညလည်း ဒါကို ပြင်နိုင်ဦးမယ် မထင်ပါဘူး”

 

– လူးဝစ်ဂျုံးစ် ( Sky Sports ) ( နယူးကာဆယ် ၁ – ၃ မန်ယူနိုက်တက် )

 

 

 

SPORTS MYANMAR