အာဆင်နယ်နဲ့ ပွဲစဉ်အတွက် အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အနေအထားအကြောင်း update သတင်းပေးလိုက်တဲ့ ကာရစ်

ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြ ဖြစ်သူ မိုက်ကယ် ကာရစ် က ဒီနေ့ည အာဆင်နယ် အသင်းနဲ့ ကစားရမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယား ပြန်လည် ပါဝင်လာလိမ့်မယ်လို့ အတည်ပြု ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 14 အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင် ကစားသွားရဖို့ ရှိနေပါတယ် ။ ဒါဟာ ကာရစ် အတွက်တော့ နောက်ဆုံးပွဲ ဖြစ်သွားဖို့ ရှိနေပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက် ယာယီ နည်းပြသစ် ရဲ့လ်ဖ် ရန်းဂနစ်ဟာ အင်္ဂလန်မြေကို ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ် ။ ကာရစ်ဟာ ယူနိုက်တက် နည်းပြ ဘဝ အတွင်း ဗီလာ ရီးယဲ အသင်းကို အနိုင် ၊ ချဲလ်ဆီး အသင်းကို သရေ ရအောင် ကိုင်တွယ် ထားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ်တွေထဲမှာတော့ သူဟာ ပရိသတ်တွေ ထင်မှတ် မထားကြတဲ့ ကစားသမား စာရင်းတွေကို ပွဲထုတ်ရင်းနဲ့ ကျစ်လျစ်ကောင်းမွန်တဲ့ ကစားဟန်ကို ပြသထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် အခုပွဲမှာ သူ ဘာတွေကို လုပ်ပြမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေခဲ့ရပါတယ် ။

အခုတော့ ကာရစ်က အာဆင်နယ်နဲ့ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ အသင်း ခေါင်းဆောင် မက်ဂွားယား ပြန်လာနိုင်မှာ ဖြစ်ပေမဲ့ ကစားသမား စာရင်းထဲ ဒဏ်ရာ ပြသနာတွေ ရှိနေသေးဆဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

 

” အသစ်အဆန်းရယ်လို့ ဘာမှ ရှိမနေပါဘူး ။ နှစ်တစ်ခုရဲ့ ဒီလို အချိန်မှာ အသင်းတိုင်းလိုလို ဒဏ်ရာ ပြသနာတွေ ကြုံရလေ့ ရှိတတ်ကြပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒီရက်ပိုင်းအတွင်း သူတို့တွေက ပွဲစဉ်တွေ အများကြီး ကစားပေးရလို့လေ ”

” ဟုတ်ပါတယ် ၊ ဟယ်ရီဟာ ပွဲပယ် ပြစ်ဒဏ် ရက်ပြည့်သွားတဲ့နောက် အသင်းရဲ့ ကစားသမား စာရင်းထဲ ပြန်လည် ပါဝင်လာပါလိမ့်မယ် ။ ဒါပေမဲ့ မနက်ဖြန် ပွဲအတွက်တော့ ဘယ်သူတွေ ကြံ့ခိုင်မလဲ ၊ ပြန်လည် ပါဝင်လာမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရတာပေါ့ဗျာ ” လို့ ကာရစ်က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လုခ်ရှော ၊ ရာဖေးလ် ဗာရန်း တို့ ဒဏ်ရာ အသီးသီး ရရှိနေကြပြီး မကြာမီ ပြန်လည် ပါဝင်လာနိုင်ခြေ ရှိနေကြပါတယ် ။ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာ နဲ့ ကာဗာနီ တို့ကတော့ ဆက်လက် အနားယူရဖို့ ရှိနေကြပါတယ် ။

#Sports_Myanmar