အိုးထရက်ဖိုဒ့် က အားစမ်းပွဲ အပါအဝင် ဒီကနေ့ည ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ခန့်မှန်းချက်များ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ကတော့ ၈ ပွဲအထိ ကစားလို့ ပြီးသွားခဲ့ ပါပြီ ။

အဆင့် ၁ နေရာက ချဲလ်ဆီး အပါအဝင် လိုက်လံ ဖိအားပေး နေတဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ရော မနေ့ ညက ကစားပြီး ကိုယ်စီ နိုင်ပွဲ ရခဲ့ကြ ပါတယ် ။

အပေါ်ပိုင်း အသင်းတွေ ထဲမှာ ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ အိမ်ကွင်းမှာ ဘရိုက်တန် နဲ့ ၁ ဂိုးစီ သရေ ကျသွားပြီး အမှတ်လျော့ သွားခဲ့ရ ပါတယ် ။

တကယ်လို့ ဒီညပွဲမှာသာ အာဆင်နယ် တို့ နိုင်ခဲ့မယ် ဆိုရင် အဆင့် ၄ နေရာနဲ့ ဒီဇင်ဘာကို ကြိုဆို နိုင်မှာပါ ။

ဒီကနေ့ ညမှာတော့ တော့တင်ဟမ် ဟော့စပါး နဲ့ ဘရန့်ဖိုဒ့် ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပွဲစဉ် ၂ ပွဲ ကို ဆက်လက် ယှဉ်ပြိုင် ကစား သွားကြမှာ ဖြစ်ပါတယ် ။

ဒါကြောင့် ဒီနေ့ည ( မြန်မာ စံတော်ချိန် မနက်ဖြန် နံနက် ) မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် Sky Sports က လူးဝစ်ဂျုံးစ် ရဲ့ သုံးသပ်ချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

၁ ။ တော့တင်ဟမ် ဟော့စပါး – ဘရန့်ဖိုဒ့်

ဘွတ်ကီ ဈေးကွက် က စပါး ကို ကျွန်တော့ထက် ပိုပြီး အယုံအကြည် ရှိနေပါတယ် ။ လက်ရှိ ထွက်နေတဲ့ ကြေးတွေ အရ စပါး ဟာ ဒီပွဲ ကို အနိုင်ရဖို့ ၆၀% ရှိနေတယ် လို့ ပြောရမှာပါ ။

ဒါက အဆန်းတော့ မဟုတ်ပါဘူး ၊ Top Six စာရင်းဝင် အသင်းတသင်း နဲ့ အခုမှ တန်းတက်လာတဲ့ မျက်နှာသစ် အသင်းတွေ ဆုံတွေ့တဲ့ အခါတိုင်း လိုလိုမှာ ဘွတ်ကီတွေက အခုလိုပဲ ကြေးဖွင့် တတ်ကြပါတယ် ။

ဒါပေမယ့် ကွင်းထဲက အနေအထားကတော့ ဘွတ်ကီတွေ ကြေးဖွင့်တဲ့ အတိုင်း ဖြစ်ချင်မှ ဖြစ်တာပါ ။

စပါး က စီးမြောနိုင်စွမ်း အားနည်းနေပါတယ် ။ အန်တိုနီယို ကွန်တီ အတွက် အသင်းကို စိတ်ကြိုက် ပုံဖော် နိုင်ဖို့ ဆိုရင် အပြောင်း အရွှေ့ ၁ ခု ၂ ခု လောက် အနည်းဆုံး လိုအပ် မှာပါ ။

သရေ ရလဒ် ထွက်ပေါ်ခဲ့မယ် ဆိုရင်လည်း ကွန်တီ တယောက် စိတ်မသက်မသာ ဖြစ်ရုံကလွဲပြီး ဘာမှ တတ်နိုင်ဦးမှာ မဟုတ်ပါဘူး ။

လက်ရှိ အနေအထား အရဆိုရင် ဘရန့်ဖိုဒ့် ကတောင် စပါးထက် ပိုကောင်းနေတယ်လို့ ပြောရမှာပါပဲ ။

ခန့်မှန်းချက် – စပါး ၁ – ၁ ဘရန့်ဖိုဒ့်

 

၂ ။ မန်ချက်စတာ ယူနိုက်တက် – အာဆင်နယ်

ရပ်ဖ် ရန်းနစ် ကို ခန့်အပ် လိုက်တာဟာ မန်ချက်စတာ ယူနိုက်တက် ကို စိတ်ဓါတ်ပိုင်း ဆိုင်ရာရော နည်းစနစ်ပိုင်း မှာပါ ကောင်းမွန်တဲ့ အကျိုး သက်ရောက်မှုတွေ ရှိလာစေမှာပါ ။

ဒီညပွဲ ကိုတော့ သူ ကိုင်တွယ် နိုင်ဦးမှာ မဟုတ်ပါဘူး ၊ ဒါပေမယ့် ပွဲကြည့်ပရိသတ် အဖြစ်နဲ့ ရှိနေမှာပါ ။

ဒီည တာဝန်ရှိသူက မိုက်ကယ် ကာရစ် ပါပဲ ။ ချဲလ်ဆီး နဲ့ ပွဲတုန်းက ကာရစ် ရဲ့ ချဉ်းကပ်ပုံ မှန်ခဲ့ ပါတယ် ၊ တကယ်လို့သာ တိုက်စစ် အပြိုင်ဖွင့်ခဲ့မယ် ဆိုရင် ချဲလ်ဆီး က ၃ ဂိုးလောက်နဲ့ နိုင်သွားမှာပါ ။

မီကေး အာတီတာ ရဲ့ အာဆင်နယ် တည်ဆောက်ပုံကလည်း ခံစစ်ကို အဓိက အထိုင်ချပြီး နောက်ကနေ ရှေ့ကို သွားတဲ့ ပုံစံမျိုးနဲ့ ကစားတာပါ ။

ဒါကြောင့် ဒီညမှာ သူတပြန် ကိုယ်တပြန် တိုက်စစ်ချင်း အားပြိုင်တာမျိုးကို မြင်တွေ့ရဖို့ အလားအလာ နည်းပါတယ် ။

ဘယ်သူက အမှားလုပ် မိမလဲ ဆိုတဲ့ အပေါ်ပဲ ပွဲရလဒ်က မူတည်သွားမှာပါ ။

ဂိုးမသွင်းဘဲ ပွဲပြီးသွား နိုင်သလို သွင်းကြမယ် ဆိုရင်လည်း ချဲလ်ဆီးပွဲ တုန်းက ရလဒ်ထက် ပိုဖို့ မလွယ်ပါဘူး ။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၀ – ၀ အာဆင်နယ်

 

SPORTS MYANMAR